ဆီးချိုရောဂါဆိုတာ သွေးထဲမှာ သကြားပါဝင်မှုမြင့်မားနေတဲ့ အခြေအနေတခု ဖြစ်ပါတယ်။ သွေးထဲမှာ သကြားပါဝင်မှု အခြေအနေက ကျောက်ကပ်၊ ခြေထောက်၊ အာရုံကြောနဲ့ မျက်လုံးလိုမျိုး ကိုယ်ခန္ဓာရဲ့ လုပ်ငန်းဆောင်ရွက်မှု အမျိုးမျိုး အပေါ် သက်ရောက်မှုတွေဖြစ်စေပါတယ်။ ဒါ့အပြင် ဆီးချိုရောဂါရှိသူတွေ အနေနဲ့ လိင်စိတ်လျော့ကျခြင်းနဲ့ တခြား သော လိင်မှုဆိုင်ရာ ပြဿနာတွေ ရင်ဆိုင်ရနိုင်ပါတယ်။
ဆီးချိုရောဂါရှိသူ အမျိုးသားတွေရော အမျိုးသမီးတွေမှာပါ လိင်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဘာကြောင့် လဲ ဆိုတော့ အာရုံကြောတွေနဲ့ သွေးကြောငယ်လေးတွေကို ထိခိုက်စေလို့ ဖြစ်ပါတယ်။ လိင်စိတ်နိုးကြားလာတဲ့အခါမှာ ကိုယ် ခန္ဓာရဲ့ တုန့်ပြန်မှုက အလိုအလျောက်ဖြစ်ပေါ်ပါတယ်။ အာရုံကြောတွေရဲ့ အလိုအလျောက်လှုံ့ဆော်မှုကြောင့် လိင်အင်္ဂါ တွေ အတွင်းမှာ သွေးစီးဆင်းမှုတွေတိုးလာဖြစ်ပါတယ်။ ဆီးချိုရောဂါကြောင့် ထိခိုက်မှုတွေက အလိုအလျောက် တုံ့ပြန်တတ် တဲ့ အာရုံကြောတွေရဲ့ ပုံမှန်လုပ်ဆောင်မှုကို ခက်ခဲစေပါတယ်။ သွေးကြောငယ်လေးတွေ ယိုယွင်းပျက်စီးမှုကြောင့် သွေးစီးဆင်း နိုင်မှုလျော့ကျခြင်းကြောင့် လိင်စွမ်းဆောင်ရည် ကျဆင်းခြင်းကို ဖြစ်စေနိုင်ပါတယ်။
ဆီးချိုရောဂါရှိတဲ့ အမျိုးသားတွေဟာ ရောဂါမရှိတဲ့ အမျိုးသားတွေထက်စာရင် လိင်အင်္ဂါ မာကျောတောင့်တင်းနိုင်မှုကျဆင်း ခြင်း ၂ ဆ ကနေ ၃ ဆလောက် ပိုပြီး ဖြစ်နိုင်ပါတယ်။ ဆီးချိုရောဂါရှိတဲ့ အမျိုးသမီး အများစုဟာလည်း လိင်ပိုင်းဆိုင်ရာ ပြ ဿနာတွေ ရင်ဆိုင်ကြရပါတယ်။
အမျိုးသားတွေ အတွက် ဆီးချိုရောဂါက အာရုံကြောစနစ်ကို ထိခိုက်စေပါတယ်။ အဲဒါကို Diabetic Neuropathy (ဆီးချို ကြာင့် ဖြစ်ရတဲ့ အာရုံကြောရောဂါ)လို့ ခေါ် ပါ တယ်။ အချို့ရောဂါရှင်တွေရဲ့ လိင်အင်္ဂါတင်းမာစေတဲ့ တစ်သျှူးတွေကို ထိ ခိုက်စေပြီးတော့ အမျိုးသားတွေ အနေနဲ့ လိင်အင်္ဂါ တင်းမာမှုကို ထိန်းသိမ်းထားနိုင်ဖို့ မလွယ်ကူတော့ပါဘူး။
အမျိုးသမီး ဝေဒနာရှင်တွေကြုံတွေ့နိုင်တဲ့ ပြဿနာတွေထဲမှာ လိင်အင်္ဂါ ရောင်ရမ်းခြင်းက တခု အပါအဝင်ဖြစ်ပါတယ်။ လိင် အင်္ဂါရောင်ရမ်း မှုကြောင့် လိင်ဆက်ဆံတဲ့ အခါမှာ နာကျင်ခြင်း၊ ယားယံခြင်းနဲ့ ပူလောင်မှုတွေ ခံစားရနိုင်ပါတယ်။ လိင် ဆက်ဆံမှုကြောင့် ဆီးအောင့်ခြင်းကလည်း ဆီးချိုရောဂါရှိတဲ့ အမျိုးသမီးတွေ ကြုံရလေ့ရှိတဲ့ ပြဿနာတခု ဖြစ်ပါတယ်။ လှုံဆော်နှိုးဆွမှုတွေကို အမျိုးသမီး လိင်အင်္ဂါ အစေ့(Clitoris)က တုံ့ ပြန်မှု မရှိနိုင်တာမျိုးလည်း တွေ့ရလေ့ရှိပါတယ်။
Source: www.onlymyhealth.com