Food

သေသေချာချာ ကျက်အောင် ချက်ပြုတ်ပြီးမှ စားသင့်တဲ့ အစားအစာများ

Want create site? Find Free WordPress Themes and plugins.

အစားအစာတွေကို ချက်ပြုတ် စားသုံးရာမှာ တချို့သော အစားအစာတွေဟာ မကျက်တကျက် အနေအထားမျိုး စားသုံးမှ အာဟာရဓာတ် အပြည့်အဝ ရရှိနိုင်တာမျိုး ဖြစ်သလို တချို့သော အစားအစာတွေကတော့ သေချာကျက်အောင် ချက်ပြုတ်ပြီးမှ စားသုံးသင့်တာမျိုးပါ။

သေချာ ကျက်အောင် ချက်ပြုတ် မစားသောက်တဲ့အခါ အစာအဆိပ်သင့်တာမျိုး အပါအဝင် မလိုလားအပ်တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်ပေါ်နိုင်တာကြောင့် ဖော်ပြပေးလိုက်ပါတယ်။

(၁) အသားများ

အသားတွေကို မကျက်တကျက် ကင်စားတာ၊ ကျက်အောင်သေချာ မချက်ပြုတ်တာမျိုးဟာ အသားတွေမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားတွေကို မသေစေတာကြောင့် အစာအဆိပ်သင့်တာ၊ အစာမကြေတာနဲ့ ဝမ်းပျက်ဝမ်းလျှော ဖြစ်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

(၂) ဥအမျိုးမျိုး

ကြက်ဥ၊ ဘဲဥအပါအဝင် ဥအမျိုးမျိုးကို မကျက်တကျက် အနေအထားနဲ့ ကြော်စားတာ၊ အစိမ်းစားတာ မျိုးတွေဟာ ဥခွံတွေမှာ ကပ်ငြိနေတဲ့ Salmonella ဘက်တီးရီးယားတွေ မသေဘဲ ကျန်ရှိနေနိုင်တာကြောင့် အခန့်မသင့်ရင် အစာအဆိပ်သင့်တာမျိုး ဖြစ်ပေါ်စေနိုင်ပါတယ်။

(၃) ပင်လယ်စာများ

ငါး၊ ပုစွန် အပါအဝင် ပင်လယ်စာ တော်တော်များဟာလည်း သေချာချက်ပြုတ်ပြီးမှ စားသုံးသင့်တဲ့ အစားအစာတွေထဲက တခုဖြစ်ပြီး ပင်လယ်စာတွေကို မကျက်တကျက် အနေအထားနဲ့ စားသုံးတဲ့အခါ ဗိုက်အောင့်ဗိုက်နာတာ၊ ဝမ်းပျက်ဝမ်းလျှောတာနဲ့ အော့အန်တာနဲ့ အစာအဆိပ်သင့်တာမျိုးတွေအထိ ဖြစ်စေနိုင်ပါတယ်။

(၄) ဟင်းသီးဟင်းရွက်များ

ဟင်းသီးဟင်းရွက်တွေမှာ ဓာတုပိုးသတ်ဆေးတွေ အများဆုံး ကပ်ငြိနေနိုင်တာကြောင့် အစိမ်းစားမယ်ဆိုရင်လည်း သေချာစွာ ဆေးကြောသန့်စင်သင့်ပြီး ချက်ပြုတ်မယ်ဆိုရင်လည်း သေချာအောင် ချက်ပြုတ်သင့်ပါတယ်။

Ref. www.betterhealth.com

You may also like these stories:

မစားသင့်တဲ့ အချိန်မှာ စားမိရင် ကျန်းမာရေးအတွက် အန္တရာယ် ရှိနိုင်တဲ့ အစားအစာများ

အသက်အန္တရာယ်ကို ထိခိုက်စေတဲ့အထိ ဖြစ်စေနိုင်တဲ့ အလေ့အကျင့်များ

Did you find apk for android? You can find new Free Android Games and apps.
Loading