အယ်လ်ဇိုင်းမားရောဂါဆိုတာကတော့ မှတ်ဉာဏ်နဲ့ စိတ်ပိုင်းဆိုင်ရာရဲ့ အရေးပါတဲ့ လုပ်ဆောင်ချက်တွေ ထိခိုက်ပျက်စီးလာတဲ့ ရောဂါတမျိုးဖြစ်ပြီး အစပိုင်းမှာ မပြင်းထန်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ သိပြီးသား အကြောင်းအရာတွေနဲ့ အရေးပါတဲ့ မိသားစုဝင်တွေကစလို့ လူတော်တော်များများကို မေ့လျော့သွားတာမျိုးပါ။
အယ်လ်ဇိုင်းမား ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးဝါးရယ်လို့ ခုချိန်ထိမရှိသေးဘဲ ရောဂါအခြေအနေ ဆိုးရွားမလာအောင်သာ ထိန်းသိမ်းပေးနိုင်တဲ့ ဆေးဝါးတွေပဲ ရှိတာကြောင့် နေ့စဉ်စားသောက်မှုပုံစံမှာ အခုဖော်ပြပေးမယ့် အစားအစာတွေကို မျှတအောင် စားသုံးပေးသင့်ပါတယ်။
(၁) ဘယ်ရီသီး
ဘယ်ရီသီးမှာ Flavonoids ပါဝင်မှု မြင့်မားတာကြောင့် ဦးနှောက်ရဲ့ မှတ်ဉာဏ်စွမ်းည်ကို ပိုမိုတိုးတက်စေပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ကြိုတင်ကာကွယ်ပေးနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို မြင့်တက်စေနိုင်တဲ့ အသီးအနှံတွေထဲမှာ ဘယ်ရီသီးဟာ တခြားသောအသီးတွေထက် ပိုပြီးကောင်းမွန်တယ်လို့လည်း လေ့လာမှုတွေမှာ ဖော်ပြထားပါတယ်။
(၂) အစေ့အဆန်တွေ
အဆာပြေစားတဲ့အခါ တခြားသောမုန့်ပဲသရေစာတွေအစား အစေ့အဆန်တွေ စားပေးခြင်းဟာ ကျန်းမာရေး အတွက်လည်း သင့်တော်သလို ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကိုလည်း ပိုမိုကောင်းမွန်စေနိုင်ပါတယ်။ အစေ့အဆန် တွေမှာ ဗီတာမင်အီး၊ Antioxidant နဲ့ အမျှင်ဓာတ်တွေကြွယ်ဝစွာပါဝင်တာကြောင့် အယ်လ်ဇိုင်းမားရောဂါအပြင် ခန္ဓာကိုယ်ကျန်းမာရေးအတွက်လည်း အထောက်အပံ့ ဖြစ်စေမှာအမှန်ပါ။
(၃) သံလွင်ဆီ
သံလွင်ဆီကို ဟင်းလျာတွေ ချက်ပြုတ်တဲ့အခါ ဟင်းချက်ဆီအဖြစ် အသုံးပြုပေးဖို့ အာဟာရပညာရှင်တွေက အကြံပြုထားပြီး သံလွင်ဆီမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေဟာ ဦးနှောက်ရဲ့လုပ်ငန်းစဉ်တွေကို ပိုမိုကောင်းမွန် စေတဲ့အပြင် အသက်အရွယ်ကြောင့် မေ့လျော့လာတာ၊ စိတ်ဖိစီးမှုများပြီး စိတ်အတက်အကျမြန်တာနဲ့ အယ်လ်ဇိုင်းမားရောဂါတို့ကို ကြိုတင်ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။
Ref. www.brightside.me
You may also like these stories:
အရေးပါသော မြန်မာ့ယဉ်ကျေးမှုမျာ
မှတ်ဉာဏ် လျော့ကျလာခြင်းနဲ့ အာရုံစူးစိုက်မှု အားနည်းခြင်း ဖြစ်စေတဲ့ အကြောင်းရင်း ၅ ချက်