Food

အနံ့အရသာ စုံတဲ့ ဗီယက်နမ်စတိုင် ထမင်းကြော်

Want create site? Find Free WordPress Themes and plugins.

ဒီတပတ် အလွယ်တကူ ချက်ပြုတ်ပြင်ဆင်နိုင်မယ့် ဗီယက်နမ် အစားအစာတမျိုးကို ရွေးချယ်ထားပါတယ်။ ဒါကတော့ အာရှတိုက်က နိုင်ငံတိုင်းလိုလိုမှာ တွေ့ရတတ်တဲ့ ထမင်းကြော်ပါ။ ဗီယက်နမ်အစားအစာတွေဟာ ချို၊ ချဉ်၊ ငန်၊ စပ်၊ ခါး စတဲ့ အရသာ အကုန်ပါအောင် ချက်ပြုတ်တတ်ကြသလို တရုတ်အစားအစာတွေရဲ့ လွှမ်းမိုးမှုလည်း ရှိနေပါတယ်။

ဗီယက်နမ်စတိုင် ထမင်းကြော်ကရော ဘယ်လိုပုံစံ ကြော်လေ့ရှိလဲဆိုတာ ဝေမျှသွားပါမယ်။ ဗီယက်နမ်စတိုင် ထမင်းကြော်ဖို့အတွက် လိုအပ်တဲ့ပစ္စည်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ထမင်း
တရုတ်ဝက်အူချောင်း
ကြက်ဥ
စပါးလင်
ကြက်သွန်ဖြူ
ကြက်သွန်နီ
မုန်လာဥနီ
ပဲစိမ်းလုံး
ဝက်သားကင်
နံနံပင်တို့ လိုအပ်ပါတယ်။

အရင်ဆုံး ထမင်းကြော်ထဲထည့်မယ့် အစာတွေကို ပြင်ဆင်ပါမယ်။ စပါးလင်ကို အတွင်းသားအဖြူအနုလေးတွေပဲ ယူပြီး နုတ်နုတ်စဉ်းထားပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ တို့ကို ပါးပါးလှီးထားပါ။ မုန်လာဥနီကိုလည်း အတုံးသေးလေးတွေ လှီးထားပါ။

တရုတ် ဝက်အူချောင်းနဲ့ ကြပ်တိုက်ထားတဲ့ ဝက်သားကင်ကို ပါးပါးလွှာထားပါ။ ပဲစိမ်းလုံးလေးတွေကို ပြုတ်ထားရပါမယ်။ စူပါမားကတ်က ခဲထားတဲ့ ရယ်ဒီမိတ် သုံးတယ်ဆိုရင်တော့ ရေခဲ အရည်ပျော်သွားအောင် ဆေးပေးလိုက်ရုံပါပဲ။

ထမင်း မကြော်ခင် ခေါက်ထားတဲ့ ကြက်ဥကို အရင်ကြော်ပါမယ်။ ကြက်ဥကို ငါးငံပြာရည် နည်းနည်းထည့်ပြီး မွှေပါ။ ဆီပူလာရင် ကြော်ပြီး ပါးပါးလှီး၊ ခဏဖယ်ထားပါ။

ပြီးရင် ထမင်းကြော်ပါမယ်။ ဆီပူလာရင် စပါးလင်၊ ကြက်သွန်ဖြူ/နီ ကိုအနံ့မွှေးလာတဲ့အထိ ဆီသတ်ပေးပါ။ အနံ့ မွှေးလာပြီဆိုရင် မုန်လာဥနီ၊ ပဲစိမ်းလုံးလေးတွေကို ၁ မိနစ်ခွဲလောက် ထည့်ကြော်ပါ။ ပြီးရင်တော့ ပါးပါးလွှာထားတဲ့ ဝက်အူချောင်းနဲ့ ဝက်သားကင်ကို နောက်ထပ် ၁ မိနစ်ခွဲလောက် ထည့်ကြော်ပါမယ်။

အားလုံးကျက်ခါနီးမှာ ထမင်းထည့်ပါ။ အရသာအတွက် ငါးငံပြာရည် အနည်းငယ် ထည့်ပါ။ ထမင်းပူလာတဲ့အထိ သမအောင် မွှေကြော်ပြီးရင် မီးလျော့လိုက်ပါ။ ကျန်နေတဲ့အပူရှိန်နဲ့ ကြော်ပြီး ပါးပါးလှီးထားတဲ့ ကြက်ဥကြော် ထည့်ပါ။

သံပုရာရည်ကို ထမင်းကြော်အနှံ့ ညှစ်ထည့်ပါ။ နည်းနည်းသမအောင် ထပ်မွှေပြီး ပန်းကန်ပေါ် တင်လိုက်ရင် အနံ့အရသာနဲ့ ပြည့်စုံတဲ့ ဗီယက်နမ်စတိုင် ထမင်းကြော်တပွဲ ရပါပြီ။ ကြိုက်တယ်ဆိုရင် ထမင်း ကြော်ပေါ်ကနေ နံနံပင် (သို့) ပင်စိမ်းရွက်လေး တင်လိုက်ပါ။

Ref: The Spruce Eats

You may also like these stories:

သက်သတ်လွတ် ရွှေဖရုံသီးဟင်း ချက်စားရအောင်

စင်ကာပူရဲ့ နာမည်ကျော် ကဏန်းငရုတ်ချက်

Did you find apk for android? You can find new Free Android Games and apps.
Loading