ဒီတပတ်တော့ အစားအသောက်ကောင်း ကြိုက်တတ်တဲ့ ဖိလစ်ပိုင်လူမျိုးတွေရဲ့ အနောက်တိုင်း၊ အရှေ့တိုင်း ပေါင်းစပ် ဖန်တီးထားတဲ့ ကြက်သားကြော်နည်းကို ဝေမျှပေးချင်ပါတယ်။ ပုံမှန်စားနေကျ ကြက်သားကြော်တွေနဲ့ မတူဘဲ ဘယ်လို အရသာဖြစ်မလဲဆိုတာ ပိတ်ရက်မှာ မိသားစုတွေနဲ့ အတူတူ လုပ်စားကြည့်ရအောင်။
ဖိလစ်ပီနို ကြက်သားကြော်ဖို့ အတွက် —
ကြက်သား
ပဲငံပြာရည်
ရှာလကာရည်
ကြက်သွန်ဖြူ
လေးညှင်းပွင့်
ငရုတ်ကောင်းမှုန့်
ဂျုံမှုန့်
ဆီတို့ လိုအပ်ပါတယ်။
အရင်ဆုံး ကြော်မယ့် ကြက်သားကို မကြော်ခင် အနေတော် အတုံးလေးတွေ တုံးပြီး သန့်စင်ဆေးကြောထားပါ။
ကြက်သားကို အရသာသွင်းဖို့အတွက် ပဲငံပြာရည်၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းမှုန့်၊ ရှာလကာရည်နဲ့ လေးညှင်းပွင့် အနည်းငယ် ထည့်ပြီး မွှေပါ။ ပြီးရင်တော့ သန့်စင်ထားတဲ့ ကြက်သားတုံးတွေကို စပ်ထားတဲ့အရည်ထဲ ထည့်ပြီး တညလောက် အရသာသွင်းထားရပါမယ်။
ကြက်သားကြော်ဖို့အတွက် ဂျုံမှုန့်၊ ဆား၊ ငရုတ်ကောင်း အနည်းငယ် ထည့်မွှေပြီး ခဏ ဘေးဖယ်ထားပါ။ ကြော်ဖို့အတွက် ဒယ်အိုးထဲကို ဆီတဝက်နီးပါး ထည့်ကာ ဆီဆူလာရင် အရသာသွင်းထားတဲ့ ကြက်သားတုံးတွေကို ဂျုံမှုန့်ကပ်ပြီး ထည့်ကြော်ပေးရပါမယ်။
ကြော်ထားတဲ့ ကြက်သားတုံးတွေ ရွှေအိုရောင် ပြောင်းသွားပြီဆိုရင်တော့ ပန်းကန်ထဲ ဆယ်ထားလိုက်ရုံပါပဲ။ လွယ်ကူ ရိုးရှင်းပြီး ကြွပ်ကြွပ်ရွရွလေးနဲ့ အရသာရှိတဲ့ ဖိလစ်ပိုင်စတိုင် ကြက်သားကြော်ကို နှစ်သက်ရာ ဆော့စ်နဲ့ တွဲဖက်စားလေ့ ရှိပါတယ်။
Ref: Yummy
You may also like these stories:
ခေါက်ဆွဲကို လူတွေ စွဲလန်းစေဖို့ ဘိန်းထည့်ချက်တဲ့ ဆိုင်ရှင် ဖမ်းဆီးခံရ
ဆောင်းရာသီမှာ များများစားသုံးပေးသင့်တဲ့ အစားအစာများ
အသက်ရှည်ကျန်းမာစေဖို့ ပုံမှန်စားသုံးပေးသင့်တဲ့ အစားအစာတွေ