Food

ချင်းနံ့ မွှေးမွှေးလေးနဲ့ ပုစွန်ပဲကြာဆံပေါင်း လုပ်စားရအောင်

Want create site? Find Free WordPress Themes and plugins.

ဒီတပတ် ထိုင်းနိုင်ငံရဲ့ ပင်လယ်စာဆိုင်တွေမှာ လူကြိုက်များတဲ့ ဟင်းလျာတမျိုးကို ဝေမျှပေးချင်ပါတယ်။ ချင်း၊ ငရုတ်ကောင်းနံ့ သင်းသင်းလေးနဲ့ တရုတ်နံနံပင်လေး အုပ်လိုက်ရင် ပြီးပြည့်စုံသွားစေမယ့် ပုစွန်ပဲကြာဆံပေါင်းပါ။ ချက်ပြုတ်ပြင်ဆင်ရတာ လွယ်ကူရိုးရှင်းတဲ့ ပုစွန်ပဲကြာဆံကို ဆီရွှဲရွှဲနဲ့ ကြော်တာမျိုး မဟုတ်ဘဲ ဆီနည်းနည်းနဲ့ မြေအိုး ဒါမှမဟုတ် Non-stick ဒယ်အိုးတို့နဲ့ ချက်တာပါ။

လိုအပ်တဲ့ ဟင်းအမယ်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ပဲကြာဆံ
ပုစွန်
ငရုတ်ကောင်းမှုန့်
ကြက်သွန်ဖြူ
ချင်း
ရှီတာကီမှို
တရုတ်နံနံ
နံနံပင်အမြစ်တို့ လိုအပ်ပါတယ်။

ပုစွန်ပဲကြာဆံ မချက်ခင် အရင်ဆုံး ထည့်မယ့် ဆော့စ် လုပ်ပါမယ်။ ပဲငံပြာရည်အကျဲ ၊ ခရုဆီ၊ ပဲငံပြာရည် အနှောက်၊ သကြား ၊ ရေ (သို့) ကြက်ပြုတ်ရည် ခွက်တဝက်နဲ့ ရောပြီး ပါဝင်ပစ္စည်းတွေ ပျော်ဝင်သွားတဲ့ထိ မွှေပေးပါ။

ပဲကြာဆံကို ရေနဲ့ ၁၀ မိနစ်လောက် စိမ်ထားပါ။ စိမ်ထားပြီးရင် ရေစစ်ပြီး ကပ်ကြေးနဲ့ ညှပ်ပါ။ ပုစွန်နဲ့ ပဲကြာဆံတို့ကို ဆော့စ်စမ်းပြီး သမအောင် နယ်ပါ။ ပါးပါးလှီးထားတဲ့ ရှီတာကီမှိုကိုပါ ရောနယ်ပါ။

ချက်မယ့် Non-stick အိုးထဲကို ဆီအနည်းငယ်ထည့်ပြီး ဓားပြားရိုက်ထားတဲ့ ချင်း၊ ကြက်သွန်ဖြူ၊ နံနံပင်အမြစ်၊ တရုတ်နံနံအရိုးတွေကို ဆီသတ်ပါ။

အနံ့မွှေးလာပြီဆိုရင် ဆော့စ်နဲ့ နယ်ထားတဲ့ ပဲကြာဆံ၊ မှို၊ ပုစွန်တို့ကိုထည့်ပြီး အဖုံးအုပ်ထားပါ။ ဆော့စ်အရည် ပွက်ပွက်ဆူသံကြားရင် မီးလျော့ပြီး နောက်ထပ် ၂ မိနစ်လောက်ချက်ပေးပါ။

ပဲကြာဆံနဲ့ ပုစွန်ကို နှံ့အောင်မွှေပါ။ ဆော့စ်အရည် ခန်းသွားတဲ့ထိ နောက်ထပ် ၂ မိနစ်လောက် ထပ်ချက်ပေးပါ။ မြည်းကြည့်လို့ ပုစွန်နဲ့ ပဲကြာဆံ မနူးသေးရင် ရေ ဒါမှမဟုတ် ကြက်ပြုတ်ရည် အနည်းငယ်ထပ်ထည့်ပြီး ချက်ပါ။

ကျက်သွားပြီဆိုရင်တော့ တရုတ်နံနံလေး အုပ်လိုက်ရင် ရပါပြီ။ ချင်းနံ့ မွှေးမွှေးလေးနဲ့ အရသာရှိတဲ့ ထိုင်းစတိုင် ပုစွန်ပဲကြာဆံပေါင်းကို ပင်လယ်စာဆော့ (သို့) ထိုင်းချဉ်စပ်ဆော့စ်နဲ့ တွဲဖက်စားလေ့ ရှိပါတယ်။

Ref: BrassWok

You may also like these stories:

ဂျပန်စတိုင် ရေဘဝဲ Takoyaki လုပ်စားကြမယ်

အနံ့အရသာ ထိမိမယ့် တုံယမ်းထမင်းကြော်

ကိုရီးယားစတိုင် ပင်လယ်စာဟင်းပွဲနဲ့ ရေညှိထမင်းဆုပ်လုံး

Did you find apk for android? You can find new Free Android Games and apps.
Loading