ကိုဗစ်ကာလမှာ စားပေးသင့်တဲ့ အစားအစာများ
ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ ပြန့်ပွားနေတဲ့ ကာလမှာ လက်ကို မကြာခဏ ဆေးဖို့၊ မလိုအပ်ဘဲ အပြင်မထွက်ကြဖို့၊ ကိုယ်ခံအားကောင်းအောင် စားသောက် နေထိုင်ဖို့ ဆေးပညာရှင်တွေက အကြံပြုထားပါတယ်။
ကိုယ်ခံအားကောင်းနေစေဖို့နဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်မှုတွေ လျော့နည်းစေဖို့အတွက် ဘယ်လို အစားအစာတွေကို စားပေးသင့်တယ်ဆိုတာ အာဟာရပညာရှင်တွေက အခုလိုပဲ အကြံပြုထားပါတယ်။
(၁) ပန်းဂေါ်ဖီစိမ်း
ပန်းဂေါ်ဖီစိမ်းဟာ Antioxidant နဲ့ ဗီတာမင်စီ ကြွယ်ဝတဲ့ အစားအစာတမျိုး ဖြစ်တာကြောင့် ကိုယ်ခံအားစနစ်အတွက်ရော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကိုပါ ကာကွယ်ပေးနိုင်တဲ့ စူပါ အစားအစာ တမျိုးပါ။ ဆေးလိပ်သောက်သူတွေနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာရှိသူတွေ ပုံမှန်စားပေးသင့်တဲ့ အစားအစာတမျိုး ဖြစ်ပါတယ်။
(၂) ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာ ပါဝင်တဲ့ ဆာလဖာ ဒြပ်ပေါင်းတွေဟာ တုပ်ကွေး ကူးစက် ဖျားနာမှုတွေကို ကာကွယ်ပေးနိုင်ပြီး ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေတာကြောင့် နေ့စဉ်စားသောက်မှုမှာ ပါဝင်ထည့်သွင်း စားသုံးသင့်ပါတယ်။
(၃) ဟင်းနုနွယ်
ဟင်းနုနွယ်မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေဟာဆိုရင်လည်း ကိုယ်ခံအားစနစ်နဲ့ ခန္ဓာကိုယ် ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေတာကြောင့် ပုံမှန် စားပေးသင့်ပါတယ်။
(၄) ဒိန်ချဉ်
ဒိန်ချဉ်မှာ ပါဝင်တဲ့ ဘက်တီးရီးယားတွေဟာ လူ့ခန္ဓာကိုယ်အတွက် ကောင်းကျိုးများစွာ ဖြစ်ပေါ်စေတာကြောင့် တခြားသော အသင့်စား သရေစာတွေ စားသုံးမယ့်အစား ဒိန်ချဉ်ကို အချိုတွေ၊ အခြား အရသာတွေ မထည့်ဘဲ စားသုံးခြင်းက ကိုယ်ခံအားစနစ်ကို အထောက်အကူ ဖြစ်စေပါတယ်။
Ref. www.cnbc.com