လိင်ဆက်ဆံခြင်းကြောင့် စိတ်ဖိစီးမှုတွေလျော့ကျစေတယ်၊ နာကျင်မှုတွေကို သက်သာစေတယ်။ အရွယ်တင် နုပျိုစေတယ် လို့ ဆိုကြပါတယ်။ ဒီလို အကျိုးကျေးဇူးတွေရနိုင်သလို ချောဆီ (ဂျယ်လို့လည်းသိကြပါတယ်) ကို အသုံးပြုခြင်းအားဖြင့် ကိုယ့်ရဲ့ ခံစားမှုကို ပိုမိုကောင်းမွန်စေပြီး တော့ တခြားကျန်းမာရေးဆိုင်ရာ အကျိုးတွေကိုလည်း ရရှိနိုင်ပါသေးတယ်။ ၂၀၀၉ ခုနှစ်မှာ အမေရိကန်နိုင်ငံ Indiana တက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတခုအရ ချောဆီ အသုံးပြုတဲ့ အမျိုးသမီးများဟာ လိင်ဆက်ဆံစဉ် အတွင်းမှာ ပိုပြီးတော့ ကျေနပ်နှစ်သိမ့်မှုကို ခံစားရတယ်လို့ သိရပါတယ်။
“ပွတ်တိုက်မှုတွေနဲ့ ကျိန်းစပ်မှုတွေကို လျှော့ချနိုင်ပြီး လိင်ကိစ္စမှာ ကျေနပ်နှစ်သိမ့်မှုရရှိနိုင်ဖို့ အတွက် စုံတွဲ အများစုက ချောဆီ ကို ရွေးချယ်ကြပါတယ်။” လို့ နယူးယောက်မြို့ Cornell တက္ကသိုလ် ဆေးကျောင်းက နည်းပြဆရာတယောက် ဖြစ် တဲ့ ဒေါက်တာ Matthew Wosnitzer ကပြောပါတယ်။ လက်တွေ့မှာ အမျိုးသား အမျိုးသမီး တဝက်ကျော်က လိင်ဆက်ဆံ စဉ်မှာ ချောဆီကို အသုံးပြုခဲ့ကြတယ်လို့ Sexual Medicine ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လေ့လာမှုအရသိရပါတယ်။
ကျွမ်းကျင်သူတွေက ပြောကြတဲ့ ချောဆီ အသုံးမပြုခင်မှာ စဉ်းစားရမယ့် အချက်တွေကို ဖော်ပြလိုက်ပါတယ်။
(၁) သက်တောင့်သက်သာ မရှိမှုကို လျှော့ချနိုင်ဖို့ အတွက် အတွက်ချောဆီမှာ lidocaine နဲ့ benzocaine လို ဆေးဝါးမျိုး တွေပါဝင်တတ်တယ်လို့ အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ် Whole Health Psychological စန်တာက အမှုဆောင် ဒါ ရိုက်တာ ဒေါက်တာ Rachel Needle ကပြောပါတယ်။
“အဲဒီအရာတွေက အရေပြားကို ထုံထိုင်းစေပြီးတော့ နာကျင်မှုကို လျှော့ချပေးပါတယ်။ ဒါပေမယ့် နာကျင်မှုဆိုတာက ကျမ တို့ရဲ့ ကိုယ်ခန္ဓာထဲမှာ တခုခုထိခိုက်နေပြီဆိုတာကို ဖော်ပြခြင်း ဖြစ်ပါတယ်။ နာကျင်နေတယ်ဆိုတာကို သိနိုင်ဖို့ အရေးကြီး ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ (အတွင်းမှာ) ထိခိုက် ပွန်းရှမှုကနေ တဆင့် လိင်ဆက်ဆံမှုကနေ ကူးစက်နိုင်တဲ့ ရောဂါ (STD) တွေ ကူးစက်နိုင်တဲ့ အန္တရယ် ပိုများစေလို့ ဖြစ်ပါတယ်။” လို့ ဒေါက်တာ Rachel Needle ကဆိုပါတယ်။
(၂) “လူတိုင်းသုံးစွဲဖို့ မသင့်ဘူးဆိုတဲ့ ချောဆီမျိုးတော့ မရှိဘူးလို့ ကျမထင်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေကို ထိုခိုက် စေနိုင်တဲ့ ပါဝင်ပစ္စည်း တချို့တော့ ရှိပါတယ်။” လို့ အမေရိကန်နိုင်ငံ ကိုလံဘီယာ တက္ကသိုလ်က ပါမောက္ခ ဒေါက်တာ Hilda Hutcherson ကပြောပါတယ်။
“ဥပမာ glycerin ပေါ့။ သူက သကြားဓာတ်ပါတဲ့ အတွက် အမျိုးသမီး တွေမွေးလမ်းကြောင်းမှာ မှိုပိုးဝင်တာမျိုး ဖြစ်တတ်ပါ တယ်။ အနံ့ပါတဲ့ ချောဆီလိုမျိုး တခြား သကြားဓာတ်ပါတဲ့ ချောဆီတွေကြောင့် တချို့ အမျိုးသမီးတွေ စပ်ဖျင်းဖျင်း ခံစားရ တာ မျိုးတွေရှိပါတယ်။” ဒေါက်တာ Hilda Hutcherson ကတော့ glycerin အမျိုးမျိုး မပါဝင်တဲ့ KY နဲ့ Lelo ချောဆီ အမျိုး အစားတွေ အသုံးပြုဖို့ အကြံပေးပါတယ်။
(၃) ကောင်းမွန်တဲ့ ချောဆီဆိုတာက သုတ်ပိုးကို ထိခိုက်မှုမရှိရပါဘူး။ PH အဆင့်ကိုလည်း လိုက်လျောညီထွေဖြစ် အောင် ထိန်းထားနိုင်ရပါမယ်။ သုတ်ပိုးကို အထောက်အကူဖြစ်စေမယ့် antioxidant တွေ ရှိရပါမယ်။ လို့ ဒေါက်တာ Matthew Wosnitzer ကပြောပါတယ်။
(၄)“တချို့ချောဆီတွေမှာ ပရုပ်လိုမျိုး ပစ္စည်းတွေပါဝင်တတ်တဲ့ အတွက် အမျိုးသမီးတချို့ ပူလောင်ကျိန်းစပ်မှုကို ဆိုးဆိုး ရွားရွား ခံစားရပါတယ်။” လို့ ဒေါက်တာ Hilda Hutcherson ကပြောပါတယ်။
“တကယ်လို့ အမျိုးသမီးတွေ အနေနဲ့ မသေချာဘူးဆိုရင် အမျိုးသမီး အင်္ဂါနဲ့ နှုတ်ခမ်းသားမှာ နည်းနည်းတို့ပြီး စမ်းကြည့်ပါ လို့ ကျမပြောချင်ပါတယ်။ တကယ်လို့ ပူလောင်မှုကို ခံစားရတယ် သက်တောင့်သက်သာ မဖြစ်ဘူးဆိုရင် အသုံးမပြုပါနဲ့။ ပြဿနာရှိလာမှာကို စိုးရိမ်တယ်ဆိုရင် ကြိုတင်စမ်းသပ်ကြည့်ပါ။” လို့လည်း သူကပြောပါတယ်။ ပါဝင်ပစ္စည်း အမျိုးမျိုးရှိတဲ့ ချောဆီ အမျိုးမျိုးကို ဝယ်ယူပြီး ၂ယောက်လုံးအတွက် အဆင်ပြေမယ့်ဟာကို စမ်းသပ်သုံးစွဲကြဖို့လည်း သူက အကြံပြု လိုက်ပါတယ်။
(၅) “တချိူ့လူတွေက အုန်းဆီနဲ့ တခြား အိမ်သုံးဆီတွေကိုလည်း အသုံးပြုကြပါတယ်။ ဒီနေရာမှာ အရေးအကြီးဆုံး ပြဿ နာက ဒီလိုဆီမျိုးတွေက ကွန်ဒုံးကို ပေါက်ပြဲပျက်စီးစေနိုင်တာပါပဲ။ အိပ်ယာခင်းကိုလည်း ညစ်ပေစေနိုင်ပါတယ်။” လို့ ဒေါက်တာ Hilda Hutcherson ကပြောပါတယ်။ တကယ်လို့ အိမ်သုံးဆီကို ချောဆီ အဖြစ်သုံးမယ်ဆိုရင်တော့ ကွန်ဒုံး မသုံးဖို့ သူက အကြံပြုပါတယ်။
“ရေနံထွက် ဓါတုပစ္စည်းတွေကို အခြေခံတဲ့ Vaseline လိုမျိုးချောဆီတွေကလည်း သိပ်သုံးလို့ မကောင်းပါဘူး။ ဆေးကျော သန့်စင်ဖို့ အချိန်ယူရသလို ပူလောင် နာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။” လို့ ဒေါက်တာ Rachel Needle ကဆိုပါတယ်။ ဟင်း သီးဟင်းရွက်ဆီလိုမျိုး သဘာဝအဆီကို အခြေခံတဲ့ ချောဆီတွေကတော့ စိတ်ချရပါတယ်လို့လည်း ပြောပါတယ်။
ကြိုတင်ပြင်ဆင်မှုလည်း မရှိဘူး အိမ်သုံးဆီတွေကိုလည်း အိပ်ခန်းထဲမှာ မသုံးချင်ဘူးဆိုရင်တော့ ရေများများသောက်ဖို့ ဒေါက်တာ Hilda Hutcherson ကပြောပါတယ်။“ တကယ်လို့ ရေဓာတ်ခမ်းခြောက်နေမယ်ဆိုရင် သဘာဝချောဆီ ထွက် လာဖို့ ခက်ပါတယ်။”
(၆) တချို့တွေက ချောဆီ အသုံးပြုရတာ လိင်ဆက်ဆံမှုမှာ အနှောက်အယှက်ဖြစ်စေတယ်။ ကိုယ်တိုင် ချောဆီမထုတ် နိုင်ရင် ကိုယ့်ရဲ့ အဖော်က တမျိုးထင်သွားမှာ ကို စိုးရိမ်ကြပါတယ်။
“လူတိုင်း ချောဆီ ရှိထားဖို့ လိုတယ်လို့ ကျမထင်ပါတယ်။ တချိန်ချိန်မှာတော့ ဒါကိုလိုအပ်မှာပါပဲ။ ဒါကို လိုအပ်တာက သဘာ၀ မကျတဲ့ အရာမဟုတ်ပါဘူး။ လိုအပ်ရင် သုံးစွဲနိုင်အောင် လုပ်ထားပါ။” လို့ ဒေါက်တာ Hilda Hutcherson က အကြံပေးထားပါတယ်။
Source: www.everydayhealth.com