လေ့လာတွေ့ရှိချက် အသစ်တွေရဲ့ အဆိုအရ သွားကျန်းမာရေး ဂရုစိုက်တာက မှတ်ဉာဏ်ဆိုင်ရာတွေနဲ့ ဆက်နွှယ် နေတယ်လို့ ဆိုပါတယ်။ တနေ့ ၃ ကြိမ် သွားတိုက်သူနဲ့ ယှဉ်ရင် ပုံမှန် သွားမတိုက်သူတွေမှာ မှတ်ဉာဏ်လျော့နည်း မေ့လျော့တတ်တာက ၆၅ ရာခိုင်နှုန်းလောက်တောင် ပိုတယ်လို့ ဆိုပါတယ်။ သွားတွေကျိုးပြီး မဝါးနိုင်သူတွေနဲ့ အံကပ်ထည့်ပြီး အစာစားနိုင်သူတွေနဲ့ ယှဉ်လိုက်ရင်လည်း သွားကျိုးတာ များနေသူမှာ မေ့လျော့မှုက ၉၁ ရာခိုင်နှုန်းလောက် ပိုဖြစ်တာတွေ့ရပါသတဲ့။
ဒါနဲ့ပတ်သက်ပြီး သိပ္ပံနည်းကျ ကောက်ချက်ချတာ ၂ မျိုးတွေ့ရပါတယ်။
(၁) အာခံတွင်းမှာ ရှိတဲ့ ဘက်တီးရီးယားတွေက ဦးနှောက်ကိုရောက်ပြီး ရောဂါနဲ့ ရောင်ရမ်းမှုတွေ ဖြစ်စေလို့ ဆိုတာရယ်
(၂) စားတဲ့အစာတွေကို ဝါးမျိုနိုင်စွမ်း လျှော့နည်းတာကနေ အာဟာရဆိုင်ရာ ပြဿနာတွေ ဖြစ်ပြီး မှတ်ဉာဏ် လျော့နည်းစေတာရယ်လို့ ယူဆကြပါတယ်။
(၃) ခံတွင်းနံ့ ဆိုးတာတွေ၊ သွားဖုံး သွေးယိုတာတွေကလည်း ဆီးချိုရောဂါနဲ့ ဆက်နွှယ်နေတဲ့ လက္ခဏာတွေဆိုတာ သိသူနည်းကြပါတယ်။
ခံတွင်းသန့်ရှင်းရေးအတွက် အကောင်းဆုံး သွားတိုက်ချိန်ကတော့ နေ့လည်ပိုင်း ဖြစ်သင့်တယ်လို့ ဆိုပါတယ်။ ကော်ဖီ၊ နေ့လည်စာနဲ့ စိတ်ဖိစီးမှုတွေကြောင့် အာခေါင်ခြောက်တာတွေ၊ ပါးစပ်နံတာတွေ အဲဒီအချိန်မှာ ဖြစ်တာအများဆုံးမို့ နေ့လည်ပိုင်းတွေမှာ သွားတိုက်ပြီး ရေများများ သောက်ပေးသင့်တယ်လို့ဆိုပါတယ်။