တနေ့တာမှာ တော်တော်များများ မုန့်ပဲသရေစာစားသုံးလေ့ရှိကြပြီး အဲဒီလိုနေ့စဉ်စားသုံးမှုပုံစံထဲ ဘယ်ရီသီးတွေ ပိုမိုလိုအပ်လဲဆိုတဲ့ အကြောင်းအရင်းနဲ့ ဘယ်ရီသီးစားသုံးခြင်းကနေ ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကို ဧရာဝတီစာဖတ်ပရိသတ်တွေကို မျှဝေဖော်ပြပေးသွားမှာဖြစ်ပါတယ်။
အူကျန်းမာရေးကျွမ်းကျင်ပညာရှင်တဦးဖြစ်တဲ့ Mahmoud Ghannoum (Ph.D) ကတော့ အူလမ်းကြောင်း ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သုတေသနပေါင်းများစွာကို ပြုလုပ်နေခဲ့သူပဲဖြစ်ပြီး တမျိုးထက်ပိုတဲ့ ဘယ်လိုအစားအစာတွေကို လူတွေအနေနဲ့ စားသုံးသင့်လဲဆိုတာကို လေ့လာတွေ့ရှိထားတာဖြစ်ပါတယ်။ သူညွှန်းဆိုတဲ့ အစားအစာကတော့ ဘယ်ရီသီးပဲဖြစ်ပြီး “သင့်အတွက်ကောင်းမွန်တဲ့ အစားအစာများ”ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့ဖူးသူတဦးလည်းဖြစ်ပါတယ်။
ဘယ်ရီသီးမှာပါဝင်တဲ့ Polyphenol ဟာ ထူးခြားဆန်းကြယ်တဲ့ ဒြပ်ပေါင်းတခုဖြစ်ပြီး ဝိုင်နဲ့ Dark Chocolate စတာတွေ ပြုလုပ်ရာမှာ အသုံးပြုတာဖြစ်ပါတယ်။ ခန္ဓာကိုယ်ဇီဝဖြစ်ပျက်ခြင်းလုပ်ငန်းစဉ် (Metabolism) မှာ Polyphenol ဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာပါဝင်နေတာဖြစ်ပြီး ကျန်းမာတဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံမှာပါ အထောက်အကူဖြစ်တဲ့အပြင် နာတာရှည်ရောဂါတွေဖြစ်တဲ့ နှလုံးသွေးကြောကျဉ်းရောဂါ ၊ အာရုံကြောပျက်စီးမှုရောဂါနဲ့ ကင်ဆာရောဂါတွေအထိ အကျိုးသက်ရောက်မှုရှိတယ်လို့ သုတေသနတွေမှာဖော်ပြခဲ့ပြီးဖြစ်ပါတယ်။
ဒါကြောင့်ပဲ ဝိုင်သောက်သုံးမှုနဲ့ Dark Chocolate စားသုံးမှုဟာ တခြားအစားအသောက်တွေထက် ကျန်းမာရေးနဲ့ သင့်တော်တာဖြစ်ပြီး စပျစ်သီးခြောက် ၊ Blackberry ၊ Raspberry နဲ့ Strawberry စတာတွေကို စားသုံးပေးခြင်းအားဖြင့် လည်း အူလမ်းကြောင်းကျန်းမာရေးကို အထောက်အကူပြုတာဖြစ်ကြောင်း သုတေသနတခုအဖြစ် ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။
Blueberry မှာတော့ Phenolic Acid ကြွယ်ဝစွာ ပါဝင်ပြီး Polyphenol ရဲ့ နောက်ထပ်ပုံစံတမျိုးလည်းဖြစ်တယ်လို့ ဖြည့်စွက်ဖော်ပြထားတာပါ။
You may also like these stories:
ဘယ်အရောင်တွေက အစားစားချင်စိတ်ဖြစ်အောင် လှုံ့ဆော်ပေးနိုင်လဲ
သင်စားမယ့် အစားအသောက်တွေက စိတ်ချရရဲ့လား