အနံ့မွှေးမွှေးလေးနဲ့ အရသာဆိမ့်တဲ့ ချိစ်ကြက်သွန်ဖြူပေါင်မုန့်
ဒီတပတ် ကလေးတွေအကြိုက် မနက်စာ ပြင်ဆင်ပေးချင်တဲ့ မေမေတွေအတွက် ဝေမျှပေးချင်ပါတယ်။ ကြက်သွန်ဖြူနံ့ သင်းသင်းလေးနဲ့ တကိုက် ကိုက်လိုက်တိုင်း ချိစ်အမျှင်တွေ ပါလာမယ့် ချိစ်ကြက်သွန်ဖြူပေါင်မုန့် မနက်စာကို ပြင်ဆင်ကြရအောင်။ လွယ်ကူရိုးရှင်းပြီး ပေါင်မုန့် ကြွပ်ကြွပ်ရွရွလေးနဲ့ ချိစ်ဆိမ့်ဆိမ့်လေးက အလွန်ပဲ လိုက်ဖက်တာမို့ လူကြီးတွေပါ နှစ်သက်ကြမှာပါ။
ချိစ်ကြက်သွန်ဖြူပေါင်မုန့် လုပ်ဖို့ လိုအပ်တာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ပေါင်မုန့်
ကြက်သွန်ဖြူ
Mozzarella cheese
Cheddar cheese
ထောပတ်
ငရုတ်ကောင်းမှုန့် အနည်းငယ် လိုအပ်ပါတယ်။
အသင့်ရှိပြီးသား ကြက်သွန်ဖြူပေါင်မုန့်ကို သုံးနိုင်သလို၊ မရှိခဲ့ရင် အလွယ်တကူ လုပ်နိုင်မယ့် နည်းလမ်းလေးကို အရင်ဆုံး ပြောပြပေးချင်ပါတယ်။
ပေါင်မုန့်အဖြူကို ဘေးသားတွေ လှီးထုတ်ပါ။ ပန်းကန်လုံးတလုံးထဲမှာ ထောပတ်၊ သကြား၊ ထောင်းထားတဲ့ ကြက်သွန်ဖြူအနှစ်၊ ငရုတ်ကောင်းမှုန့်၊ ချိစ်၊ parsley မှုန့်အနည်းငယ် ထည့်ပြီး သမအောင် မွှေပါ။ မွှေထားတာကို ပေါင်မုန့်ပေါ်မှာ သုတ်လိမ်းပြီး non-stick ဒယ်အိုးပြားထဲမှာ ကြွပ်ရွလာတဲ့အထိ အပူပေးလိုက်ပါ။
ပြီးမှ အပေါ်ကနေ Mozzarella cheese နဲ့ Cheddar cheese တင်ပြီး Oven ထဲမှာ ချိစ်ပျော်သွားအောင် ၂ မိနစ် ကနေ ၄ မိနစ်ထိ ထားလိုက်ရုံပါပဲ။ နောက်ဆုံးမှာ Parsley မှုန့်လေး ထပ်ဖြူးလိုက်ရင် ပြီးပြည့်စုံပါပြီ။
French bread နဲ့လုပ်မယ်ဆိုရင်တော့ အပေါ်ကအတိုင်းပြင်ဆင်ပြီး Baking sheet ပေါ်တင် Oven ထဲ ၁၂ မိ နစ်ကနေ ၁၅ မိနစ်ထိ ထားပေးပါ။ ချိစ်တွေ အရည်ပျော်သွားပြီး ပေါင်မုန့်သား ကြွပ်ကြွပ်လေးကြိုက်ရင် နောက်ထပ် ၁ မိနစ် ၂ မိနစ်လောက် ထပ်ထားပါ။ နောက်ဆုံးမှာ Parsley မှုန့်လေး ထပ်ဖြူးလိုက်ရင် ပြီးပြည့်စုံပါပြီ။
Ref: The Recipe Critic
You may also like these stories:
အနံ့အရသာ ထိမိမယ့် တုံယမ်းထမင်းကြော်
နယူးဒေလီမှာ ဖွင့်လှစ်လိုက်တဲ့ “CoCo Ichibanya” ဂျပန်ဟင်းအနှစ်ဆိုင်