ဆိုင်ကယ်စီးကြတဲ့အခါ ဆိုင်ကယ်စီးဦးထုပ်ကို မဖြစ်မနေ ဆောင်းကြရပါတယ်။ အဲ့ဒီအခါ ဦးထုပ်ဟာ ဦးခေါင်း အရေပြားကို ပွတ်တိုက်မှုများ ဖြစ်စေတာကြောင့် ဆံပင်အမြစ်တွေကို ပျက်စီးစေပါတယ်။ အထူးသဖြင့် ဦးခေါင်းနဲ့ ချပ်ချပ်ရပ်ရပ် မဖြစ်တဲ့ ဆိုင်ကယ်စီး ဦးထုပ်တွေက လှုပ်ရှား သွားလာတိုင်း ပိုပြီး ပွတ်တိုက်မှု ဖြစ်စေပြီး ပျက်စီးမှု ပိုများစေပါတယ်။
အဲဒီလို ပျက်စီးသွားတဲ့ ဆံပင်အမြစ်တွေက ဘက်တီးရီးယားများအတွက် အကောင်းဆုံး နေထိုင်ပေါက်ပွားရာ ဖြစ်လာပါတယ်။ နှစ်ပေါင်းများစွာ ဆိုင်ကယ်စီး ဦးထုပ် ဆောင်းလာခဲ့သူတွေမှာ ဆံပင်ကျွတ်တတ်ပါတယ်။ ဆိုင်ကယ်စီး ဦးထုပ် ဆောင်းရင် ဆံပင်မကျွတ်အောင် ဆိုင်ကယ်စီး ဦးထုပ် ဘယ်လိုဆောင်းမလဲ။
အရေးအကြီးဆုံးနဲ့ အကောင်းဆုံးက ကိုယ့်ရဲ့ ဆိုင်ကယ်စီး ဦးထုပ်ကို သန့်သန့်ရှင်းရှင်း ထားဖို့ပါ။ နောက်ပြီး ဘက်တီးရီးယား ကာကွယ်ဆေးကို ပုံမှန် ဖြန်းဖို့ လိုပါတယ်။ အဲဒီလို ဘက်တီးရီးယား ကာကွယ်ဆေး ဖြန်းထားပြီးရင်လည်း ဦးထုပ်ကို လုံး၀ ခြောက်သွေ့အောင် ပြုလုပ်ပြီးမှ ဆောင်းရပါမယ်။ နောက်ပြီး အချိန်ကြာကြာ ဆိုင်ကယ်စီး ခရီးသွားတဲ့အခါ ဦးခေါင်း အရေပြားက ချွေးထွက်တတ်တာကြောင့် ခေတ္တ ရပ်နားတိုင်း ဦးထုပ်ကို ချွတ်ပြီး ဦးခေါင်းကို လေသလပ်ပေးဖို့ လိုပါတယ်။
Ref: onlymyhealth.com