ဆောင်းရာသီဟာ ပြင်ပအပူချိန်အနေနဲ့ အေးစက်စက်ဖြစ်နေတဲ့ ကာလဆိုပေမယ့် ခန္ဓာကိုယ်မှာတော့ ကိုယ်တွင်းအပူချိန်တွေ များနေတတ်ပါတယ်။ ဒါကြောင့်မို့လို့ ကိုယ်တွင်းအပူငြိမ်းပြီး ကျန်းမာရေးနဲ့ ကိုက်ညီစေဖို့ ဆောင်းရာသီမှာ များများစားသုံးပေးသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) စွပ်ပြုတ်
အခုလိုရာသီဥတုအေးအေးမှာ စွပ်ပြုတ်ပူပူနွေးနွေးလေးတခွက် သောက်သုံးပေးခြင်းက အအေးမိနှာစေးတာလို ကျန်းမာရေးပြဿနာတွေအပြင် ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေမှာဖြစ်ပါတယ်။ ဆောင်းရာသီရဲ့ အလိုက်ဖက်ဆုံး စားစရာတခုဖြစ်တာကြောင့် နေ့စဉ်စားသောက်မှုပုံစံထဲမှာ စွပ်ပြုတ်ပူပူနွေးနွေးလေးတခွက်ကို ထည့်သွင်းစားသုံးပေးသင့်ပါတယ်။
(၂) မုန်လာဥနီ
မုန်လာဥနီမှာပါဝင်တဲ့ ဗီတာမင်စီနဲ့ ဗီတာမင်အေဓာတ်တွေဟာ ရာသီဥတုအကူးအပြောင်းမှာဖြစ်တဲ့ အအေးမိတုပ်ကွေးနဲ့ နှာစေးချောင်းဆိုးခြင်းတွေကို ကာကွယ်ပေးနိုင်မှာဖြစ်သလို ဆောင်းရာသီမှာဖြစ်တတ်တဲ့ အသားအရေခြောက်သွေ့တာ အသားပပ်တာ စတာတွေကိုလည်း လျော့ပါးသက်သာစေနိုင်မှာဖြစ်ပါတယ်။
(၃) ပန်းဂေါ်ဖီစိမ်း ( Broccoli )
ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင်စီဓာတ်မြင့်မားစွာပါဝင်တာကြောင့် ဆောင်းရာသီမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာ တွေကို ကြိုတင်ကာကွယ်ပေးနိုင်မှာဖြစ်ပြီး ကိုယ်ခံအားစနစ်ကိုလည်း မြင့်တက်စေနိုင်မှာဖြစ်ပါတယ်။
(၄) ဂျင်း
ကိုယ်ခံအားစနစ်ကို မြင့်တက်စေတဲ့ ဟင်းခတ်အမွှေးအကြိုင်တမျိုးဖြစ်ပြီး အခုလို ရာသီဥတုအေးနေတဲ့ အချိန်ကာလ မှာ ဖြစ်တတ်တဲ့ အအေးမိနှာစေး ချောင်းဆိုးစတဲ့ ကျန်းမာရေးပြဿနာတွေမဖြစ်အောင် ကာကွယ်ပေးနိုင်တာကြောင့် စားသုံးပေးရမယ့် အစားအစာတခုဖြစ်ပါတယ်။
Ref. www.healthessential.com
You may also like these stories:
ဒီလို ကျန်းမာရေး ပြဿနာတွေ ရှိရင် ချင်းကို မစားသုံးသင့်ပါဘူး
အသက်ရှည်ကျန်းမာစေဖို့ ပုံမှန်စားသုံးပေးသင့်တဲ့ အစားအစာတွေ
အာဟာရ အပြည့်ဝဆုံးလို့ သတ်မှတ်ကြတဲ့ ကျန်းမာရေးဓာတ်စာ ငါးရှဉ့်ကင်
စိတ်ဖိစီးမှုများပြီး စိတ်သောက ရောက်နေချိန်မှာ မစားသင့်တဲ့ အစားအစာများ