• English
Sunday, May 25, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Food

ဂျပန်စတိုင် ကြက်ဥ အသားညှပ်ပေါင်မုန့် လုပ်စားကြမယ်

by Aurora
31 May 2020
in Food
A A
ဂျပန်စတိုင် ကြက်ဥ အသားညှပ်ပေါင်မုန့်

ဂျပန်စတိုင် ကြက်ဥ အသားညှပ်ပေါင်မုန့်

10.1k
VIEWS
Share on FacebookShare on Twitter

ဒီတပတ်မှာတော့ လုပ်ရတာ လွယ်ကူပြီး အရသာလည်းရှိတဲ့ မနက်စာ မုန့်တမျိုး လုပ်နည်း ဝေမျှပေးချင်ပါတယ်။ Sandwich (အသားညှပ်ပေါင်မုန့်) လုပ်နည်း အမျိုးမျိုးရှိတဲ့ထဲက ဂျပန်စတိုင် ကြက်ဥအသားညှပ်ပေါင်မုန့် လုပ်နည်းကို ဝေမျှပေးချင်ပါတယ်။ စူပါးမားကတ်တွေမှာ အဆင်သင့် လုပ်ပြီးသားကို ဝယ်စားနိုင်တယ်ဆိုပေမယ့် ကိုယ်တိုင် အိမ်လုပ်အရသာကလည်း တမူ ထူးခြားစေပါတယ်။

ဂျပန်စတိုင် ကြက်ဥအသားညှပ်ပေါင်မုန့် လုပ်ဖို့ လိုအပ်တာတွေ မပြောပြခင် နည်းလမ်းတချို့ကို အရင်ပြောပြချင်ပါတယ်။ အဓိကသုံးမယ့် ကြက်ဥကို အနှစ် လိမ္မော်ရောင်နဲ့ လတ်ဆတ်တာမျိုးကို ရွေးပါ။ ဗမာကြက်ဥလို သဘာဝအတိုင်းရတဲ့ ကြက်ဥမျိုးက ပိုအရသာရှိပါတယ်။

RelatedPosts

အီလွန်မတ်စ် တက်စ်လာ က Robotaxi တွေကို ဇွန်လမှာ စမ်းသပ်တော့မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ က Robotaxi တွေကို ဇွန်လမှာ စမ်းသပ်တော့မယ်တဲ့

24 May 2025
252
မျက်တောင်များတောင် မခတ်ဝံ့သလိုပဲ ဆို

မျက်တောင်များတောင် မခတ်ဝံ့သလိုပဲ ဆို

24 May 2025
321
စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
528

ဂျပန်မှာတော့ Shokupan လို့ခေါ်တဲ့ နို့အရသာ ဆိမ့်ဆိမ့်လေး စားကောင်းတဲ့ ပေါင်မုန့်ကို သုံးပေမယ့် အလွယ်တကူ မရှိတဲ့အခါ နူးနူးညံ့ညံ့ဖြစ်တာမျိုး ရွေးပါ။ ကော်ဖီနဲ့ အလွန်လိုက်ဖက်မှုရှိပြီး အထူးသဖြင့် ချိုဆိမ့်အရသာ နို့ကော်ဖီနဲ့ တွဲစားမယ်ဆိုရင် အရမ်းအရသာရှိတဲ့ ဂျပန်စတိုင် ကြက်ဥအသားညှပ်ပေါင်မုန့်ပါ။

ဂျပန်စတိုင် ကြက်ဥအသားညှပ်ပေါင်မုန့် လုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကတော့

ကြက်ဥ
ပေါင်မုန့်
ထောပတ်
သကြား
ဆား
ငရုတ်ကောင်းမှုန့်
နို့
Mayonnaise (မရိုးနိစ်) တို့ လိုအပ်ပါတယ်။

အရင်ဆုံး ကြက်ဥကို ပြုတ်ပါမယ်။ ပြုတ်ထားတဲ့ ကြက်ဥတွေကို ရေခဲစိမ်ပါ။ ပြီးရင် အခွံနွှာပြီး ပန်းကန်လုံး တလုံးထဲမှာ ထည့်ပါ။ ကြက်ဥပြုတ်တွေကို ခရင်းနဲ့ မွသွားတဲ့ထိ ချေပါ။ ချေထားတဲ့ကြက်ဥပြုတ်ထဲကို အရသာ ပိုကောင်းသွားအောင် ဆား၊ သကြား အနည်းငယ် ထည့်ပါ။

ပြီးရင် ငရုတ်ကောင်းမှုန့် အနည်းငယ် ဖြူးပြီး နွားနို့ ထည့်ပါ။ အရသာမြည်းကြည့်ပြီး လိုအပ်တာ ပြင်ပါ။ အနေတော်ပဲဆိုရင် Mayonnaise (မရိုးနိစ်) ထည့်မွှေပါ။ အားလုံး နှံ့သွားပြီဆိုရင်တော့ ပေါင်မုန့်ကို ထောပတ် အရင်သုတ်ထားပါ။ ထောပတ်သုတ်ထားတဲ့ ပေါင်မုန့်ပေါ်ကို အရသာ သွင်းထားတဲ့ ကြက်ဥအနှစ်တွေ တင်လိုက်ပြီး ဖြန့်ပါ။

အပေါ်ကနေ နောက်ထပ် ပေါင်မုန့်တချပ် ထပ်အုပ်ပြီး ပန်းကန်ပြားနဲ့ ပိသွားအောင် အပေါ်ကနေ ဖိချပြီးရင် ၂ ပိုင်းပိုင်းပြီး သုံးဆောင်နိုင်ပါပြီ။ အရသာရှိပြီး အလွယ်တကူ လုပ်နိုင်တဲ့ ဂျပန်စတိုင် ကြက်ဥအသားညှပ်ပေါင်မုန့် (Tamago Sando) နဲ့ ကော်ဖီတခွက်က သင့်မနက်ခင်းကို ပြည့်စုံစေမှာပါ။

Ref: Just One Cookbook

Your Thoughts …
Tags: ကြက်ဥ အသားညှပ်ဂျပန်စတိုင်ပေါင်မုန့်
Aurora

Aurora

Contributor

Similar Picks:

ဂျပန်စတိုင် Takoyaki ရေဘဝဲလုံး

ဂျပန်စတိုင် ရေဘဝဲ Takoyaki လုပ်စားကြမယ်

by Aurora
18 October 2020
6.8k

Takoyaki ဟာ “ကင်ထား၊ ကြော်ထားတဲ့ ရေဘဝဲ”လို့ အဓိပ္ပာယ်ရပြီး၊ အများအခေါ်ကတော့ “ရေဘဝဲလုံး (သို့) ရေဘဝဲဖက်ထုပ်”လို့ ဆိုကြပါတယ်။

ပဲငံပြာရည်စိမ် ကြက်ဥကို ဂျပန်ခေါက်ဆွဲ Ramen တွေနဲ့လည်း တွဲစားလေ့ရှိပါတယ်။

သရေစာ (သို့မဟုတ်) အရံဟင်းအနေနဲ့ စားသုံးနိုင်တဲ့ ပဲငံပြာရည်စိမ် ကြက်ဥ လုပ်နည်း

by Aurora
8 December 2019
8.6k

အိုးတလုံးထဲမှာ ပဲငံပြာရည်ကို ရေနဲ့ရောပြီး သကြား အနည်းငယ် ထည့်ကာ ပွက်ပွက်ဆူအောင် တည်ပါ။ ဆူလာပြီ ဆိုရင်တော့ ပြုတ်ထားတဲ့ ကြက်ဥပြုတ်တွေကို ထည့်ပြုတ်ပါ။

ဂျပန်စတိုင် အမဲသား ဟော့ပေါ့ “Sukiyaki”

ရာသီဥတုအေးအေးနဲ့ လိုက်ဖက်တဲ့ ဂျပန်စတိုင် အမဲသား ဟော့ပေါ့

by Aurora
27 December 2020
4k

ဂျပန်လူမျိုးတွေသာမက နိုင်ငံခြားသားတွေပါ အရသာတွေ့တဲ့ Sukiyaki ဟာ တကယ့်ကို ဆောင်းညတွေရဲ့ အထူးညစာအဖြစ် အလိုက်ဖက်ဆုံးပါ။

ကလေးတွေအကြိုက် ချိစ်ကြက်သွန်ဖြူပေါင်မုန့်

အနံ့မွှေးမွှေးလေးနဲ့ အရသာဆိမ့်တဲ့ ချိစ်ကြက်သွန်ဖြူပေါင်မုန့်

by Aurora
6 December 2020
5.4k

အသင့်ရှိပြီးသား ကြက်သွန်ဖြူပေါင်မုန့်ကို သုံးနိုင်သလို၊ မရှိခဲ့ရင် အလွယ်တကူ လုပ်နိုင်မယ့် နည်းလမ်းလေးကို အရင်ဆုံး ပြောပြပေးချင်ပါတယ်။

ဂျပန်စတိုင် အမဲသား Gyoza

ဂျပန်စတိုင် အမဲသား Gyoza လုပ်စားရအောင်

by Aurora
10 May 2020
5.4k

စောစောက အရသာသွင်းထားတဲ့ အစာတွေကို ဂျုံပြားအလယ်မှာထည့်ပြီး အဖျားတွေကို ပိတ်လိုက်ပါ။

Next Post
သြစတြေးလျမှာ ကျင်းပခဲ့တဲ့ ကုလားအုတ်ပြိုင်ပွဲ

ပရိသတ် မပါဘဲ ကျင်းပခဲ့တဲ့ သြစတြေးလျက ကုလားအုတ်ပြိုင်ပွဲ

ချယ်ရီသင်းရဲ့ “မလို့ပဲခေါ်” သီချင်း  / Cherry Thin's Facebook

“မြန်မာဓလေ့နဲ့ မကိုက်လို့ သီချင်းမှာ မထည့်ခဲ့တာတွေ ရှိတယ်”

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

3 days ago
3.9k
တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

22 hours ago
3.5k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

    shares
    Share 0 Tweet 0
  • ဟိုတယ်လုပ်ငန်းရှင် ဦးအောင်မျိုးမင်းဒင် နောက်ကွယ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မိသားစုရှိနေသလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate