ဆေးခြောက်ပင်တွေရဲ့ အာနိသင်ထဲမှာကင်ဆာရောဂါ ဖြစ်စေတဲ့ ဆဲလ်တွေကို နှိမ်နင်းပေးနိုင်တယ်လို့အမေရိကန် အစိုးရက လက်ခံလိုက်တာကြောင့် ကမ္ဘာနဲ့အဝှမ်း တုန်လှုပ်သွားရကြောင်း themirror.co.uk အွန်လိုင်း သတင်းတရပ်မှာ ဖော်ပြထားပါတယ်။
ဟစ်ပီများ၊ သဘောတရားရေးအတွေးအခေါ်ပညာရှင်များနဲ့ ဆေးသိပ္ပံပညာရှင်များကပင် ဟင်းခတ်မွှေး အပင်အရွက်တွေကို မီးရှို့ရှူရှိုက်တာတွေ၊ ဝါးမြိုတာတွေက လူ့ ကျန်းမာရေးကိုအထောက်အကူပြုတာကြောင့် ဆေးဝါးအဖြစ် သုံးစွဲနိုင်တယ်ဆိုပြီး ယခင်ကငြင်းကြခုံကြတာတွေ ရှိခဲ့ပါတယ်။
ယနေ့ခေတ် ကမ္ဘာပေါ်မှာ နေ့စဉ် လူ ၂ သောင်းကျော်ဟာ ကင်ဆာရောဂါနဲ့ သေဆုံးနေရတယ်လို့ Global Health အဖွဲ့ရဲ့ ခန့်မှန်းတွက်ချက်မှုအရ သိရပါတယ်။
အမေရိကန်အစိုးရရဲ့ ကျန်းမာရေးသုတေသနအဖွဲ့က ဆေးခြောက်ပင်ရဲ့ အာနိသင်ထဲမှာ နိုးကြွစေတဲ့ ဓာတ်တမျိုး ပါဝင်နေပြီး အဲဒီဓာတ်က ဖျားနာမှုကိုဖြစ်ပေါ်စေတဲ့ ဆဲလ်များကို သုတ်သင်ပေးတာကြောင့် ဖျားနာတာကို ဟန့်တားပေးနိုင် သလို သွေးလှည့်ပတ်စီးဆင်းရာမှာ အရေးပါတဲ့ အခြားသွေးကြောမျှင်တွေ ရှင်သန်ဖို့လည်း အထောက်အကူပြုတယ်လို့ ဆိုပါတယ်။
ဆေးခြောက်ပင်ရဲ့ အာနိသင်အစွမ်းကို ကြွက်တွေနဲ့ စမ်းသပ်ချက်အရ ကင်ဆာဆဲလ်ကို နှိမ်နင်းပေးသလို အခြားဆဲလ်တွေ ကိုလည်း အကာအကွယ်ပေးတယ်လို့ သိရပါတယ်။
ဆေးခြောက်ပင်မှာ ပါဝင်တဲ့အရေးပါတဲ့ အာနိသင် ဓာတ်တမျိုးဖြစ်တဲ့ marijuana က အူမကြီးကင်ဆာ၊ အသည်းကင်ဆာ၊ ရင်သားကင်ဆာနဲ့ အခြားကင်ဆာရောဂါ ဖြစ်စေတဲ့ ဆဲလ်နဲ့ ရောဂါကိုတိုက်ခိုက်ဖယ်ရှားပေးနိုင်တယ် လို့ ဆိုပါတယ်။
ဆေးခြောက်ပင်ကိုသုံးပြီးဓာတုကုထုံးနဲ့ ကုသရာမှာ ဘေးထွက်ဆိုးကျိုးမရှိဘဲ သုံးနိုင်တယ်လို့လည်း အဆိုပြု တင်ပြ ထားပါတယ်။
Ref:Mirror