တချို့သော အစားအစာတွေဟာ တာရှည်ခံ အစားအစာတွေ ဆိုပေမယ့် သတ်မှတ်ရက် ကျော်သွားတဲ့အခါ အနံ့အရသာ ပျက်ပြယ်ပြီး စားသုံးမိတဲ့အခါ ကျန်းမာရေးကို အနည်းနဲ့အများ ဆိုသလို ထိခိုက်စေနိုင်ပါတယ်။ အခုဖော်ပြပေးမယ့် အစားအစာတွေကတော့ သိမ်းဆည်းပုံ၊ သိမ်းဆည်းနည်း မှန်ကန်ရင် ထင်ထားတာထက် တာရှည်ခံတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။
(၁) အာလူး
အာလူးတွေကို အေးမြပြီး အလင်းရောင်နည်းတဲ့ မှောင်မိုက် ခြောက်သွေ့တဲ့ နေရာမျိုးမှာ သိမ်းဆည်းထားမယ်ဆိုရင် တာရှည် အထားခံတယ်လို့ သိရပါတယ်။ နေရောင်ခြည်နဲ့ တိုက်ရိုက် ထိတွေ့မယ်ဆိုရင် အာလူးဟာ အစိမ်းရောင်ဘက် ပြောင်းသွားပြီး ဒါကို စားသုံးမိမယ်ဆိုရင် အစာ အဆိပ်သင့်တာမျိုး ဖြစ်စေနိုင်လို့ သတိထားသင့်ပါတယ်။
(၂) စည်သွပ်ဘူးများ
စည်သွပ်ဘူးတွေဟာဆိုရင်လည်း တာရှည်ခံအစားအစာ စာရင်းဝင် အစားအစာတမျိုးဖြစ်ပြီး အသားငါး စည်သွပ်ဘူးတွေဟာ ၂ နှစ်ကနေ ၅ နှစ်လောက်အထိ တာာရှည်ခံတယ်လို့ သိရပါတယ်။
(၃) အသီးခြောက်များ
တာရှည် အထားခံအောင် ပြုလုပ်ထားတဲ့ အသီးခြောက်တွေဟာဆိုရင်လည်း လေလုံပြီး ခြောက်သွေ့တဲ့ ဘူးတွေထဲထည့်၊ ရေခဲသေတ္တာထဲ ထည့်သိမ်းမယ်ဆိုရင် အနည်းဆုံး ၆ လလောက်ထိ တာရှည် အထားခံပါတယ်။
(၄) အုတ်ဂျုံ
အမျှင်ဓာတ် ကြွယ်ဝပြီး ကျန်းမာရေးအတွက် သင့်တော်တဲ့ အုတ်ဂျုံဟာဆိုရင်လည်း တာရှည် အထားခံပြီး အနည်းဆုံး ၄ လကနေ ၈ လလောက်အထိ အထားခံပါတယ်။
(၅) ပဲအမျိုးမျိုး
ပဲအမျိုးမျိုးဟာဆိုရင်လည်း ပဲအမျိုးအစားပေါ် မူတည်ကာ တာရှည် အထားခံပါတယ်။ အနည်းဆုံး ၁ နှစ်ကနေ ၂ နှစ်လောက်အထိ အထားခံတယ်လို့ သိရပါတယ်။
Ref.www.insider.com
You may also like these stories:
နေမကောင်းတဲ့အခါ မြန်မြန် နာလန်ထစေဖို့ စားပေးသင့်တဲ့ အစားအစာများ
ချဉ်ငန်စပ်အရသာ ထိုင်းစတိုင် မာမားခေါက်ဆွဲသုပ် လုပ်စားကြမယ်
မရမ်းသီးရာသီမှာ ကျန်းမာရေးအတွက် မရမ်းသီး စားပေးသင့်တဲ့ အကြောင်းရင်း