ရာသီပေါ် သီးနှံတမျိုးဖြစ်တဲ့ မရမ်းသီးကို မြန်မာနိုင်ငံမှာတော့ ဟင်းလျာအနေနဲ့ ချက်ပြုတ်စားကြသလို သရေစာအနေနဲ့ စားသုံးလေ့ ရှိကြပါတယ်။ မရမ်းသီးမှာ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ အာဟာရဓာတ်တွေ ပါဝင်တာကြောင့် မရမ်းသီးရာသီမှာ ဘာကြောင့် မရမ်းသီး စားပေးသင့်တယ်ဆိုတဲ့ အကြောင်းရင်းတွေကို ကျန်းမာရေး ဗဟုသုတအနေနဲ့ ဖော်ပြပေးချင်ပါတယ်။
(၁) ကင်ဆာရောဂါတွေကို ကာကွယ်ပေးနိုင်တယ်
လေ့လာမှုတွေအရ မရမ်းသီးဟာ Antioxidant ကြွယ်ဝစွာ ပါဝင်တာကြောင့် အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ စတဲ့ ကင်ဆာရောဂါတွေကို ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် မရမ်းသီးမှာ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တဲ့ ဓာတ်ပေါင်းတွေဖြစ်တဲ့ Quercetin, Isoquercitrin, Astragalin, Fisetin, Gallic acid နဲ့ အင်ဇိုင်းတွေ ပါဝင်တာကြောင့် ကျန်းမာရေးအတွက် စားပေးသင့်တဲ့ အသီးတမျိုးဖြစ်ပါတယ်။
(၂) အမြင်အာရုံကိုကောင်းမွန်စေတယ်
မရမ်းသီးမှာ ဗီတာမင်အေဓာတ် ကြွယ်ဝစွာ ပါဝင်ပြီး မရမ်းသီး ပန်းကန်လုံး အသေးတလုံးစာမှာ တနေ့တာအတွက် ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်အေဓာတ် ၂၅ ရာခိုင်နှုန်း ပါဝင်တာကြောင့် မျက်စိကျန်းမာရေးပြဿနာတွေကို ကြိုတင် ကာကွယ်ပေးနိုင်ပါတယ်။
(၃) ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးနိုင်တယ်
မရမ်းသီးဟာ အမျှင်ဓာတ်ကြွယ်ဝပြီး ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အာဟာရဓာတ်တွေ များစွာပါဝင်တဲ့ အသီးအနှံတမျိုးဖြစ်တာကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ကောင်းမွန်စေပြီး ကိုယ်အလေးချိန်မျှတအောင် ထိန်းသိမ်းပေးနိုင်ပါတယ်။
(၄) ဦးနှောက်နဲ့ အာရုံကြောစနစ်ကို ကောင်းမွန်စေတယ်
မရမ်းသီးမှာ ဦးနှောက်နဲ့ အာရုံကြောရဲ့လုပ်ဆောင်မှုစွမ်းရည်ကို မြင့်တက်စေတဲ့ beta-Carotene ဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် အာရုံစူးစိုက်မှုအားကို ကောင်းမွန်စေပြီး အရွယ်မတိုင်ခင် သတိမေ့လျော့ခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။
You may also like theses stories:
အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းကို ကာကွယ်ပေးနိုင်မယ့် အစားအစာ (၅) မျိုး
သလဲသီးဖျော်ရည် သောက်သုံးသင့်တဲ့ အချက် ၅ ချက်