Food

ခေတ်စားနေတဲ့ “Parasite” ရုပ်ရှင်ထဲက Jjapaguri ခေါက်ဆွဲချက်ပြုတ်နည်း

ဒီတပတ်တော့ နိုင်ငံတကာမှာ စံချိန်တင် ထူးချွန်ဆုတွေအများကြီး သိမ်းပိုက်နိုင်ခဲ့တဲ့ ကိုရီးယားရုပ်ရှင် “Parasite” ကားထဲက ခေါက်ဆွဲနှစ်မျိုးချက်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ လတ်တလောမှာလည်း Food Blogger တွေကိုယ်တိုင် ညွှန်းနေကြတဲ့ ဒီခေါက်ဆွဲနှစ်မျိုးချက်အရသာက ပုံမှန်စားနေကျ ကိုရီးယားခေါက်ဆွဲ ပြုတ်အရသာနဲ့မတူ ထူးခြားနေမှာ အမှန်ပါပဲ။

 

မြည်းစမ်းကြည့်ချင်သူတွေအတွက် ကိုရီးယားပဲခေါက်ဆွဲ Jjapaghetti နဲ့ ပင်လယ်စာအစပ်ခေါက်ဆွဲပြုတ် Neoguri တို့ရဲ့ ပေါင်းစပ်အရသာ Jjapaguri ချက်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ အောက်ပါအတိုင်းပါ။

 

Jjapaghetti ပဲခေါက်ဆွဲထုပ်

 

Neoguri ပင်လယ်စာအစပ်ခေါက်ဆွဲထုပ်

အမဲသား (တခြားကြိုက်နှစ်သက်ရာ အသား၊ ပင်လယ်စာကို အစားထိုးသုံးနိုင်ပါတယ်)

 

ငရုတ်ကောင်း

ဆား

 

ထောပတ်

ဆီ တို့လိုပါတယ်။

 

အရင်ဆုံး ခေါက်ဆွဲထဲထည့်မယ့် အမဲသားတွေကို သန့်စင်ပြီး အနေတော်အတုံးလေးတွေ တုံးကာ ဆား၊ ငရုတ် ကောင်း၊ ဆီအနည်းငယ်ထည့်နယ်ပါ။ ဒယ်အိုးကို အပူပေးပြီး ပူလာရင် အသားတွေကို မီးပြင်းပြင်းနဲ့ ၄ မိနစ် လောက်ချက်ပါ။ ပြီးရင် ထောပတ်အနည်းငယ်ထည့်ပြီး ၂ မိနစ်လောက် ထပ်ချက်ပြီးရင် မီးဖိုးပေါ်ကချပြီး ဖယ် ထားပါ။

ပြီးရင်တော့ ခေါက်ဆွဲခြောက်တွေနဲ့ အသီးရွက်ခြောက်ထုတ်ကို ဖောက်ထည့်ပြုတ်ပါ။ ၃ မိနစ်လောက်ဆို ပြုတ်ထားတဲ့ရေ တွေကို နည်းနည်းချန်စစ်ထုတ်လိုက်ပြီး ပဲခေါက်ဆွဲမှုန့်၊ ပင်လယ်စာအစပ်ထုပ်မှုန့်တွေ ရောထည့်ပြီး သမအောင်မွှေပါ။ ချက်ထားတဲ့အသားရောထည့်ပြီး နောက်ထပ် ၂ မိနစ်လောက် ချက်လိုက်ရင် အရသာ တမူထူးမယ့် “Parasite” ရုပ်ရှင်ထဲက Jjapaguri အရသာကို မြည်းစမ်းခံစားကြည့်လို့ရပါပြီ။

Ref: Maangchi

You may also like these stories:

ချဉ်ငန်စပ်အရသာ ထိုင်းစတိုင် မာမားခေါက်ဆွဲသုပ် လုပ်စားကြမယ်

မရမ်းသီးရာသီမှာ ကျန်းမာရေးအတွက် မရမ်းသီး စားပေးသင့်တဲ့ အကြောင်းရင်း

Loading