မနက်စာဟာ တနေ့တာရဲ့ စားသောက် နေထိုင်မှုပုံစံမှာ အရေးကြီးတဲ့ အခန်းကဏ္ဍ တခုကနေ ပါဝင်နေပြီး မနက်စာ မစားဘဲ နေခြင်းဟာ ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
ကိုယ်အလေးချိန် လျှော့ချနေသူတွေ အဖို့တော့ ဝိတ်ကျချင်စိတ်နဲ့ မနက်စာ မစားဘဲ နေတာမျိုးကို မပြုလုပ်သင့်သလို မနက်စာကို ဘာစားရမယ်ဆိုတာကို ခေါင်းစားမနေဖို့အတွက် သိသိသာသာ ဝိတ်ကျလာစေနိုင်မယ့် မနက်စာတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ကြက်ဥ
ကြက်ဥဟာ ပရိုတင်းဓာတ် ပါဝင်မှုများသလို ဗီတာမင်နဲ့ သတ္တုဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် မနက်စာအဖြစ် ရွေးချယ်သင့်တဲ့ အစားအစာ တမျိုးပါ။ ဝိတ်ချနေသူတွေအနေနဲ့ကတော့ ကြက်ဥကို ကြော်တာမျိုးထက် ပြုတ်စားတာမျိုးက ပိုမိုသင့်တော်စေပါတယ်။
(၂) ဒိန်ချဉ်
ဒိန်ချဉ်ဟာဆိုရင်လည်း ပရိုတင်းကြွယ်ဝတဲ့ အစားအစာ တမျိုးဖြစ်ပြီး မကြာခဏ ဗိုက်ဆာပြီး အစားစားချင်စိတ်ကို လျှော့ချပေးနိုင်ပါတယ်။ ဒိန်ချဉ်ကို အသီးအနှံ တမျိုးမျိုးနဲ့ တွဲဖက်ပြီး မနက်စာအဖြစ် စားပေးခြင်းဟာ ကိုယ်အလေးချိန် လျှော့ချနေစဉ် အတောအတွင်းမှာ အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။
(၃) ကော်ဖီ
ကော်ဖီလို့ပြောတဲ့အခါ ရယ်ဒီမိတ် ကော်ဖီမစ်တွေကို ပြောတာမျိုး မဟုတ်ဘဲ သဘာဝ ကော်ဖီမှုန့်ကို ဆိုလိုတာပါ။ သကြားနဲ့ Cream တွေ ထည့်ပြီး သောက်တာမျိုး မဟုတ်ဘဲ ကော်ဖီမှုန့် သီးသန့်ကို သံပုရာသီးလေး အနည်းငယ် ညှစ်ပြီး သောက်တာမျိုးက ကိုယ်အလေးချိန်ကို လျှော့ကျစေပါတယ်။
(၄) ငှက်ပျောသီး
ငှက်ပျောသီးဟာဆိုရင်လည်း အမျှင်ဓာတ် ကြွယ်ဝပြီး ကယ်လိုရီ ပါဝင်မှု နည်းပါးတာကြောင့် ကိုယ်အလေးချိန် လျှော့ချနေသူတွေနဲ့ သင့်တော်တဲ့ မနက်စာ တမျိုးဖြစ်ပြီး ဆာလောင်မှုကို အချိန်ကြာကြာ ထိန်းထားနိုင်ပါတယ်။
Ref. www.healthline.com