Food

အုန်းနို့ခရင်မ် ဆိမ့်ဆိမ့်လေးနဲ့ ငါးခေါင်းဟင်းရည် ချက်နည်း

Want create site? Find Free WordPress Themes and plugins.

ဒီတပတ်တော့ ဆောင်းတွင်းချိန်ခါ အေးအေးလေးနဲ့ လိုက်ဖက်မယ့် ငါးခေါင်းဟင်းရည် ချက်နည်းကို ဝေမျှပေးချင်ပါတယ်။ ချက်နေကျ ငါးခေါင်းဟင်းရည်မျိုးနဲ့ မတူဘဲ အုန်းနို့ခရင်မ် ပျစ်ပျစ်နှစ်နှစ်ကို ကြက်သွန်ဖြူ၊ ငရုတ်သီးနဲ့ ချင်းတို့ရဲ့ ပေါင်းစပ်အရသာက တမျိုးလေး ဆန်းစေပါတယ်။

ငါးခေါင်းဟင်းရည် ချက်ဖို့အတွက် —
ငါးခေါင်း (အဆီများတဲ့ ငါးဒန်၊ ငါးကြင်း၊ ငါးဘတ် ခေါင်းတွေ သုံးသင့်ပါတယ်)
ကြက်သွန်ဖြူ
ချင်း
ငရုတ်သီး
ကြက်သွန်ဖြူ
ငါးငံပြာရည်
Coconut cream
ဆားတို့ လိုအပ်ပါတယ်။

အရင်ဆုံး ချက်မယ့် ငါးခေါင်းကို သန့်စင်ဆေးကြောထားပါ။ တကယ်လို့ ငါးခေါင်းအရွယ်အစားက ကြီးတယ်ဆိုရင် အလယ်ကနေ ၂ ပိုင်း ပိုင်းပါ။

ကြက်သွန်မြိတ်ကို အရွယ်တော် လှီးဖြတ်ထားပါ။ ကြက်သွန်ဖြူနဲ့ ချင်းကို ထောင်းထားပါ။ ငရုတ်သီးစိမ်းကိုလည်း ၂ ပိုင်းပိုင်းပြီး အစေ့ထုတ်ပါ။
အားလုံးပြင်ဆင်ပြီးရင် ဒယ်အိုးထဲမှာ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ ချင်းနဲ့ ငရုတ်သီးတွေကို ဆီသတ်ပါမယ်။

ပြီးရင်တော့ ငါးခေါင်းကိုထည့်ပြီး ရေလောင်း ထည့်ပါ။ အရသာအတွက် ငါးငံပြာရည်နဲ့ အရသာမှုန့်တွေ ထည့်ပါ။

၁၀ မိနစ်လောက် ဆူအောင်တည်ပြီးရင် မီးလျော့ပြီး Coconut cream လောင်းထည့်လိုက်ပါ။ နောက်ထပ် မိနစ် အနည်းငယ်လောက် တည်ပြီးရင် အရသာမြည်းကြည့်လို့ အနေတော်ပဲဆိုရင် ကျက်ပါပြီ။

ငါးခေါင်းဟင်းရည်ကို ပန်းကန်လုံး တခုထဲထည့်၊ အပေါ်ကနေ ကြက်သွန်မြိတ် ဖြူးလိုက်ပြီး ထမင်းပူပူလေးနဲ့ တွဲဖက်စားမယ်ဆိုရင် ခံတွင်းတွေ့စေမယ့် ဟင်းတခွက်ပါ။

Ref: Casa Veneracion

Did you find apk for android? You can find new Free Android Games and apps.
Loading