အသားအရေကြည်လင်ချင်ပါသလား။ စိတ်ခံစားမှုကို ကောင်းမွန်လာစေချင်ပါသလား။ ကင်ဆာ၊ နှလုံးရောဂါနဲ့ တခြား ကျန်းမာရေး ဆိုင်ရာအန္တရယ်တွေ ကိုလျှော့ချချင်ပါသလား။ မျက်လှည့်လို စွမ်းတဲ့ဆေး မျိုး မဟုတ်ပေမယ့် အဖြေက အိပ် ရာ ထဲမှာ ရှိနေတယ်လို့ အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်က ကျန်းမာရေးနဲ့ ဆေးပညာဆိုင်ရာ စာရေးဆရာမ တဦး ဖြစ်တဲ့ Madeline Vann နဲ့ လူဝီစီယားနား ပြည်နယ်တက္ကသိုလ် က တွဲဖက်ပါမောက္ခ တဦးဖြစ်တဲ့ ဒေါက်တာ Pat F. Bass တို့က ပြောပါတယ်။
အမေရိကန်နိုင်ငံ Maine တက္ကသိုလ်က မိသားစု ဆက်ဆံရေးနဲ့ လိင်မှုသဘာ၀ ပါမောက္ခ ဒေါက်တာ Sandra L. Caron ကလည်း “လိင် ဆက် ဆံခြင်းကြောင့် ကျန်းမာရေး အကျိုးကျေးဇူးတွေရနိုင်ကြောင်း ဖော်ပြတဲ့ လေ့လာမှုတွေ အများကြီး ရှိခဲ့ပါတယ်။ အများစုကတော့ လိင်ဆက်ဆံမှုရဲ့ အထွဋ် အထိပ်ကို ရရှိခြင်းနဲ့ သက်ဆိုင်ပါတယ်။” လို့ဆိုပါတယ်။
ဒါကြောင့် လိင်ဆက်ဆံခြင်းကနေ ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုး အမြတ်တွေထဲက (၇) မျိုးကို ဖော်ပြလိုက်ပါတယ်။
(၁) နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ တခြား ကိုယ်လက်လှုပ်ရှားမှုတွေလိုပဲ သင့်တင့်စွာ လိင်ဆက်ဆံခြင်းက နှလုံးရဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။ လေ့လာမှုတွေ အများအပြားအရဆိုရင် စိတ်ကျေနပ်မှု အထွဋ် အထိပ် အခြေအနေကို အကြိမ်များများရလေလေ နှလုံးနဲ့ဆိုင်တဲ့ ကိစ္စတွေဖြစ်တဲ့ လေဖြတ်တာလိုမျိုး၊ နှလုံးရောဂါလိုမျိုး အဖြစ် တွေ ကြုံရနိုင်တဲ့ အန္တရယ်ကို လျှော့ချနိုင်လေပဲလို့ သိရပါတယ်။ လိင်ဆက်ဆံမှုကို အားစိုက်ခွန်စိုက်ပြုလုပ်ခြင်းက နှလုံးကို ထိခိုက်စေတယ်လို့ စိုးရိမ်သူတွေ ရှိကြပေမယ့် လေ့လာဆန်းစစ်သူပညာရှင်တွေကတော့ လိင်ဆက်ဆံခြင်း ကြောင့် နှလုံးဟာ ၁နာရီကို ၄မိုင် ကနေ ၆မိုင်လောက် အမြန်နှုန်းနဲ့ လမ်းလျှောက်သလောက် အလုပ်လုပ်ရတယ်လို့ ပြော ပါတယ်။ အဲဒါက နှလုံးအတွက် အထောက်အကူဖြစ်စေတယ်လို့ ဆိုကြပါတယ်။
(၂) နာကျင်မှုကို သက်သာစေပါတယ်။ ကိုယ့်ချစ်သူကို ဒါမှ မဟုတ် သူ့ရဲ့ ဓာတ်ပုံကိုပဲဖြစ်ဖြစ် ကြည့်ရရင် နာကျင်မှုတွေ သက်သာပါတယ်။ မေ့ဆေးဆရာဝန်တွေက စမ်းသပ်ချက်တခု အနေနဲ့ လူနာတွေကို သူတို့ချစ်ခင်သူရဲ့ ဓာတ်ပုံတွေပြတာ၊ ဆွဲဆောင်မှုရှိတဲ့ လူတ စိမ်းတယောက်ရဲ့ ပုံတွေပြတာ၊ စကားလုံးကစားနည်း တခုမှာ ဝင်ကစားခိုင်းတာ တွေလုပ်ကြည့် တဲ့ အခါ သူတို့ ချစ်ခင်စွဲလမ်းတဲ့ သူရဲ့ ပုံတွေကိုကြည့်ရင်း လူနာတွေနာကျင်မှု သိသိသာသာ လျော့ကျသွားတာကို တွေ့ခဲ့ ရပါ တယ်။ နာကျင်မှုဟာ လိင်ကိစ္စအတွက် အတားအဆီးတခုလို့ ယူဆထားမယ်ဆိုရင်တောင် ကိုယ်ချစ်တဲ့သူကို သေသေ ချာချာ အချိန်ယူပြီးကြည့်လိုက်ပါ။ တခြားလေ့လာမှုတွေ အရလည်း ပြည့်စုံတဲ့ စိတ်ကျေနပ်မှု အထွဋ် အထိပ်အချိန်ကို ရ မယ်ဆိုရင် အမျိုးသမီးတွေ အနေနဲ့ ရာသီလာစဉ်မှာ နာကျင်ကိုက်ခဲမှု အနည်းငယ်သက်သာရာ ရနိုင်တယ်လို့ တွေ့ခဲ့ရပါ တယ်။
(၃) စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ ကောင်းမွန်ကျေနပ်ဖွယ်ရာကောင်းတဲ့ လိင်ဆက်ဆံမှုက ချိုမြတဲ့ အစားအစာတခု ကို စားလိုက်ရတာနဲ့ အလားတူစွာပဲ စိတ်ဖိစီးမှုကို လျှော့ချပေးပါတယ်။ သုတေသီတွေကတော့ စိတ်ဖိစီးမှုလျော့ကျသွား တာဟာ စိတ်ကျေနပ်မှုဖြစ်စေတဲ့ လိင်ဆက်ဆံခြင်းက ဦးနှောက်ကို သာယာမှုတွေ အစပြုပေးလိုက်လို့ ဖြစ်မယ်လို့ သုံး သပ် ကြပါတယ်။
(၄) ကင်ဆာရောဂါကို ကာကွယ်ပေးပါတယ်။ သုတေသနပြုမှုတွေ အရ အမျိုးသားတွေဟာ စိတ်ကျေနပ်မှု အထွဋ် အထိပ် ကို ရရှိတာနဲ့ အမျှ ဆီးကျိတ် ကင်ဆာ ဖြစ်နိုင်ချေလည်း လျော့ကျသွားတယ်လို့သိရပါတယ်။ ထပ်မံလေ့လာစရာတွေ ရှိနေ သေးပေမယ့် ဒါလည်း ကြိုဆိုသင့်တဲ့ အကျိုး ရလဒ်တခု ဖြစ်ပါတယ်။
(၅) ကောင်းကောင်း အိပ်ပျော်စေပါတယ်။ လိင်ဆက်ဆံခြင်းကြောင့် အိပ်လို့ပိုကောင်းတယ်ဆိုတာကို ကျွမ်းကျင်သူတွေ အနေ နဲ့ သိပ်ပြီးတိတိကျကျ မပြောနိုင်သေးပေမယ့် ဖြစ်နိုင်တဲ့ သက်သေ အထောက်အထားတွေလည်း ရှိပါတယ်။ ဒါကြောင့် စိတ်ကျေနပ်စရာ အထွဋ်အထိပ်ကို ရောက်ရှိသွားပြီး များမကြာခင်မှာ အိပ်ပျော်သွားတယ်။ ပြီးတော့ လန်းလန်း ဆန်းဆန်း ပြန်နိုးလာမယ်ဆိုရင် အံ့သြနေစရာ မလိုပါဘူး။
(၆) စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။ ဒါကြောင့် ပိုပြီး အပြုသဘောဆောင်တဲ့ အမြင်တွေသင့်မှာ ရှိလာပြီဆိုရင် စဉ်း စားမနေပါနဲ့။ ပြည့်စုံကျေနပ်မှုရှိတဲ့ လိင်ဆက်ဆံခြင်းရဲ့ အကျိုး အနေနဲ့ စိတ်ခံစားမှု ကောင်းမွန်ခြင်းကို ရစေနိုင်တဲ့ အ ကြောင်း တွေ ရှိနေပါတယ်။ ပါမောက္ခ ဒေါက်တာ Sandra L. Caron ကတော့ “ကိုယ်တကယ် ယုံကြည်တဲ့၊ ဂရုစိုက်တဲ့ သူတယောက်နဲ့ အရမ်းကို ကောင်းတဲ့ ဆက်သွယ်မှုရှိနေခြင်း အားဖြင့် စိတ်ခံစားမှုကလည်း ကောင်းမွန်နေမယ်ဆိုတာ အလွယ်တကူ ပြောလို့ ရပါတယ်။” လို့ ဆိုပါတယ်။
(၇) အသားအရေ ကိုကြည်လင်တောက်ပစေပါတယ်။ “ပြည့်စုံတဲ့ လိင်ဆက်ဆံခြင်းက ပိုပြီးနုပျိုသွားစေပါတယ်။”လို့ တောင်မှ ဒေါက်တာ Sandra L. Caron က ပြောပါတယ်။ စိတ်ခံစားမှုကောင်းမွန်လာတာ၊ စိတ်ဖိစီးမှုတွေလျော့ကျသွား တာနဲ့ အရေပြားအောက်မှာ သွေးလှည့် ပတ်မှုကောင်းလာတာတွေကြောင့် အသားအရေကို ကြည်လင် လာစေပါတယ်။
ပြည့်စုံကောင်းမွန်သော လိင်မှုကိစ္စကို ရရှိခြင်းက ဘဝရဲ့ ပျော်ရွှင်စရာတခု ဖြစ်ပါတယ်။ မိမိရဲ့ အိမ်ထောင်ဘက် သို့ မဟုတ် ချစ်သူနဲ့ ရင်းနှီးကျွမ်းဝင်မှုရှိခြင်းက ရေရှည် ကျန်းမာရေးအတွက် ဆုလာဘ်တခု ဖြစ်တယ်ဆိုတာကို သိနေ ခြင်း အားဖြင့် ပိုပြီးကျေနပ် ပျော်ရွှင်စရာ ဖြစ်လာပါလိမ့်မယ်။
Source: http://www.everydayhealth.com