စင်ကာပူနိုင်ငံရဲ့ စားသောက်ဆိုင်တွေမှာ မဖြစ်မနေ မြည်းစမ်းသင့်တဲ့ Signature အစားအစာတမျိုးပါ။ ချိုချဉ်ငန်စပ် အရသာစုံလင်တဲ့ ဟင်းအနှစ်ကြောင့် တခါစားရုံနဲ့ တသက်စွဲသွားမယ့် စင်ကာပူစတိုင် ကဏန်းဟင်းကို အိမ် မှာပဲ ချက်ပြုတ်ဖန်တီးနိုင်အောင် မျှဝေပေးချင်ပါတယ်။
၂၀၁၇ ခုနှစ် CNN က ရွေးချယ်ပေးတဲ့ ကမ္ဘာ့အရသာအ ရှိဆုံး ဟင်းလျာထဲမှာ တခုပါဝင်တဲ့ စင်ကာပူစတိုင် Chili Crab ချက်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်။
အဓိက ပစ္စည်းဖြစ်တဲ့ ကဏန်းကို အမျိုးအစားအများကြီးရှိတဲ့ထဲက ရွှံ့ကဏန်းက အကောင်းဆုံးနဲ့ အရသာရှိ ဆုံးဖြစ်လို့ ဒါကိုပဲ ရွေးချယ်ပါမယ်။ ကိုယ်နှစ်သက်သလို ဖန်တီးချက်ပြုတ်နိုင်တာမို့ ကဏန်းအမာမကြိုက်ရင် ကဏန်းပျော့သုံးလည်း ရပါတယ်။ ကဏန်းအပြင် တခြားပင်လယ်စာတွေပါ ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ပုစွန်၊ ခရု အစုံ ဖြည့်စွက်နိုင်ပါတယ်။
ကဏန်း
ငရုတ်သီး
ချင်း
ကြက်သွန်နီ
ကြက်သွန်ဖြူ
ကြက်သွန်မြိတ်
ပဲပိစပ်အနှစ်
သကြား
ketchup
ပြောင်းဖူးကော်မှုန့်
ကြက်ဥ စတာတွေ လိုအပ်ပါတယ်။
အရင်ဆုံး အသုံးပြုမယ့် ကဏန်းတွေကို သန့်စင်ထားပါ။ အညစ်အကြေးတွေ ဖယ်ထုတ်ပြီး ကဏန်းတကောင် ကို ၄ ပိုင်း ပိုင်းလိုက်ပါ။
ပြီးရင် ငရုတ်အနှစ် စချက်ပါမယ်။ ငရုတ်သီးအနီရောင်ရယ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းတို့ကို ကြိတ်စက် နဲ့ကြိတ်ထားတဲ့အနှစ်ကို ဆီသတ်ပါမယ်။ ဆီသတ်ထားတဲ့ အနှစ်ထဲကို ၄ပိုင်း ပိုင်းထားတဲ့ ကဏန်းတွေ ထည့်ပါ။
အနံ့မွှေးလာပြီဆိုရင် ပဲပိစပ်အနှစ်ထည့်ပြီး ၃ မိနစ်လောက် ချက်ပါ။ ပြီးရင်တော့ ရေထည့်ပြီး ဆူလာတဲ့အထိ တည်ပါ။ အရသာအတွက် သကြား၊ Ketchup နဲ့ ဆားအနည်းငယ်ထည့်ပါ။ အိုးအဖုံးပိတ်ပြီး နောက်ထပ် ၁၀ မိနစ်လောက် ထပ်တည်ပါ။
ဟင်းအနှစ်ပျစ်ပျစ်လေးဖြစ်သွားအောင် ပြောင်းဖူးကော်မှုန့်ကို ရေဖျော်ထည့်ပါ။ ဟင်းပျစ်လာပြီဆိုရင် ကြက်ဥ ဖောက်ထည့်ပြီး ၃ မိနစ်လောက် ထပ်ချက်ရုံနဲ့ ရပါပြီ။ ချဉ်ငန်စပ်အရသာစုံ ကဏန်းဟင်းတခွက်ပြည့်စုံသွား အောင် အပေါ်ကနေ ငရုတ်သီးစိမ်း၊ ကြက်သွန်မြိတ်ပါးပါးလှီးထားတာ ဒါမှမဟုတ် နံနံပင်ကြိုက်ရင် ဖြူးလိုက်ရုံပါ ပဲ။ ထမင်းပူပူနဲ့ လိုက်ဖက်သလို၊ မန်ထိုနဲ့လည်း စားလေ့ရှိကြပါတယ်။
Ref: Nyonya Cooking
You may also like these stories:
ချဉ်ငန်စပ်အရသာ ထိုင်းစတိုင် ငါးပိထမင်းကြော်
ထမင်းမြိန်စေမယ့် ထိုင်းကဏန်းသားကြက်ဥကြော်
နူးညံ့ပြီး ချိုဆိမ့်အရသာနဲ့ ကဏန်းအသားလုံးကြော်