Dimsum၊ ဖက်ထုပ်၊ Gyoza လို့ဆိုလိုက်ရင် လုပ်နည်းအနည်းငယ်ကွဲပေမယ့် အရသာသွင်းထားတဲ့ ပင်လယ်စာ၊ အသားနဲ့ အသီးရွက်တွေကို ဂျုံပြားထဲ အစာသွပ်ထားတာကို အဆာပြေစာအနေနဲ့ စားကြတာကို သိကြပါတယ်နော်။ ဒီထဲကမှ ဂျပန်စတိုင် Gyoza လုပ်နည်းကို ဝေမျှပေးချင်ပါတယ်။
Gyoza လုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ အောက်ပါအတိုင်းပါ။
အမဲသား (ကြိုက်နှစ်သက်ရာ အသားသုံးနိုင်ပါတယ်)
ပုစွန်
ချင်း
ဂေါ်ဖီ
Samphire
Kikoman soy sauce
ခရုဆီ
နှမ်းဆီ တို့ လိုအပ်ပါတယ်။
အရင်ဆုံး Gyoza လုပ်ဖို့ အစာသွပ်မယ့် အသားနဲ့ အသီးရွက်တွေကို ပြင်ဆင်ပါမယ်။ အမဲသားကို အသုံးပြုထား ပါတယ်။ မစားတဲ့သူတွေက ကြိုက်နှစ်သက်ရာ အသားကို သုံးနိုင်ပါတယ်။ အမဲသားကို စဉ်းထားတာသုံးပါ မယ်။ အသားတမျိုးတည်းထက် အရသာပိုကောင်းအောင် ပုစွန်ကိုပါ နုတ်နုတ်စဉ်းပြီး ရောထည့်ပါမယ်။
အသီးရွက်ကိုလည်း အများကြီးမသုံးဘဲ နုတ်နုတ်စဉ်းထားတဲ့ Samphire နဲ့ ဂေါ်ဖီကိုပဲ ထည့်ပါမယ်။ Samphire အစား ကြက်သွန်မြိတ်သုံးလို့လည်း ရပါတယ်။ စဉ်းထားတဲ့ အသားနဲ့ အသီးရွက် Kikoman soy sauce ၊ ခရုဆီ နဲ့ နှမ်းဆီထည့်ပြီး အရသာဝင်အောင် နယ်ထားပါ။
အားလုံးပြီးပြီဆိုရင်တော့ ကိုယ်တိုင်ဂျုံနယ်မယ်ဆိုရင် နှပ်ထားတဲ့ ဂျုံသားကို အနေတော် အလုံးလေးတွေ ပိုင်း ပြီး အဝိုင်းပုံစံဖြန့်ပေးပါ။ အရွယ်စားဆင်တူဖြစ်အောင် ပန်းကန်လုံးနှုတ်ခမ်းအတိုင်း တိုင်းပြီးဖြတ်ပါ။ ရယ်ဒီမိတ်သုံး တဲ့ သူတွေကတော့ ပိုအဆင်ပြေပါတယ်။
စောစောက အရသာသွင်းထားတဲ့ အစာတွေကို ဂျုံပြားအလယ်မှာထည့်ပြီး အဖျားတွေကို ပိတ်လိုက်ပါ။ Gyoza လုပ် နည်းကတော့ ရလာတဲ့ ဖက်ထုပ်တွေကို ဒယ်အိုးပေါ်မှာ အောက်ခြေရွှေအိုရောင်ပြောင်းသွားတဲ့ထိ ကြော်ပြီးမှ ပေါင်းအိုးနဲ့ ပြန်ပေါင်းတဲ့ပုံစံပါ။ တကယ်လို့ ကြော်တာမကြိုက်ရင် တခါတည်း ပေါင်းအိုးထဲထည့်ပြီး ပေါင်းလို့ လည်းရပါတယ်။
ရလာတဲ့ Gyoza ကို နှမ်းဆီ၊ Kikoman soy sauce ထဲကို ဂျင်းနုလေးတွေ ပါးပါးလှီးထည့်ထားတဲ့ Sauce နဲ့ တွဲဖက်စားသုံးနိုင်ပါတယ်။
Ref: Pisang Susu