အခုလို ကူးစက်ရောဂါတွေ ပျံ့နှံ့မှုနှုန်း များနေတဲ့အချိန်မျိုးမှာ ခန္ဓာကိုယ် ခုခံအားကောင်းနေဖို့က အရေးကြီးပြီး ရာသီဥတု အပြောင်းအလဲကြောင့်ဖြစ်ဖြစ် အပူရှပ်တာ၊ နေထိုင်စားသောက်မှု မှားယွင်းလို့ ဖျားနာတာမျိုးတွေ ဖြစ်တဲ့အခါ အမြန်ဆုံး သက်သာပျောက်ကင်းဖို့က အရေးကြီးပါတယ်။
ဒါကြောင့်မို့လို့ အကြောင်းအမျိုးမျိုးကြောင့် ဖျားနာတဲ့အခါ မြန်မြန်နာလန်ထ သက်သာစေနိုင်ဖို့ စားပေးသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ကြက်သွန်ဖြူ
ကြက်သွန်ဖြူဟာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ကောင်းမွန်စေနိုင်သလို ပြင်ပက ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ကူးစက် ဖျားနာမှုတွေကို ကာကွယ်ပေးနိုင်တဲ့ အစားအစာတမျိုး ဖြစ်ပါတယ်။ ဖျားနာနေတဲ့အခါ စွပ်ပြုတ်သောက်တဲ့အခါမျိုးမှာဖြစ်ဖြစ် ကြက်သွန်ဖြူမှုန့် အနည်းငယ် ဖြူးစားပေးတာမျိုးကို ပြုလုပ်နိုင်ပါတယ်။
(၂) ဂျင်း
ဂျင်းဟာ နေမကောင်းဖြစ်နေလို့ အစားစားချင်စိတ် မရှိတဲ့အခါ၊ ပျို့အန် မူးဝေတာမျိုးတွေကို သက်သာစေနိုင်ပြီး တုပ်ကွေးဖျားနာဖြစ်တဲ့အခါ အမြန်ဆုံးသက်သာ ပျောက်ကင်းစေနိုင်ပါတယ်။
(၃) ဟင်းနုနွယ်
ဟင်းနုနွယ်ဟာဆိုရင်လည်း ကိုယ်ခံအားစနစ်ကို မြှင့်တင်ပြီး ဖျားနာမှုကို အမြန်ဆုံး သက်သာစေနိုင်တဲ့ စူပါ အစားအစာတမျိုး ဖြစ်ပါတယ်။ နေမကောင်းဖြစ်နေလို့ အစာစားချင်စိတ် မရှိတဲ့အခါ ဟင်းနုနွယ်ကို သုပ်စားတာ၊ ကြော်စားတာနဲ့ စွပ်ပြုတ်ထဲ ထည့်သောက်တာမျိုးတွေ ပြုလုပ်ပေးနိုင်ပါတယ်။
(၄) ဗီတာမင်စီ ပါဝင်တဲ့ အသီးအနှံတွေ
ဗီတာမင်စီပါဝင်တဲ့ လိမ္မော်သီး၊ စတော်ဘယ်ရီ စတဲ့ အသီးအနှံတွေဟာလည်း ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး နေမကောင်းဖြစ်တဲ့အခါ အမြန်ဆုံးသက်သာအောင် အထောက်အကူ ဖြစ်စေနိုင်ပါတယ်။
Ref.www.healthline.com
You may also like these stories:
အိန္ဒိယစတိုင်ချိုဆိမ့်အရသာနဲ့ ကျန်းမာရေးဓာတ်စာဟင်း
မြို့တွင်း သွားလာခွင့် ပိတ်ဆို့တဲ့အခါ ဘယ်လို အစားအစာတွေ ဝယ်ထားသင့်သလဲ
အရသာ လေးလေးပင်ပင် ကြိုက်သူတွေ နှစ်သက်မယ့် ဟင်းအနှစ် Udon ခေါက်ဆွဲ