ဒီတပတ်တော့ COVID-19 ကြောင့် အိမ်မှာပဲနေကြတဲ့အချိန် အလွယ်တကူပြင်ဆင်နိုင်မယ့် Sandwich လုပ်နည်းလေး ဝေမျှပေးချင်ပါတယ်။ စားနေကျ Sandwich တွေနဲ့မတူဘဲ တကိုက်စားလိုက်ရုံနဲ့ ပါးစပ်ထဲ မီးတောက်သွားသလို ပူစပ်စပ်အရသာခံစားမိစေမယ့် Fiery Chicken Sandwich ပါ။ နွေနေပူနဲ့ လိုက်ဖက်တဲ့ အစပ်အရသာအပြင် Cheese အရသာ ဆိမ့်ဆိမ့်လေးပါ ကဲထားတော့ ကလေး၊ လူကြီးမရွေး အကြိုက်တွေ့ကြမှာပါ။
အိမ်မှာနေရင်း မိသားစုတွေနဲ့အတူတူ လုပ်စားကြည့်မယ်ဆိုရင် အောက်ပါပစ္စည်းတွေ လိုအပ်ပါတယ်။
ထောပတ်
Sandwich ပေါင်မုန့်
Fire Chicken Noodle
String cheese
Mozzarella cheese
Cheddar cheese တို့လိုအပ်ပါတယ်။
အရင်ဆုံး ပေါင်မုန့်တွေကို မီးကင်ဖို့ ဒယ်အိုးပူလာရင် ထောပတ်အနည်းငယ်ထည့်ပါ။ ပေါင်မုန့် တချပ်ချင်းစီကို ရွှေအိုရောင်သမ်းသွားတဲ့အထိ ကင်ပေးပါ။
ပြီးရင်တော့ Fire Chicken Noodle ချက်ပါမယ်။ ရေဆူလာရင်ခေါက်ဆွဲထည့်ပြီး အနေတော်ဖြစ်ပြီဆိုရင် ရေ စစ်ပါ။ ပန်ကန်းလုံးထဲမှာ ပြုတ်ထားတဲ့ခေါက်ဆွဲနဲ့ အစပ်နှစ်ကို နယ်ပြီး ခဏဖယ်ထားပါ။
အားလုံးပြင်ဆင်ပြီးပြီဆိုရင် Fiery Chicken Sandwich စလုပ်လို့ရပါပြီ။ ထောပတ်နဲ့ မီးကင်ထားတဲ့ ပေါင်မုန့် တချပ်ပေါ်ကို Cheddar cheese တချပ်တင်ပါ။ အပေါ်ကနေ String cheese လေးတွေထပ်တင်ပါ။ Mozzarella cheese တင်ပြီးရင်တော့ Sandwich အလယ်မှာညှပ်ဖို့အတွက် ချက်ထားတဲ့ Fire Chicken Noodle ကို သင့်တော်သလောက် ထည့်ပါ။
ခေါက်ဆွဲအပေါ်ကနေ ခုနထည့်ခဲ့တဲ့အတိုင်း String cheese နဲ့ Cheddar cheese တချပ်တင်ပြီး Microwave ထဲမှာ ၂ မိနစ်လောက် ထားလိုက်ပါ။ နောက်ဆုံး မီးကင်ထားတဲ့ Sandwich ပေါင်မုန်အပေါ်က ထပ်တင်လိုက် မယ်ဆိုရင် တကိုက်စားလိုက်တိုင်း ချိစ်အမျှင်လေးတွေ တန်းနေသလို Fire Chicken Noodle ရဲ့အစပ်အရသာ ချိစ်ရဲ့ အဆိမ့်အရသာ တွေကို တပြိုင်တည်းခံစားမိစေမယ့် Homemade Fiery Chicken Sandwich လေးရပါပြီ။
Ref: Cookat
You may also like these stories:
နေမကောင်းတဲ့အခါ မြန်မြန် နာလန်ထစေဖို့ စားပေးသင့်တဲ့ အစားအစာများ
ချဉ်ငန်စပ်အရသာ ထိုင်းစတိုင် မာမားခေါက်ဆွဲသုပ် လုပ်စားကြမယ်
မရမ်းသီးရာသီမှာ ကျန်းမာရေးအတွက် မရမ်းသီး စားပေးသင့်တဲ့ အကြောင်းရင်း