ဒီတပတ်တော့ ပုံမှန်ငါးမကြိုက်ဘူးလို့ ဆိုမယ့်သူတွေတောင် သဘောကျနှစ်သက်စေမယ့် ဟင်းချက်နည်းကို ဝေမျှ ပေးချင်ပါတယ်။ ငါးအနံ့လုံးဝမထွက်ဘဲ အရိုးပါနူးသွားတာကြောင့် ကလေးငယ်တွေပါ နှစ်ခြိုက်သဘောကျစေ မယ့် ငါးခဲပတ်ပေါင်းပါ။ ချက်ပြုတ်ရတာ လွယ်ကူသလို ထည့်စရာအမယ်တွေလည်းနည်းတာမလို့ အလုပ်ကအပြန် မြန်မြန်ဆန်ဆန်ပြင်ဆင်နိုင်တဲ့အတွက် ချက်ပြုတ်ပေးမယ့် မိခင်တွေအတွက်လည်း အဆင်ပြေစေမယ့်ဟင်းပါ။
ငါးခဲပတ်ပေါင်း ချက်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ အောက်ပါအတိုင်းပါ။
ငါး (အသားများတဲ့ငါးဖြစ်ဖို့ လိုပါတယ်)
သံလွင်ဆီ
Garlic Salt
ငရုတ်ကောင်းမှုန့်
ငရုတ်သီး
သံပရိုသီး တို့လိုအပ်ပါတယ်။
အရင်ဆုံး ပေါင်းမယ့်ငါးကို သေချာသန့်စင်ဆေးကြောပြီး ခြောက်သွားအောင် ပြန်သုတ်ပေးပါ။ Oven ကို အပူချိန် ၄၀၀ ဒီဂရီ ဖာရင်ဟိုက်မှာ အပူကြိုပေးထားပါ။
ငါးအသားကို သံလွင်ဆီ၊ Garlic Salt နဲ့ ငရုတ်ကောင်းမှုန့်တို့နဲ့ နှံ့သွားအောင် နယ်လိုက်ပါ။
အားလုံးပြီးရင်တော့ အရသာသွင်းထားတဲ့ ငါးအသားကို ခဲစက္ကူခပ်ကြီးကြီး တရွက်ပေါ်တင်ပြီး ပါးပါးလှီးထားတဲ့ ငရုတ်သီးကိုတင်၊ အပေါ်ကနေ သံပရိုရည်ညှစ်လိုက်ပါ။ သံပရိုသီး အကွင်းလိုက်ပါ ထပ်လှီးပြီး အပေါ်ကနေ တင်ပေးထားပါ။
အားလုံးပြင်ဆင်ပြီးပြီဆိုရင်တော့ပေါင်းနေတုန်း အပြင်မထွက်အောင် ခဲစက္ကူထောင့်တွေကို သေချာလုံအောင် ပိတ်ပေးပါ။ ပြီးရင်တော့ ပေါင်းမယ့်ဗန်းပေါ် တင်လိုက်ပါ။
ကိုယ်သုံးမယ့် ငါးအရွယ်အစားပေါ်မူတည်ပြီး အချိန် ၁၅ မိနစ်ကနေ မိနစ် ၂၀ လောက်ထိ ပေါင်းပေးရပါမယ်။ ငါးနူးမနူးကို ခရင်းနဲ့ထိုးကြည့်လို့ နူးသွားပြီဆိုရင်တော့ ကျက်ပါပြီ။ ငါးခဲပတ်ပေါင်းကို ထမင်းပူပူလေးရယ်၊ ပင် လယ်စာဆော့စ်နဲ့ တွဲဖက်စားသုံးနိုင်ပါတယ်။ အသီးရွက် ကြိုက်တဲ့သူဆိုရင် မုန်လာဥနီ၊ ကော်ဖီပန်းစတဲ့ အသီးရွက်တွေပါ ထပ်ဖြည့်နိုင်ပါတယ်။
Ref: Allrecipes
ဆောင်းရာသီနဲ့ လိုက်ဖက်တဲ့ ငါးဆန်ပြုတ် ပူပူနွေးနွေး
ဝိတ်ချနေသူတွေအတွက် သိသိသာသာ ဝိတ်ကျလာစေမယ့် မနက်စာများ
ကျန်းမာရေးနဲ့ ကိုက်ညီပြီး ခန္ဓာကိုယ်အတွက် အထောက်အကူ ဖြစ်စေတဲ့ သရေစာများ