Food

စိတ်ဖိစီးမှုများပြီး စိတ်သောက ရောက်နေချိန်မှာ မစားသင့်တဲ့ အစားအစာများ

Want create site? Find Free WordPress Themes and plugins.

စိတ်ဖိစီးမှုများပြီး စိတ်သောက ရောက်နေချိန်မှာ တော်တော်များများဟာ အစား ပိုစားမိတတ်ကြသလို အစားအသောက် ပျက်တဲ့သူတွေလည်း ရှိပါတယ်။ အခုဖော်ပြပေးမယ့် အစားအစာတွေဟာဆိုရင်တော့ စိတ်ဓာတ်ကျနေချိန်၊ စိတ်ဖိစီးမှုများနေချိန်တွေမှာ စားသုံးဖို့ ရှောင်ကြဉ်သင့်တဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။

(၁) ကဖင်းဓာတ် ပါဝင်တဲ့ အရည်တွေ

ကဖင်းဓာတ် ပါဝင်တဲ့ ကော်ဖီ၊ လက်ဖက်ရည် စတဲ့အရည်တွေဟာ လူကို လန်းဆန်းတက်ကြွစေတာ မှန်ပေမယ့် စိတ်ဖိစီးမှုတွေများပြီး စိတ်ရှုပ်ထွေးနေချိန်မျိုးမှာတော့ ရှောင်ကြဉ်သင့်ပါတယ်။ ကဖင်းဓာတ်ဟာ နှလုံးခုန်နှုန်းကို မြန်စေပြီး စိတ်လှုပ်ရှားမှုကို ပိုမိုဖြစ်ပေါ်စေတာကြောင့် စိတ်ညစ်ပြီး စိတ်သောကရောက်နေချိန်မျိုးမှာ ရှောင်ကြဉ်သင့်ပါတယ်။

(၂) အယ်လ်ကိုဟော

စိတ်ညစ်တာ၊ စိတ်ဖိစီးမှုများတဲ့အခါ တော်တော်များများဟာ အယ်လ်ကိုဟော ပါဝင်တဲ့ အရည်တွေကို သောက်သုံးလေ့ ရှိကြပါတယ်။ ဆေးပညာရှင်တွေရဲ့ လေ့လာမှုအရတော့ အယ်လ်ကိုဟောဟာ စိတ်ဖိစီးမှုကို ပိုမိုမြင့်တက်စေပြီး စိတ်ညစ်တာကို ပိုမိုဆိုးရွားစေနိုင်တာကြောင့် အယ်လ်ကိုဟော သောက်သုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

(၃) သကြားပါဝင်မှုများတဲ့ အစားအစာတွေ

စိတ်ဖိစီးမှုများပြီး စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေချိန်မှာ သကြားပါဝင်မှုများတဲ့ အစားအစာတွေ စားသုံးခြင်းဟာ စိတ်ဖိစီးမှု ထိန်းချုပ် ကိုင်တွယ်နိုင်စွမ်းကို ပိုမို လျော့ကျစေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ စိတ်ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်နေချိန်မှာ အချိုများလွန်းတဲ့ အစားအစာတွေကို ရှောင်ကြဉ်သင့်ပါတယ်။

(၄) ပြုပြင်စီမံထားတဲ့ အစားအစာတွေ

အရသာရှိအောင်လို့ ပြုပြင်စီမံထားတဲ့ အစားအစာတွေ၊ ဆီကြော်မုန့်တွေဟာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုသာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုကို ပိုမိုမြင့်တက်စေပြီး ရေရှည်မှာ ဦးနှောက်ကိုလည်း ထိခိုက်စေနိုင်တာကြောင့် ဆင်ခြင်စားသုံံးသင့်ပါတယ်။

Ref. www.thriveglobal.com

Did you find apk for android? You can find new Free Android Games and apps.
Loading