ဖြူဖြူစင်စင် သွားကလေးတွေနဲ့ ကြည်ကြည်လင်လင် အပြုံးတွေ ဝေနိုင်ဖို့ လူတိုင်းလိုလားကြမယ် ထင်ပါတယ်။ သင့်ရဲ့ သွားကလေးတွေ ဖြူစင်စေဖို့ သွားဆရာဝန်တွေက သွားလေးတွေကိုတိုက်ချွတ်ပေးတာတွေ ရှိပေမယ့် အဲဒီလိုသွားတွေကိုတိုက်ချွတ်တာကအမြဲတမ်းလုပ်နေဖို့ မသင့်တဲ့ အားနည်းချက်ရှိနေတာကြောင့် သဘာ၀ အစားအသောက်နဲ့ သွားကလေးတွေ ဖြူစင်စေဖို့၊ သင့်ရဲ့ အပြုံးတွေ ဝင်းပဖို့ instyle.com မှာဖော်ပြထားတဲ့ အကြံပြုချက်လေးတွေကို မျှဝေလိုက်ပါတယ်။
ဘရိုကိုလီ (ပန်းမုံလာစိမ်း)
ဘရိုကိုလီကို နူးအောင် ပြုတ်ပြီးကြော်ပြီးမစားဘဲလတ်လတ်ဆတ်ဆတ် အစိမ်းအတိုင်းစားဖို့ သင့်ပါတယ်။ ဒါမှမဟုတ် အပူအနည်းငယ်ပေးပြီး စားသင့်ပါတယ်။ သင်က အားရပါးရ ဝါးလိုက်တိုင်း ဘရိုကိုလီက ထွက်လာတဲ့ သဘာ၀ အဟာရတွေက သွားတွေကို သန့်ရှင်းစေပါတယ်။ ပြီးတော့ သံဓာတ် အများဆုံး ပါဝင်တာကြောင့် သွားလေးတွေရဲ့ အပေါ်ယံကြွေလွှာကိုစွန်းထင်းမှာတွေ၊ အန္တရာယ်ဖြစ်စေတဲ့ ဘက်တီးရီးယားတွေနဲ့ အက်ဆစ်ဓာတ်တွေက သွားခြေကိုတိုက်စားခြင်းကနေ ကာကွယ်ပေးပါတယ်။
လိမ္မော်သီးများ
လိမ္မော်သီးအခွံတွေကို လွှင့်မပစ်ပါနဲ့။ အများစုလက်ခံထားသလို အခွံတွေမှာအက်ဆစ်ဓာတ်တွေ မပါဝင်ပါဘူး။ အခွံမှာဗီတာမင် စီမျိုးကွဲများစွာ ပါဝင်နေပြီး အဲဒီဗီတာမင်တွေကပဲ သွားတွေကို ဖြူစင်စေပါတယ်။ လိမ္မော်သီးအခွံကို နွှာပြီးသွားတွေရဲ့ အတွင်းပိုင်းပါးစောင်အထိအခွံနဲ့ ပွတ်တိုက်ပါ၊ သွားတွေကိုထိခိုက်စေတဲ့ သွားချေးကျောက်ကိုဖယ်ရှားပေးသလိုသွားလေးတွေရဲ့ ဖြူစင်အောင် အရောင်တင်ပေးပါလိမ့်မယ်။
စတော်ဘယ်ရီသီးလေးများ
စတော်ဘယ်ရီသီးနဲ့ မုန့်ဖုတ်ဆိုဒါ ရောပြီးလုပ်ထားတဲ့ ကော်ရည်တမျိုးကသွားတွေကို ဖြူစင်စေတဲ့ သဘာ၀ ဆေးတခုပါပဲ။ အက်ဆစ်ဓာတ် များပြားတဲ့ အသီးအနံှတွေကသွားတွေကို ဖြူစင်စေတဲ့ သဘာဝဆေးနည်းပေါ့။ စတော်ဘယ်ရီမှာသကြားဓာတ်လည်း ပါဝင်နေပြန်တာကြောင့် သွားတွေကိုအကာအကွယ် ဖြစ်စေတယ်လို့ ဆိုပါတယ်။
မုံလာဥနီ
မုံလာဥနီကိုအစိမ်းလိုက် ဝါးစားခြင်းအားဖြင့် သင့်ရဲ့ သွားတွေကို ဖြူဖွေးလာအောင် တိုက်ချွတ်ပေးသလိုပါပဲတဲ့။ မုံလာဦနီကို ကြိုက်နှစ်သက်စွာစားတတ်တဲ့ ယုန်ကလေးတွေရဲ့ သွားလေးတွေလည်း ဖြူဖွေးနေတာတွေ့ဖူးမယ် ထင်ပါတယ်။ မုံလာဥနီကိုအစိမ်းလိုက် တကျွတ်ကျွတ် ဝါးစားခြင်းဖြင့် သင့်ရဲ့ သွားလေးတွေကို ဖြူစင်စေပါတယ်။
ချိစ်
ချိစ်မှာပါတဲ့ နို့ကရတဲ့ လက်တစ်အက်ဆစ်ကသွားတွေ ပျက်စီးယိုယွင်းမှာကိုကာကွယ်ပေးပေးပါတယ်။ အခြားအစားအသောက်တွေကနေသွားပေါ်မှာ၊ သွားခြေမှာစွဲလာမယ့် အညစ်အကြေးအစွန်းအထင်းတွေကိုချေဖျက် ရှင်းလင်းပေးပါတယ်။
Ref:instyle.com