ခရစ္စမတ်ညအပြီး နောက်တနေ့ ချက်စားလေ့ရှိတဲ့ စင်ကာပူစတိုင် Curry Devil
နိုင်ငံအသီးသီးက နှစ်သစ်ကူးနေ့တွေမှာ အထူးတလည်ပြင်ဆင်စားသောက်ကြတဲ့ ရိုးရာမုန့်တွေရှိကြပါတယ်။ ဒီထဲကမှ စင်ကာပူမှာ နာမည်ဆန်းဆန်းနဲ့ ခရစ္စမတ်ညအပြီး ချက်စားကြတဲ့ ဟင်းတမျိုးရှိပါတယ်။ Curry Devil လို့ ပေးထားတဲ့ ဒီဟင်းလျာကို ခရစ္စမတ်ညမှာ ပါတီပေးရင်း ကျန်တာတွေကို အရသာရှိအောင် ပြင်ဆင်ချက်ပြုတ်ကြတာပါ။
ခရစ္စမတ်ပါတီမှာ ကျန်တဲ့ အသားချောင်း၊ ကြက်သား၊ အသီးအရွက်တွေကို ဟင်းခတ်အမွှေး အကြိုင်တွေနဲ့ ချက်ကြတဲ့ Curry Devil ဟင်းအတွက် ပါဝင်တဲ့ပစ္စည်းတွေကတော့ အောက်ပါအတိုင်းပါ။
ကြက်သား
အသားချောင်း
ငရုတ်သီး
ကြက်သွန်နီ
ကြက်သွန်ဖြူ
စပါးလင်
မုန်ညင်းစေ့
အာလူး
ရှာလကာရည်
နံနံပင် တို့ လိုအပ်ပါတယ်။
အရင်ဆုံး ဟင်းထဲထည့်ချက်မယ့် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆနွင်း၊ ဂျင်း၊ ငရုတ်သီး၊ စပါးလင်၊ စတာတွေကို ကြိတ်စက်ထဲထည့်ကြိတ်ပြီး ဖယ်ထားပါ။
ဒယ်အိုးထဲ ဆီပူလာရင် မုန်ညင်းစေ့ထည့်ပါ။ ဆီပူနဲ့တွေ့ပြီး မုန်ညင်းစေ့တွေ ဖောက်ကနဲအသံမြည်လာရင် ကြိတ်ထားတဲ့ ဟင်းခတ်အမွှေးကြိုင်တွေထည့်ပြီး ၁၀ မိနစ်လောက် ဆီသတ်ပေးပါ။
ပြီးရင်တော့ တုံးထားတဲ့ ကြက်သား၊ အသားချောင်းတွေထည့်ပြီး ဟင်းအနှစ်တွေနဲ့ သမအောင်ရောမွှေပါ။ ၁၀ မိနစ်လောက်ကြာရင်တော့ အတုံးလေးတွေ တုံးထားတဲ့ အာလူးထည့်ရောပါ။
အသားနဲ့ အာလူးတွေနူးသွားအောင် ရေထည့်ပြီး အပေါ့အငန်အတွက် ဆား၊ သကြား ထည့်ကာ မီးအေးအေးနဲ့ နာရီဝက်လောက် တည်ထားပါ။ အသားနဲ့ အာလူးတွေ နူးအိသွားပြီဆိုရင်တော့ အပေါ့အငန်မြည်းကြည့်ပြီး ရှာ လကာရည်အနည်းငယ်ထည့်ကာ ချလိုက်လို့ရပါပြီ။ ဟင်းအပေါ်ကနေ နံနံပင် အုပ်လိုက်ပါ။
Ref: Her World
You may also like these stories:
ဆောင်းရာသီမှာ များများစားသုံးပေးသင့်တဲ့ အစားအစာများ
အသက်ရှည်ကျန်းမာစေဖို့ ပုံမှန်စားသုံးပေးသင့်တဲ့ အစားအစာတွေ
လုပ်ငန်းခွင်မှာ တက်တက်ကြွကြွ ရှိစေနိုင်ဖို့ ဖြည့်စွက် စားပေးသင့်တဲ့ အစားအစာများ