အိမ်မှာပဲ Stay Home နေချိန် အများဆုံးလုပ်စားဖြစ်တာပြောပါဆိုရင် အချိန်ကုန်သက်သာပြီး အရသာမျိုးစုံရှိတဲ့ ခေါက်ဆွဲပြုတ်လို့ပဲ ပြောရမယ်ထင်ပါတယ်။ ခေါက်ဆွဲပြုတ်ဟာ အချိန် ၃ မိနစ်လောက်နဲ့ အလွယ်တကူချက်ပြုတ်စားနိုင်တဲ့အတွက် ကြောင့်လည်း ဖြစ်ပါတယ်။ ခေါက်ဆွဲကို ဒီအတိုင်းပြုတ်စားတာထက် အရသာပိုကောင်းအောင်ထက်ချက်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဒီထဲကမှ အခုတလော ခေတ်စားနေတဲ့ ခေါက်ဆွဲကို ရေနွေးနဲ့မဟုတ်ဘဲ နွားနို့နဲ့ချက်တဲ့နည်းကို ဝေမျှ ပေးချင်ပါတယ်။
နွားနို့ခေါက်ဆွဲချက်ဖို့ လိုအပ်တာတွေက အောက်ပါအတိုင်းပါ။
ခေါက်ဆွဲခြောက်ထုတ်
နွားနို့
ကြက်သွန်ဖြူ
ကြက်သွန်မြိတ်
သခွားသီး
ငရုတ်သီးမှုန့် တို့လိုအပ်ပါတယ်။
နွားနို့ခေါက်ဆွဲချက်ဖို့ အရင်ဆုံး ခေါက်ဆွဲကို ပြုတ်ထားပါ။ နွားနို့ထဲ ရောထည့်ပြုတ်ရင် ဆူတက်လာလို့ ရေနွေး နဲ့ပဲ ပြုတ်ထားပြီး ခဏဖယ်ထားပါ။
ပြုတ်မယ့်အိုးထဲမှာ နွားနို့ထည့်ပါ။ ကြက်သွန်ဖြူ၊ ခေါက်ဆွဲထုတ်ထဲပါတဲ့ ရသာမှုန့်တွေနဲ့ အစပ်ကြိုက်ရင် ငရုတ်သီးမှုန့် ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပါ။ ဆူလာရင် ပြုတ်ထားပြီးသား ခေါက်ဆွဲထည့်ပါ။
သုံးမိနစ်လောက်ပြုတ်ပြီးသွားရင် အရည်တွေပျစ်လာပါလိမ့်မယ်။ နောက်ဆုံးချခါနီးမှာ ခပ်ပါးပါးလှီးထားတဲ့ ကြက်သွန်မြိတ်တွေနဲ့ ဆိမ့်ဆိမ့်လေးကြိုက်တယ်ဆိုရင် Cheese လေးတင်လိုက်ရင် အရင်စားနေကျအရသာ ခေါက်ဆွဲမျိုးနဲ့မတူဘဲ Creamy ဆန်ဆန် အဆိမ့်အရသာ နွားနို့ခေါက်ဆွဲအရသာကို မြည်းစမ်းကြည့်နိုင်ပါပြီ။
Ref: Aaron & Claire’s Korea
You may also like these stories:
ကိုဗစ်ကာလမှာ စားပေးသင့်တဲ့ အစားအစာများ
ပူစပ်စပ်မီးတောက်အရသာနဲ့ Fiery Chicken Sandwich ပြုလုပ်နည်း
တပတ်မှာတကြိမ် သင်္ဘောသီးစားပေးရုံနဲ့ ရရှိနိုင်မယ့် ကောင်းကျိုးများ