ဒီတပတ်တော့ သင်္ကြန်ကာလလည်းဖြစ်၊ ရာသီဥတုလည်း ပူတော့ ရင်အေးစေမယ့် အချိုုစာလေးတွေ ဝေမျှ ပေးချင်ပါတယ်။ ကျန်းမာရေးနဲ့လည်း ညီညွတ်ပြီး အမျှင်ဓာတ်နဲ့ Antioxidant ကြွယ်ဝတဲ့ ထိုင်းအချိုပွဲ တမျိုးပါ။ အဓိက ပါဝင်တာကတော့ ကောက်ညှင်းငချိတ်ပါ။ အချိန်ကုန်သက်သာပြီး လုပ်ရတာလည်း လွယ်တာကြောင့် သင်္ကြန်ပိတ်ရက်မှာ မိသားစုနဲ့ အတူတူ လုပ်စားကြည့်ရအောင်။
ထိုင်းစတိုင် ကောက်ညှင်းငချိတ် ပူတင်း လုပ်ဖို့ —
ကောက်ညှင်းငချိတ်
သကြား
ဆား
Coconut milk (အုန်းနို့)
ကြက်ဥတို့ လိုအပ်ပါတယ်။
အရင်ဆုံး အဓိက ပါဝင်မယ့် ကောက်ညှင်းငချိတ်ကို ပေါင်းထားပါ။ ကောက်ညှင်းငချိတ်ကို မပေါင်းခင် ညဘက် ဒါမှမဟုတ် အနည်းဆုံး ၆ နာရီလောက် ရေစိမ်ထားရပါတယ်။ ကောက်ညှင်းငချိတ် ပေါင်းတဲ့အခါ ဆား၊ သကြားနဲ့ အုန်းနို့ကို ရေနဲ့ရောပြီး ပေါင်းပါ။ ကျက်ပြီဆိုရင် အအေးခံပြီး ပန်းကန်ထဲထည့်ထားပါ။
ပူတင်း လုပ်ဖို့ အုန်းနို့နဲ့ ကြက်ဥကို ခေါက်ပါမယ်။ အချိုကြိုက်တယ်ဆိုရင် သကြားနည်းနည်း ထပ်ထည့် ပါ။ ပြီးရင် ပေါင်းဖို့အတွက် ပန်းကန်လုံးတလုံးထဲထည့်ပြီး အပေါ်ကနေ အပူခံ ခဲစက္ကူအုပ်လိုက်ပါ။ အပူချိန် ၃၅၀ ဖာရင်ဟိုက်နဲ့ မိနစ် ၃၀ ကြာ ပေါင်းပေးရပါမယ်။
Oven ထဲ မိနစ် ၃၀ ကြာ ပေါင်းပြီးရင် အအေးခံပြီး ရေခဲသေတ္တာထဲ ခဏထည့်ထားပါ။ စားမယ်ဆိုရင် ပူတင်းကိုထုတ်ပြီး ပြင်ဆင်ပါမယ်။
ပန်းကန်လုံးတလုံးထဲ အရင်ဆုံး ပေါင်းထားတဲ့ ကောက်ညှင်းငချိတ်ကို ထည့်ပါမယ်။ ပြီးရင် ပူတင်းထည့်ပြီး အပေါ်ကနေ Whipped cream ဒါမှမဟုတ် Coconut cream ထည့်ပြီး ထိုင်းစတိုင် ကောက်ညှင်းငချိတ်ပူတင်း အချိုပွဲကို သုံးဆောင်နိုင်ပါပြီ။
ကြိုက်တယ်ဆိုရင် အုန်းသီးဖတ်တွေ၊ သရက်သီးစိတ်လေးတွေပါ ထပ်ထည့်စားလို့ရတယ်နော်။
Ref: The Spruce Eats
You may also like these stories:
ကိုဗစ်ကာလမှာ စားပေးသင့်တဲ့ အစားအစာများ
ပူစပ်စပ်မီးတောက်အရသာနဲ့ Fiery Chicken Sandwich ပြုလုပ်နည်း
တပတ်မှာတကြိမ် သင်္ဘောသီးစားပေးရုံနဲ့ ရရှိနိုင်မယ့် ကောင်းကျိုးများ