သရေစာလို့ ပြောလိုက်တာနဲ့ အချိုတွေကဲထားတဲ့ အစားအစာတွေ၊ အသင့်စား အစားအစာတွေကိုပဲ ပြေးမြင်တတ်ကြပြီး အများစုက ကျန်းမာရေးနဲ့ မကိုက်ညီဘူး၊ အဝလွန်စေမယ်လို့ပဲ ထင်ကြမှာပါ။ ဒါပေမဲ့ အခုဖော်ပြပေးမယ့် သရေစာတွေကတော့ နည်းလမ်းမှန်မှန်နဲ့ စနစ်တကျ စားသုံးမယ်ဆိုရင် ကျန်းမာရေးကို အထောက်အကူ ဖြစ်စေမှာပါ။
(၁) အမည်းရောင် ချောကလက်
အမည်းရောင် ချောကလက်ဟာ ကျန်းမာရေးအတွက် စားပေးသင့်တဲ့ စူပါအစားအစာတွေထဲက တခုဖြစ်ပြီး စိတ်ဖိစီးမှုအပိုင်းကို လျှော့ချပေးနိုင်သလို နှလုံးကျန်းမာရေးကိုလည်း အထောက်အကူ ဖြစ်စေတာကြောင့် ပုံမှန် စားပေးသင့်တဲ့ သရေစာတမျိုး ဖြစ်ပါတယ်။
(၂) ပီဇာ
ပီဇာဟာ ကယ်လိုရီ ပါဝင်မှု များတာကြောင့် ကိုယ်အလေးချိန်ကို မြင့်တက်လာစေနိုင်တယ်လို့ လူအများက သတ်မှတ်ထားကြပေမယ့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကိုတော့ ဖြည့်တင်းပေးနိုင်ပါတယ်။ ပီဇာထဲမှာ ပါဝင်တဲ့ အသီးအရွက်တွေနဲ့ အနှစ်တွေမှာ Antioxidant ဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် စားသင့်တဲ့ သရေစာ တမျိုးပါ။
(၃) အသီးအနှံများ
အသီးအနှံတွေကတော့ ပြောစရာ မလိုလောက်အောင် ကျန်းမာရေးအတွက် သင့်တော်ပြီး အထောက်အကူဖြစ်တဲ့ သရေစာတွေပါ။ အသီးတော်တော်များများမှာ ပါဝင်တဲ့ ရေဓာတ်နဲ့ ဗီတာမင်စီဓာတ်ဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်တင်းပေးနိုင်ပါတယ်။
(၄) ချိစ် (Cheese)
Cheese (ချိစ်) ဟာ အဆီဓာတ် ပါဝင်မှုများတဲ့ အစားအစာ ဆိုပေမယ့် တနေ့ကို ချိစ်အပြား နှစ်ပြားစာလောက် စားပေးတာဟာ နှလုံးကျန်းမာရေးအတွက် ကောင်းမွန်စေနိုင်သလို ခန္ဓာကိုယ်က လိုအပ်တဲ့ ပရိုတင်းဓာတ်ကိုလည်း ဖြည့်တင်းပေးနိုင်တယ်လို့ အာဟာရပညာရှင်တွေက ဆိုပါတယ်။
Ref. www.healthline.com
You may aslo like these stories:
တနေ့တာကို အကောင်းဆုံး ကျော်ဖြတ်နိုင်ဖို့ မနက်ခင်းမှာ လုပ်သင့်တဲ့အရာများ
Bubble Tea ထဲက Boba အလုံး အူထဲပိတ်နေလို့ ဆေးရုံတက်ခဲ့ရတဲ့ ကောင်လေး
တရုတ်နှစ်သစ်ကူး ပွဲတော်ကို ခမ်းခမ်းနားနား ကျင်းပလေ့ရှိတဲ့ နေရာများ