မြို့တွင်း သွားလာခွင့် ပိတ်ဆို့တဲ့အခါ ဘယ်လို အစားအစာတွေ ဝယ်ထားသင့်သလဲ
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေကြောင့် နိုင်ငံအချို့မှာရှိတဲ့ အသွားအလာ ကန့်သတ် ပိတ်ပင်လိုက်တဲ့ မြို့တွေက ဈေးဝယ်စင်တာတွေမှာ ကုန်ပစ္စည်းတွေ ပြတ်လပ်တဲ့အထိ ဖြစ်လာတာ တွေ့ရပါတယ်။ ဒါပေမဲ့ အဲဒီလို မြို့ကို သွားလာခွင့် ပိတ်ပင်လိုက်တဲ့အခါ ဘယ်လို အစားအသောက်တွေကို ဝယ်ထားသင့်လဲဆိုတဲ့ ညွှန်ကြားချက်ကို ကျွမ်းကျင်သူတွေက အခုလို ထုတ်ပြန်လိုက်ပါတယ်။
မြို့ကို အမှန်တကယ် ပိတ်ပင်လိုက်တော့မယ်ဆိုရင် အလိုအပ်ဆုံး အခြေခံ အစားအစာတွေက ဆန်၊ ဂျုံတို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေဟာ ဆန်ကို အဓိကစားသုံးသူတွေ ဖြစ်တာကြောင့် အိမ်မှာ ဆန် ဝယ်ထားတာမျိုး ပြုလုပ်သင့်ပါတယ်။ နောက်ထပ် လိုအပ်ချက်တခုကတော့ ကြက်ဥပါ။ ကြက်ဥက အထားခံပြီး နည်းမျိုးစုံ ချက်စားလို့ ရတာကြောင့် ကြက်ဥကလည်း လိုအပ်ပါတယ်။
ဂျုံကြမ်းက ပေါင်မုန့်၊ ကိတ် စတာတွေ ပြုလုပ်စားလို့ ရတာကြောင့် ဂျုံကြမ်းစတဲ့ ဂျုံမှုန့်တွေကိုလည်း ဝယ်ထားသင့်ပါတယ်။ အနောက်နိုင်ငံတွေမှာ ဂျူံကြမ်း၊ ဆန်၊ ဆီ နဲ့ ကြက်သွန်တို့ကို အဓိကထားပြီး ဝယ်ယူနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ကုန်ကြမ်းရောင်းတဲ့ ဆိုင်တိုင်းမှာ အိမ်ထောင်စု တခုစာအတွက် ဆန် ၁ အိတ်သာ ဝယ်ယူခွင့်ပေးထားတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံနဲ့ ကိုးရီးယားစတဲ့ နိုင်ငံတွေမှာတော့ ကင်မ်ချီနဲ့ ခေါက်ဆွဲခြောက်တွေလည်း ဝယ်ကြတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာတော့ လက်ရှိမှာ အစိုးရက ပိတ်ဆို့မှုတွေ မလုပ်သေးတာကြောင့် ပစ္စည်းတွေ ဝယ်တဲ့ အချိန်မှာ တရက်နည်းနည်းစီ ဝယ်စုတာမျိုးတွေလောက်သာ ပြုလုပ်သင့်ပါတယ်။ Panic Buying ဟာ ရာဇဝတ်မှုတွေကို ဦးတည်စေနိုင်လို့ Panic Buying မလုပ်ကြဖို့လည်း လိုအပ်ပါတယ်။
အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ စတာတွေကို လိုအပ်သလောက်သာ ဝယ်သင့်ပါတယ်။ ဈေးရောင်းသူတွေအနေနဲ့လည်း ဈေးကို မူလဈေးထပ် ပိုမတင်ခြင်းအားဖြင့် ကူညီနိုင်ပါတယ်။
ငါးသေတ္တာတွေကလည်း ဈေးကွက်ထဲမှာ ရောင်းအားကောင်းနေတယ်လို့ သိရပါတယ်။ ငါးသေတ္တာအပြင် တခြား စည်သွပ်ဘူးတွေကိုလည်း ဝယ်ယူထားသင့်ပါတယ်။ ပေါင်မုန့်နဲ့ တို့စားလေ့ရှိတဲ့ ယိုများကိုလည်း ဝယ်ယူထားသင့်ပြီး တရုတ်နိုင်ငံကထုတ်လုပ်တဲ့ ဟင်းအနှစ်ထုတ်များကလည်း ပိတ်ဆို့မှုအတွင်းမှာ အကူအညီရမှာ သေချာပါတယ်။ ပဲမျိုးစုံကိုလည်း ဝယ်ထားသင့်ပါတယ်။
အစားအသောက်ကျွမ်းကျင်သူတဦးဖြစ်တဲ့ Harry Eastwood ကတော့ အရက်သောက်တတ်သူများအနေနဲ့ အရက်နဲ့ သံပရာသီးကိုလည်း မမေ့မလျော့ဝယ်ကြဖို့ တိုက်တွန်းထားပါတယ်။
Ref. theguardian.com
You may also like these stories:
COVID- 19 ကြောင့် စက်ရုံ ပိတ်သိမ်းမှု ပိုများလာနိုင်ဟု အလုပ်သမားဝန်ကြီးပြော
ဗိုင်းရပ်စ် ကူးစက်ခံလိုက်ရသည့် မြန်မာ့ပို့ကုန် ကဏ္ဍ
ဘဏ်တိုးနှုန်းလျှော့ချမှုအပေါ် သူတို့ ဘယ်လိုမြင်လဲ
ဗိုင်းရပ်စ်ရိုက်ခတ်မှု ကြီးလာပါက အခွန်ကင်းလွတ်၊ သက်သာခွင့်၊ အတိုးနည်း ချေးငွေ ပေးရန် စီစဉ်