• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Food

ကိုရီးယားပဲနို့ ခေါက်ဆွဲရည် Kongguksu ချက်နည်း

by Aurora
12 July 2020
in Food
A A
ကိုရီးယားပဲနို့ ခေါက်ဆွဲရည် Kongguksu

ကိုရီးယားပဲနို့ ခေါက်ဆွဲရည် Kongguksu

11.3k
VIEWS
Share on FacebookShare on Twitter

ကိုရီးယားအစားအစာတွေထဲက နာမည်ကြီး အစားအစာ တမျိုးပါ။ ပဲအနှစ်ရည်နဲ့ ဂျုံခေါက်ဆွဲကို တွဲစားလိုက်ရတဲ့ အရသာက ကိုရီးယားနိုင်ငံကို အမြဲအမှတ်ရနေစေမယ်လို့တောင် ညွှန်းဆိုကြပါတယ်။ နာမည်ကျော် အစားအစာဖြစ်တဲ့ အပြင် နွေရာသီဓာတ်စာအဖြစ် ကိုရီးယားလူမျိုးတွေ စားလေ့ရှိတဲ့ Kongguksu (Soy Milk Noodle Soup) ချက်နည်းကို ဖော်ပြပေးချင်ပါတယ်။

RelatedPosts

မြိတ်မြို့

မြိတ်မြို့

11 May 2025
538
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
235
ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

7 May 2025
776

ကိုရီးယားပဲနို့ ခေါက်ဆွဲရည် ချက်ဖို့ လိုအပ်တာတွေကတော့ —

ပဲပိစပ်
နှမ်း
ထင်းရှူးစေ့
ဂျုံခေါက်ဆွဲ
ကြက်ဥ
သခွားသီး
ခရမ်းချဉ်သီးအသေးတို့ လိုအပ်ပါတယ်။

 

အရင်ဆုံး ပဲပိစပ်တွေကို ၁ ည ကြိုတင်ပြီး ရေစိမ်ထားပါ။ ၁ ည ရေစိမ်ထားတဲ့ ပဲပိစပ်တွေကို ရေစစ်ပြီး အိုကြီး တလုံးထဲမှာ ရေ ၂ ခွက်ထည့်၊ အိုးအဖုံးဖွင့်ထားပြီး မီးပြင်းပြင်းနဲ့ ၁၅ မိနစ်လောက် ပြုတ်ပေးပါ။ ပြီးရင်တော့ မီးအေးအေးနဲ့ အိုးအဖုံးပိတ်ပြီး နောက်ထပ် ၅ မိနစ်လောက် ထပ်တည်ပါ။

မိနစ် ၂၀ လောက် ပဲပိစပ်တွေကို ပြုတ်ပြီးရင် မီးဖိုပေါ်ကချ၊ အိုးအဖုံးဖွင့်ပြီး ၁၀ မိနစ်လောက် အအေးခံပါ။ ပြီးရင် ကြိတ်စက်ထဲကို ပဲပိစပ်ရယ်၊ ထင်းရှူးစေ့ရယ်၊ နှမ်းရယ်ရောပြီး ရေအေး ၃ ခွက်ထည့် ကြိတ်ပေးရပါမယ်။ သုံးမယ့် ကြိတ်စက် အမျိုးအစားပေါ်မူတည်ပြီး အရှိန်ပြင်းပြင်းနဲ့ ၁ မိနစ်၊ ၂ မိနစ်လောက် ပဲအရည်တွေ ပျစ်နှစ်လာတဲ့အထိ ကြိတ်ပေးပါ။

ကြိတ်စက်နဲ့ ကြိတ်ထားတဲ့ ပဲအနှစ်ရည်တွေကို ပန်းကန်လုံး တလုံး ဒါမှမဟုတ် ရေချိုင့်တခုထဲကို လောင်းထည့်ပြီး ရေခဲသေတ္တာထဲ ၂၄ နာရီ တရက်နီးပါးလောက် အအေးခံထည့်ထားဖို့ လိုပါတယ်။

Kongguksu ပဲနို့ခေါက်ဆွဲ ပြင်ဆင်ပါတော့မယ်။ ပဲအနှစ်ရည်နဲ့ စားမယ့် ဂျုံခေါက်ဆွဲကို စားမယ့်လူ အရေအတွက်ပေါ် မူတည်ပြီး ပြုတ်ပါ။ ၂ မိနစ်၊ ၃ မိနစ်လောက် ပြုတ်ပြီးရင် ရေစစ်ပြီး ရေအေးနဲ့ ဆေးချပါ။ ပြီးရင်တော့ စားမယ့် ပန်းကန်ထဲထည့်၊ ရေခဲသေတ္တာထဲ တရက်ကြာ အအေးခံထားတဲ့ ပဲအနှစ်ရည်ကို ဆမ်းလိုက်ရုံပါပဲ။

ဂျုံခေါက်ဆွဲအပေါ်ကနေ ပြုတ်ထားတဲ့ ကြက်ဥကို ၄ စိပ် စိပ်ပြီးတင်ပါ။ ခရမ်းချဉ်သီး အသေးလေးတွေရယ်၊ ပါးပါးလှီးထားတဲ့ သခွားသီးလေးပါ တင်လိုက်ပါ။ အရမ်းအေးတာ ကြိုက်သူတွေကတော့ ရေခဲတုံးလေးတွေပါ အရည်ထဲ ထည့်စားကြပါတယ်။

Ref: Maangchi

Your Thoughts …
Tags: ကိုရီးယားအစားအစာပဲနို့ခေါက်ဆွဲရည် ချက်နည်း
Aurora

Aurora

Contributor

Similar Picks:

ချမ်းအေးတဲ့ဒဏ်ကို အံတုနိုင်မယ့် ဆောင်းတွင်းနဲ့ အလိုက်ဖက်ဆုံး ကိုရီးယားအစားအစာတွေပဲ ဖြစ်ပါတယ်

ဆောင်းရာသီမှာ မြည်းစမ်းသင့်တဲ့ ကိုရီးယား အစားအစာ ၇ မျိုး

by Aurora
13 November 2018
10.4k

လတ်လတ်ဆတ်ဆတ် ကန်စွန်းဥတွေကို မီးသွေးမီးနဲ့ သေချာဖုတ်ထားတဲ့ ကန်စွန်းဥမီးဖုတ်ကလည်း အေးမြတဲ့ ဆောင်းတွင်း ညနေဘက်အတွက် အသင့်တော်ဆုံး အစားအစာတမျိုးပါ။

ကိုရီးယားအစားအစာ “တော့ပုကီ” (tteokbokki)

လူကြိုက်များတဲ့ ကိုရီးယားအစားအစာ “တော့ပုကီ” ပိတ်ရက်မှာ လုပ်စားကြမယ်

by Aurora
8 July 2018
47.6k

ပစ္စည်းအားလုံးစုံပြီဆိုရင် အရင်ဆုံး ဆန်မုန့်ချောင်းတွေကို ပွက်ပွက်ဆူနေတဲ့ ရေနွေးထဲ ၁၅ မိနစ်၊ မိနစ် ၂၀ လောက် စိမ်ထားပါ။

ကိုရီးယား ဆန်မုန့်ဟင်းရည်

ရာသီဥတုအေးအေးနဲ့ လိုက်ဖက်တဲ့ ကိုရီးယား ဆန်မုန့်ဟင်းရည်

by Aurora
24 January 2021
6.3k

ကိုရီးယားတောင်ဘက်ပိုင်း မြို့တွေမှာဆိုရင် ဆန်မုန့်ဟင်းရည်ထဲ ကမာအစိုတွေပါ ထည့်ချက်တတ်ကြပါတယ်။ ဆန်မုန့်ဟင်းရည်အတွက် လိုအပ်တာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ကိုရီးယားအစားအစာ Korilla  / Fitness Magazine

၁၅ မိနစ်နဲ့ လွယ်လွယ်ကူကူ ချက်လို့ရတဲ့ ကိုရီးယားအစားအစာ Korilla

by Aurora
5 February 2018
19.1k

Korilla က ဘာဘီကျူးဟင်းလျာ တမျိုးဖြစ်ပြီး ကိုရီးယားနာမည်ကျော် Bulgogi နဲ့ မတူတဲ့ အချက်က ဟင်းလျာ တခုလုံးကို သက်သတ်လွတ် သမားတွေအတွက် အသားမပါဘဲ ပြင်ဆင် ချက်ပြုတ်ထားလို့ပါ။

Next Post
ဆရာတော် ဦးကိတ္တိသာရ (မင်းသား ကျော်ဟိန်း)

ဦးကိတ္တိသာရ (ကျော်ဟိန်း) အပေါ် အနုပညာရှင်များရဲ့ ဝမ်းနည်းစကား (၂)

သရုပ်ဆောင် ဇင်မျိုး  / နေပိုင် / ဧရာဝတီ

ရိုက်ကူးရေးတွေ ပြန်စမယ့်ရက်ကို စောင့်နေတဲ့ ဇင်မျိုး

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

7 days ago
5.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
4.9k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate