ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ထုတ်ပြန်ထားတဲ့ထဲမှာ ကိုယ်ခံအားစနစ် ကောင်းအောင် စားသောက်နေထိုင်ရမယ်ဆိုတာပါ ပါတယ်။ ဒါကြောင့် ကိုယ်ခံအားစနစ်ကိုမြှင့်တင် ပေမယ့် ဟင်းလျာတွေထဲက အလွယ်ကူဆုံးပြင်ဆင်ချက်ပြုတ်နိုင်တဲ့ Soup တခွက်ကို ဒီတပတ်မှာ ဝေမျှပေးသွားမှာပါ။
အဓိကပါဝင်မယ့် Butternut Squash (Curried Squash) လို့ခေါ်တဲ့ ချိုစိမ့်အရသာ ဖရုံမျိုးနွယ်ဝင်ဟာ ဗီတာမင်၊ သတ္တုဓာတ်အမြောက်အများပါတဲ့ စူပါအစားအစာစာရင်းဝင်ပါ။ တချို့နိုင်ငံတွေမှာ Winter Squash လို့လည်း သိကြ တဲ့ နွယ်ပင်အမျိုးအစား ရွှေအိုရောင် Squash ဟင်းတခွက်ချက်ဖို့လိုအပ်တဲ့ ပစ္စည်းတွေက အောက်ပါအတိုင်းပါ။
Butternut Squash
သံလွင်ဆီ
မုန်လာဥနီ
ဟင်းအနှစ်မှုန့်
ပဲနီလေး
အဆီထုတ်တဲ့ အုန်းနို့
နံနံပင်
နံပြား (တွဲဖက်စားဖို့အတွက်) တို့ လိုအပ်ပါတယ်။
အိန္ဒိယဟင်းလျာတမျိုးဖြစ်တဲ့ ဒီဟင်းရည်ချက်ဖို့ အရင်ဆုံး Butternut Squash ကို အခွံနွှာပြီး အတုံးလေးတွေ တုံးထားပါ။ မုန်လာဥနီကိုလည်း အလောတော်အတုံးလေးတွေ တုံးပါ။ အားလုံးပြီးပြီဆိုရင် အိုးတလုံးထဲမှာ သံ လွင်ဆီ အနည်းငယ်ထည့်ပြီး ပူလာရင် Squash၊ မုန်လာဥနီ တို့ကို ဆီသတ်ပြီး ဟင်းအနှစ်မှုန့်ထည့်ပါ။
ပဲနီလေးနဲ့ သက်သတ်လွတ်သမားတွေအတွက် ဟင်းသီးဟင်းရွက်က ထုတ်ထားတဲ့ Stock ရယ်၊ အဆီထုတ် ထားတဲ့ အုန်းနို့ရည်တွေ ထည့်ပြီး သမအောင် မွှေပါ။ ပွက်ပွက်ဆူလာရင် အပူချိန်လျော့ပြီး ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ထိ နူးအိသွားအောင် တည်ပြီးရင် အအေးခံထားပါ။
အေးသွားပြီဆိုရင် ကြိတ်စက်ထဲမှာ အကုန်လုံး ရောကြိတ်ပါ။ စားမယ့်ပန်းကန်လုံးထဲထည့်ပြီး အပေါ်ကနေ နံနံ ပင် ဖြူးပါ။ ချိုဆိမ့်အရသာဟင်းအနှစ်ကို တွဲစားဖို့ အလိုက်ဖက်ဆုံးကတော့ နံပြားပါ။
Ref: BBC Good Food