ဒီတပတ်တော့ လွယ်ကူရိုးရှင်းပြီး အရသာရှိတဲ့ နေ့လယ်စာ အဆာပြေ အကြော်တမျိုးကို ဝေမျှပေးချင်ပါတယ်။ ကင်းမွန်ကို ဟင်းချက်တာအပြင် ပေါ့ပေါ့ပါးပါး စားလို့ရတဲ့ အဆာပြေစာ အနေနဲ့လည်း ပြင်ဆင်နိုင်ပါတယ်။ ပုစွန်တန်ပူရာကြော်လိုမျိုး ကင်းမွန်ကို ကွင်းပုံစံလေးတွေ ကြော်ပြီး သူနဲ့တွဲဖက်ကာ ကြက်သွန်ကွင်းကြော်နဲ့ ငရုတ်ပွကြော်ကလည်း လိုက်ဖက်ညီပါတယ်။
ကင်းမွန်ကွင်းကြော်ဖို့အတွက် အောက်ပါအတိုင်း လိုအပ်ပါတယ်။
ကင်းမွန်အကောင်ကြီး
ကြက်ဥ
ကြက်သွန်နီဥကြီး
ငရုတ်ပွ
အကြော်မှုန့်
ပေါင်မုန့်ကြွပ်မှုန့်
sake (ဆန်အရက်)
ငရုတ်ကောင်းမှုန့် တို့ လိုအပ်ပါတယ်။
အရင်ဆုံး ကြော်မယ့် ကြက်သွန်နီဥကြီးကို အခွံနွှာပြီး အလယ်ကနေ ကွင်းပုံစံလေးတွေ လှီးထားပါ။ ပြီးရင် ငရုတ်ပွကိုလည်း အထဲက အူတိုင်ထုတ်ပြီး အဝိုင်းလိုက် လှီးထားပါ။
အသီးရွက်တွေ ပြင်ဆင်ပြီးသွားရင် ကင်းမွန် လုပ်ပါမယ်။ ကင်းမွန်အကောင်ကြီး သုံးရပါမယ်။ အရင်ဆုံး လက်တံတွေနဲ့ ခေါင်းကိုဖြတ်ပြီး သီးသန့်တခုစီ ပိုင်းဖြတ်ထားပါ။ ကိုယ်ကို အရေခွံစုတ်ပြီးရင်တော့ ကွင်းပုံစံလေးတွေ ရအောင် ၁ လက်မအရွယ် ပိုင်းဖြတ်ပါ။ ဖြတ်ထားတဲ့ ကင်းမွန်ကို sake (ဆန်အရက်) နဲ့ ငရုတ်ကောင်းမှုန့် ဖြူးပြီး နယ်ထားပါ။
ပန်ကန်းတလုံးထဲမှာ ကြက်ဥထည့်မွှေပါ။ ပြီးရင် ကြော်မယ့် ကြက်သွန်၊ ငရုပ်ပွနဲ့ ကင်းမွန်တွေကို အကြော်မှုန့်နဲ့ သမအောင် နယ်ပါ။ နယ်ပြီးရင် ကြက်ဥအနှစ်ထဲ ထည့်ပြီး နောက်ဆုံး ပေါင်မုန့်ကြွပ်မှုန့် ကပ်ပြီးရင် ကြော်ပါမယ်။
Deep fried ဖြစ်လို့ ဆီကို ဒယ်အိုး တဝက်လောက် ထည့်ပါ။ ဆီပူလာရင် ကြက်သွန်ကွင်း၊ ငရုပ်ပွတို့ကို အရင် ကြော်ပါ။ ရွှေအိုရောင်သမ်းလာရင် ပန်းကန်ပြားပေါ်မှာ အဆီစုပ်စက္ကူ တင်ပြီး စစ်ထားပါ။
ကင်းမွန်ကိုလည်း ကွင်းပုံစံလေးတွေ ကြော်ပါမယ်။ ရွှေအိုရောင်သမ်းလာရင် ဆီစစ်ပြီး ကြွပ်ကြွပ်ရွရွနဲ့ နေ့လယ်ခင်း အဆာပြေစာ “ကင်းမွန်ကွင်းကြော်” ရပါပြီ။
Ref: Tooktak
You may also like these stories:
ကြွပ်ကြွပ်ရွရွနဲ့ ချိုချဉ်အရသာ ဝက်သားချိုချဉ်ကြော်
ဗီယက်နမ် ရိုးရာအစားအစာ ဝက်ခြေထောက် သင်္ဘောသီးစွပ်ပြုတ်ရည်
အရှေ့တိုင်းနဲ့ အနောက်တိုင်း ပေါင်းစပ်မှု ကိုရီးယားအသားကင် ထမင်းဘာဂါ