• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Food

အစာကြေလွယ်ပြီး အာဟာရပြည့်တဲ့ ကိုရီးယားစတိုင် ပုစွန်ဆန်ပြုတ်

by Aurora
20 September 2020
in Food
A A
အာဟာရပြည့်တဲ့ ကိုရီးယားစတိုင် ပုစွန်ဆန်ပြုတ်

အာဟာရပြည့်တဲ့ ကိုရီးယားစတိုင် ပုစွန်ဆန်ပြုတ်

28.4k
VIEWS
Share on FacebookShare on Twitter

ဒီတပတ်တော့ အစာ ကြေလွယ်ပြီး နာလန်ထခါစ လူနာတွေအတွက် အားအမြန် ပြည့်စေတဲ့ ဆန်ပြုတ်ချက်နည်းကို ဝေမျှပေးချင်ပါတယ်။ ရိုးရိုးပုံမှန် ချက်နေကျ ဆန်ပြုတ်နဲ့ မတူဘဲ နှမ်းဆီအနံ့ မွှေးမွှေးနဲ့ အရသာ တမူထူးခြားတဲ့ ပုစွန်ဆန်ပြုတ်ပါ။ ကိုရီးယားလူမျိုးတွေကတော့ အားအမြန် ပြန်ပြည့်အောင် ပင်လယ်ခရုနဲ့လည်း ချက်စားလေ့ ရှိပါတယ်။

ကိုရီးယားစတိုင် ပုစွန်ဆန်ပြုတ်လုပ်ဖို့ အောက်ပါအတိုင်း လိုအပ်ပါတယ်။

RelatedPosts

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
13.1k
မြိတ်မြို့

မြိတ်မြို့

11 May 2025
589
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
257

ဆန်
ကြက်သွန်နီ
မုန်လာဥနီ
Zucchini (ဖရုံသခွား)
ကုဆိုင်
ရှီတာကီမှို
ပုစွန်
ကိုရီးယား Anchovy (ငါးနီတူခြောက်)
ရေညှိခြောက်
နှမ်းဆီ
ဆားတို့ လိုအပ်ပါတယ်။

အရင်ဆုံး ပြုတ်မယ့် ဆန်ကို ရေစင်စင်ဆေးပါ။ ပန်းကန်လုံးတလုံးထဲ ထည့်ပြီး ရေအေး မိနစ် ၃၀ လောက် စိမ်ထားပေးပါ။ ကြက်သွန်နီ၊ မုန်လာဥနီ၊ Zucchini (ဖရုံသခွား) နဲ့ ရှီတာကီမှိုတို့ကို ပါးပါး လှီးထားပါ။ မှိုအရင်းပိုင်းကို အချိုရည်အတွက် သုံးဖို့ ဖယ်ထားပါ။

ပုစွန်ကို အခွံနွှာပြီး သန့်စင်ထားပါ။ အေးခဲ ပုစွန်ကို သုံးမယ်ဆိုရင် ရေနွေးနွေးနဲ့ ရေခဲအရည်ပျော်အောင် ခဏ စိမ်ထားပါ။ ပုစွန်အကောင် အရွယ်စားကြီးရင် ထက်ဝက်ပိုင်းပါ။

ပြုတ်ရည် အရင်တည်ပါ။ ကိုရီးယား Anchovy (ငါးနီတူ) ငါးခြောက်လေးတွေကို အိုးထဲ စက္ကန့် ၂၀ လောက် လှော်လိုက်ပါ။ ပြီးမှ ရေထည့်ပြီး ရှီတာကီမှို အရင်းပိုင်း၊ ရေညှိခြောက်ထည့် ပွက်ပွက်ဆူအောင် တည်ပါ။ ဆူလာရင် ရေညှိဖတ်တွေ အရင် ဖယ်ပါ။

မီးအပူချိန် လျှော့ပြီး နောက်ထပ် ၁၀ မိနစ်လောက် တည်ပါ။ ၁၀ မိနစ်ကြာတည်ပြီးရင် ငါးခြောက်နဲ့ မှိုတွေကို ဖယ်လိုက်ပါ။ ဒါဆိုရင် ပြုတ်ရည်ရပါပြီ။

ဆန်ပြုတ်ပြုတ်ဖို့အတွက် ရေစိမ်ထားတဲ့ ဆန်ကို စစ်လိုက်ပါ။ ပြုတ်မယ့်အိုးထဲ နှမ်းဆီထည့်ပါ။ ဆီဆူလာရင် ဆန်ထည့်ပြီး စက္ကန့် ၂၀-၃၀ လောက် ဆီသတ်ပေးပါ။ ပြီးရင် ပါးပါးလှီးထားတဲ့ ကြက်သွန်နီ၊ မုန်လာဥနီ၊ Zucchini နဲ့ ရှီတာကီမှိုတို့ကို ထည့်ပါ။ နောက်ဆုံး ပုစွန်ထည့်ပြီး အားလုံးသမအောင် ၁ မိနစ်လောက် ဆီသတ်ပါ။

ပြုတ်ရည်နဲ့ ရိုးရိုးရေကို ဆတူရောပြီး လောင်းထည့်ပါ။ အိုးမကပ်သွားအောင် သစ်သားယောင်းမနဲ့ မွှေပေးပါ။ ၁၀-၁၂ မိနစ်လောက် ပွက်ပွက်ဆူအောင် တည်ပါ။ အိုးဖုံးကို မအုပ်ထားပါနဲ့။ ၁၂ မိနစ်လောက်တည်ပြီးရင် ဆန်နူးသွားပြီဆိုရင် အိုးချလိုက်လို့ ရပါပြီ။

စားခါနီးမှ အရသာရှိအောင် ဆားအနည်းငယ်နဲ့ ပဲငံပြာရည် အနည်းငယ် ထည့်ပါ။ ဆန်ပြုတ်ပေါ်ကနေ ကုဆိုင် ပါးပါးလှီးထားတာကို ဖြူးလိုက်ရင် အရသာရှိတဲ့ ပုစွန်ဆန်ပြုတ် ရပါပြီ။

Ref: futuredish

Your Thoughts …
Tags: ကိုရီးယားစတိုင်ဆန်ပြုတ်ပုစွန်
Aurora

Aurora

Contributor

Similar Picks:

မြန်မာတွေနှစ်သက်မယ့် ကိုရီးယားစတိုင်ပုစွန်ပဲငံပြာရည်စိမ်

အရသာထူးခြားတဲ့ ကိုရီးယားစတိုင် ပုစွန်ပဲငံပြာရည်စိမ်

by Aurora
3 November 2019
9.5k

အရင်ဆုံး ပဲငံပြာရည်စိမ်မယ့် ပုစွန်အကောင်ကြီးတွေကို အခွံမခွာဘဲ သန့်စင်ဆေးထားပါ။ ပြီးရင်တော့ ပုစွန်စိမ် ဖို့ ပဲငံပြာရည်ကို ဟင်းခတ်အရသာထည့်ပြီး ကြိုပါမယ်။

ကိုရီးယားစတိုင် ရေဘဝဲအစပ်ကြော်

ပိတ်ရက်မှာ ကိုရီးယားစတိုင် ရေဘဝဲအစပ်ကြော် လုပ်စားရအောင်

by Aurora
5 May 2019
17.4k

ရေဘဝဲ အစပ်ကြော်ဖို့ ဒယ်အိုးကို ဆီထည့်ပြီး အပူပေးပါမယ်။ ဆီပူလာပြီဆိုရင် ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ ဂျင်း၊ ငရုပ်သီးစိမ်း ထည့်ပြီး ဆီသတ်ပါ။

ကိုရီးယားစတိုင် မနက်စာ ပေါင်မုန့်မီးကင်

အလွယ်တကူ ပြင်ဆင်နိုင်တဲ့ ကိုရီးယားစတိုင် မနက်စာ ပေါင်မုန့်မီးကင်

by Aurora
28 July 2019
15.1k

ကြော်မယ့် ဒယ်အိုးကို ဆီပူပေးပြီး မီး အနည်းငယ်နဲ့ ကြော်ပါ။ ပေါင်မုန့် နှစ်ချပ်ကိုလည်း ထောပတ်သုတ်ပြီး ဒယ်အိုးထဲထည့် အပူပေးလိုက်ပါ။ မျက်နှာပြင် ရွှေအိုရောင် သမ်းပြီဆိုရင် ရပါပြီ။

အရသာချိုစပ်ရှိတဲ့ ကိုရီးယားစတိုင်ကြက်ကြော်

ကိုရီးယားစတိုင် ကြက်ချိုစပ်ကြော်

by Aurora
5 January 2019
16.3k

အားလုံးပြင်ဆင်ပြီးပြီဆိုရင် ကြက်သားကြော်ပါမယ်။ ဒယ်အိုးထဲ ဆီထည့်ထားပါ။ ဆီပူလာရင် ကြက်သားကို အညိုရောင်သမ်းသွားတဲ့အထိ ၁ မိနစ်ကျော်လောက် တဖက်စီကို ကြော်ပါ။

ကိုရီးယား ငရုတ်နှစ် ကြက်ကင်

ကိုရီးယား ငရုတ်နှစ် ကြက်ကင် လုပ်စားရအောင်

by Aurora
15 November 2020
4.4k

အရင်ဆုံး ကင်မယ့် ကြက်သားကို နှစ်သက်ရာ အနေတော် အတုံး တုံးထားပါ။ ပြင်ဆင်ဖို့ ၂ ယောက်စာအတွက် ကြက်သား ၄၅၀ ဂရမ် သုံးပါမယ်။

ပင်လယ်စာဟင်းပွဲနဲ့ ရေညှိထမင်းဆုပ်လုံး

ကိုရီးယားစတိုင် ပင်လယ်စာဟင်းပွဲနဲ့ ရေညှိထမင်းဆုပ်လုံး

by Aurora
3 October 2020
96.2k

ပိတ်ရက်မှာ မိသားစုတွေအတွက် အထူးပြင်ဆင် ချက်ပြုတ်ပေးမယ်ဆိုရင် ကိုရီးယားစတိုင် ပင်လယ်စာ အစပ်ဟင်းက တပွဲတည်းနဲ့ ပြည့်စုံပါလိမ့်မယ်။

Next Post
ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ ခွဲ ဥက္ကဌ နေအိမ်တွင် တွေ့ရသည့် လက်ပစ်ဗုံး   / ပိုးဥ

နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ ခွဲ ဥက္ကဌ နေအိမ် လက်ပစ်ဗုံးဖြင့် အပစ်ခံရ

၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လူထုအုံကြွမှုအတွင်း ရန်ကုန်မြို့အတွင်း တာဝန်ချထားခံရသော စစ်သည်တဦး  /  Science Source

မြန်မာ့ဒီမိုကရေစီ ခရီးရှည်တွင် ၈၈ စက်တင်ဘာ စွန့်လွတ်မှုများကို မမေ့နိုင်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.1k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
6.9k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate