အသား၊ ငါးတွေမစားချင်လို့ ဟင်းတခွက်တည်းနဲ့ပဲ ထမင်းမြိန်ချင်တယ်ဆိုရင် နာမည်ကျော် ထိုင်း Street food တမျိုးကို ဝေမျှပေးချင်ပါတယ်။ ယိုးဒယားသွားရင် မဖြစ်မနေမြည်းစမ်းကြည့်သင့်တဲ့ထဲမှာ khai jia pu လို့ခေါ် တဲ့ ကဏန်းသား ကြက်ဥကြော်လည်း ပါ ပါတယ်။ ကိုယ်တိုင် အိမ်မှာလုပ်စားမယ်ဆိုလည်း လွယ်ကူရိုးရှင်းပါ တယ်။
ထမင်းပူပူလေးနဲ့တွဲစားရင် ခံတွင်းမြိန်စေမယ့် ထိုင်းနာမည်ကျော် Street food ကဏန်းသားကြက်ဥကြော်ဖို့ နှစ်ယောက်စာ အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေက အောက်ပါအတိုင်းပါ။
ကဏန်းအသား – ၁၀၀ ဂရမ်
ကြက်ဥ – ၄ လုံး
ဘဲဥ – ၁ လုံး
ယိုဒယားငံပြာရည် – စားပွဲတင်ဇွန်း ၂ ဇွန်း
ကြက်သွန်မြိတ်
ငရုတ်ကောင်းအဖြူမှုန့်
ဆီ တို့လိုအပ်ပါတယ်။
အများအားဖြင့် ကြက်ဥတမျိုးတည်းသုံးကြပေမယ့် ဒီနည်းမှာတော့ ကြက်ဥနဲ့ ဘဲဥကို ပေါင်းသုံးပြထားပါတယ်။ အရင်ဆုံး ကြက်ဥနဲ့ ဘဲဥတွေကို ပန်းကန်လုံးတလုံးထည့်ပြီး မွှေပါ။ မွှေနေတဲ့ထဲကို ယိုးဒယားငံပြာရည်နဲ့ ငရုတ် ကောင်းအဖြူမှုန့် ထည့်ပါ။
ကြက်ဥနဲ့ ဘဲဥတွေကို သေချာမွှေပြီးပြီဆိုရင်တော့ ကဏန်းအသားထည့်မွှေပါ။ နောက်ဆုံးမှာ ကြက်သွန်မြိတ် ထည့်လိုက်ပါ။ အားလုံးပြင်ဆင်ပြီးရင် စကြော်လို့ရပါပြီ။ ဆီကို ပုံမှန်ကြက်ဥ၊ဘဲဥ ကြော်တာထက် ပိုထည့်ပေး ရပါမယ်။
ကြက်ဥကြော်လိုက်တဲ့အခါ ပွတက်လာအောင် ဆီများများထည့်ပြီးလို့ ပူလာပြီဆိုရင် ကြက်ဥနဲ့ ကဏန်းအသား မွှေထားတာကို ထည့်ကြော်လိုက်ရုံပါပဲ။ တကယ်လို့ ဖောင်းဖောင်းဝိုင်းဝိုင်းလေးအတိုင်းလိုချင်တယ်ဆိုရင် ကြက် ဥထည့်ကြော်တဲ့အခါ သုံးတဲ့ ပုံစံခွက်လေးတွေ အသုံးပြုနိုင်ပါတယ်။
ဒီအတိုင်းကြော်မယ်ဆိုရင် ခေါက်ထားတဲ့ကြက်ဥအနှစ်တွေကို ဖြည်းဖြည်းချင်း ထည့်ကြော်ပြီး တဖက်မှာရွှေအို ရောင်သမ်းလာပြီဆိုရင်တော့ အဖျားနှစ်ဖက်ကို ခေါက်လိုက်ရုံပါပဲ။ ဆီစစ်ပြီး စားမယ့်ပန်းကန်ပေါ်တင်လိုက်ပါ။ လွယ်ကူးရိုးရှင်းပြီး အချိန်လည်းမကုန် အရသာလည်းရှိတဲ့ ထိုင်းကဏန်းသားကြက်ဥကြော်တခွက်ရပါပြီ။
စူပါမား ကတ်တွေမှာ ဝယ်လို့ရတဲ့ Thai sriracha chilli sauce (သို့) အုန်းနို့နံ့သင်းသင်းလေး Coconut sriracha နဲ့ တွဲဖက်စားနိုင်ပါတယ်။
Ref: Daily Dish