စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေဟာ စားသောက်နေထိုင်မှု ပုံစံနဲ့ ဆက်စပ်နေပြီး နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေဟာ စိတ်ကျန်းမာရေး အခြေအနေအပေါ် သက်ရောက်မှုတွေ ရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာ တစုံတရာ မရှိရင်တောင်မှ အစားအစာရွေးချယ် စားသုံးမှု မှားယွင်းနေတဲ့အခါ စိတ်ကျန်းမာရေး ကို ဆိုးကျိုးတွေ ဖြစ်စေနိုင်တာကြောင့် သတိပြု ဆင်ခြင်သင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ဆိုဒါပါဝင်တဲ့ အချိုရည်တွေ
ဆိုဒါပါဝင်တဲ့ အချိုရည်တွေ သောက်သုံးမှုများတာဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပြီး စိတ်ဖိစီးမှုများတာ၊ စိတ်ရှုပ်ထွေးမှုကို ဖြစ်ပေါ်စေတာနဲ့ စိတ်တိုဒေါသထွက်လွယ်တာမျိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
(၂) ကော်ဖီ
ကော်ဖီသောက်သုံးတာဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ် သက်ရောက်မှုရှိတယ်ဆိုတာကို သုတေသန လေ့လာမှုတွေမှာ ဖော်ပြထားပြီး စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုတွေက ဆိုးကျိုး၊ကောင်းကျိုးတွေ အမျိုးမျိုးကွဲပြား နေပေမယ့် ရေရှည်မှာ စိတ်ကျန်းမာရေးအတွက် သင့်လျော်မှုမရှိဘူး ဆိုတာကတော့ တညီတညွတ်တည်း အတည်ပြုထားကြတာ ဖြစ်ပါတယ်။
(၃) အယ်လ်ကိုဟော
အယ်လ်ကိုဟော ပါဝင်တဲ့ အဖျော်ယမကာတွေကတော့ စိတ်ကျန်းမာရေးအပေါ် သက်ရောက်မှုတွေ အများအပြား ရှိနေတာဖြစ်ပြီး စွဲစွဲမြဲမြဲသောက်သုံးတဲ့အခါ စိတ်ဖိစီးမှုတွေ များလာတာ၊ စိတ်အတက်အကျမြန်တာနဲ့ စိတ်တိုဒေါသ ထွက်လွယ်တာလိုမျိုး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
(၄) အသင့်စားအစားအစာတွေ
တာရှည်ခံအောင် ပြုလုပ်ထားတဲ့ အသင့်စားအစားအစာတွေဟာ ခန္ဓာကိုယ်ကျန်းမာရေးအတွက်လည်း မသင့်တော် သလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်လည်း ရေရှည်မှာ မကောင်းတဲ့အတွက် မကြာခဏ စားသောက်တာမျိုးကို ဂရုစိုက်ဆင်ခြင်သင့်ပါတယ်။
Ref. www.aetna.com
You may also like these stories:
စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုကို ကုသပေးနိုင်တဲ့ မှိုမျိုးစိတ်တမျိုး လေ့လာတွေ့ရှိ
သက်လတ်ပိုင်းအရွယ်အထိ အလုပ်လုပ်ခြင်းဟာ အသက်ရှည်စေကြောင်း လေ့လာတွေ့ရှိ