လုပ်ငန်းခွင်မှာ အမြဲတမ်း တက်တက်ကြွကြွ ရှိနေဖို့ဆိုတာ တကယ် မလွယ်ကူတဲ့ ကိစ္စတခုပါ။ လုပ်ငန်းခွင် ရောက်ချိန် မနက်ခင်းပိုင်းလောက်မှာ တက်တက်ကြွကြွ ရှိနိုင်ပေမယ့် နေ့လယ် ထမင်းစားပြီး နောက်ပိုင်းချိန်မှာတော့ ပင်ပန်း နွမ်းနယ်သလို ခံစားရတာ၊ အိပ်ငိုက်လာတာမျိုးတွေ အနည်းနဲ့အများဆိုသလို ဖြစ်တတ်ပါတယ်။ ဒီလို အခြေအနေတွေကို ကျော်ဖြတ်နိုင်ဖို့အတွက် ဖြည့်စွက်စားပေးသင့်တဲ့ အစားအစာ အမျိုးအစားတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) Detox Water
အခုနောက်ပိုင်းမှာ ကျန်းမာရေး လိုက်စားသူတွေရော အလှအပရေးရာ စိတ်ဝင်စားသူတွေကြားမှာပါ ခေတ်စားနေတဲ့ Detox Water ဟာဆိုရင် ပင်ပန်းနွမ်းနယ်မှုတွေကို ပြေပျောက်စေနိုင်တဲ့ အရည်တမျိုးပါ။ သောက်နေကျ ရေထဲကို အသီးအနှံတွေ ဖြည့်စွက်ထည့်သွင်းပြီး သောက်သုံးရတဲ့ Detox Water ဟာ လန်းဆန်းတက်ကြွမှုကို ဖြစ်စေနိုင်သလို ကျန်းမာရေးအတွက်လည်း သင့်တော်စေပါတယ်။
(၂) ချောကလက်
ချောကလက်ဟာ စိတ်ဖိစီးမှုတွေကို ပြေပျောက်စေနိုင်တဲ့ စူပါအစားအစာ တမျိုးဖြစ်တာကြောင့် အလုပ်ချိန်မှာ ချောကလက် စားပေးခြင်းကလည်း လန်းဆန်းမှုကို ဖြစ်ပေါ်စေမှာပါ။ ချောကလက်မှာ ပါဝင်တဲ့ ပါဝင်ပစ္စည်းတွေဟာ စိတ်ရှုပ်ထွေးမှုတွေကို ပြေလျော့စေပြီး ကိုယ်ခံအားစနစ်ကိုလည်း မြင့်တက်စေနိုင်ပါသေးတယ်။
(၃) အစေ့အဆန်တွေ
အစေ့အဆန်တွေဟာဆိုရင်လည်း ကျန်းမာရေးကို အထောက်အကူ ဖြစ်စေသလို စိတ်ပင်ပန်းနွမ်းနယ်မှုကိုလည်း ပြေပျောက်စေနိုင်ပါတယ်။ နေ့လယ် ထမင်းစားပြီးချိန်တိုင်း အစေ့အဆန် အနည်းငယ်လောက် စားပေးခြင်းက လန်းဆန်းမှုကို ဖြစ်ပေါ်စေနိုင်မှာပါ။
(၄) အသီးအနှံတွေ
အသီးအနှံတွေ အများစုမှာပါဝင်တဲ့ ဗီတာမင်စီဓာတ်ဟာ ကိုယ်ခံအားစနစ်ကို မြင့်တက်စေနိုင်သလို စိတ်ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေနိုင်ပါတယ်။
Ref. www.timesofindia.com
You may also like these stories:
စိတ်ဖိစီးမှုများပြီး စိတ်သောက ရောက်နေချိန်မှာ မစားသင့်တဲ့ အစားအစာများ
လူကြိုက်များပေမယ့် ကင်ဆာဖြစ်စေလို့ သတိပြု စားသုံးသင့်တဲ့ အစားအစာများ
ကျန်းမာရေးနဲ့ သင့်တော်ပေမယ့် ကျောက်ကပ်ကို ထိခိုက်စေနိုင်တဲ့ အစားအစာများ