Food

တပတ်မှာတကြိမ် သင်္ဘောသီးစားပေးရုံနဲ့ ရရှိနိုင်မယ့် ကောင်းကျိုးများ

အခုလို နွေရာသီနဲ့ အသင့်တော်ဆုံး အသီးအနှံတွေထဲမှာ သင်္ဘောသီးဟာလည်း တခုအပါအဝင်ဖြစ်ပြီး ရာသီမရွေး ရရှိနိုင်တဲ့ အသီးအနှံတမျိုးလည်းဖြစ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ တပတ်ကို တကြိမ်ခန့် သင်္ဘောသီး စားပေးရုံနဲ့ ရရှိနိုင်မယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။

(၁) အမြင်အာရုံကို ကောင်းမွန်စေတယ်

သင်္ဘောသီးမှာ ပါဝင်တဲ့ Cyptoxanthin, Zeaxanthin, Lutein ဓာတ်တွေဟာ အသက်အရွယ်ကြောင့် အမြင်အာရုံလျော့နည်းလာခြင်းနဲ့ မျက်စိမှုန်တာ၊ မျက်စိကျန်းမာရေးပြဿနာတွေ ခံစားရတာတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။

(၂) အစာချေစနစ်ကို ကောင်းမွန်စေနိုင်တယ်

သင်္ဘောသီးမှာ အမျှင်ဓာတ်နဲ့ အစာချေအင်ဇိုင်းဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် မကြာခဏဆိုသလို ရင်ပြည့်ရင်ကယ် ခံစားရတာ၊ အစာမကြေတာ စတာတွေကို သက်သာစေနိုင်ပြီး စားထားသမျှ အစားအစာတွေရဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်တာကြောင့် ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။

(၃) ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်

သင်္ဘောသီးဟာ ဗီတာမင်စီကြွယ်ဝတဲ့ အအသီးအနှံတမျိုး ဖြစ်တာကြောင့် ကိုယ်ခံအားစနစ်ကို မြင့်တက်စေပြီး ရောဂါပိုးမွှားတွေကို အလွယ်တကူ တိုက်ထုတ်ပေးနိုင်ပါတယ်။

(၄) အသားအရေကို ကြည်လင်စိုပြည်စေနိုင်တယ်

သင်္ဘောသီးမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေဟာ အသားအရေကို စိုပြည်ကြည်လင်စေနိုင်ပြီး အရွယ်မတိုင်ခင် အရေးကြောင်းတွေ ထွက်ပေါ်ခြင်း၊ နေလောင်ခြင်းကြောင့် အသားအရေ မွဲခြောက်ပျက်စီးခြင်းတွေကို ပြန်လည်ကုသပေးနိုင်ပါတယ်။

Ref. www.brightside.me

You may also like these stories:

နေမကောင်းတဲ့အခါ မြန်မြန် နာလန်ထစေဖို့ စားပေးသင့်တဲ့ အစားအစာများ

ချဉ်ငန်စပ်အရသာ ထိုင်းစတိုင် မာမားခေါက်ဆွဲသုပ် လုပ်စားကြမယ်

မရမ်းသီးရာသီမှာ ကျန်းမာရေးအတွက် မရမ်းသီး စားပေးသင့်တဲ့ အကြောင်းရင်း

Loading