Health

ဒေါင်ဒေါင်မြည် လိင်မှုဆိုင်ရာကျန်းမာရေးရှိဖို့ ဘာကြောင့်လိုအပ်တာလဲ

This article has been converted from Zawgyi One to Unicode

လိင်မှုဆိုင်ရာကျန်းမာရေး (Sexual health) ဟာ စိတ်ကျန်းမာရေး၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတို့လိုပဲ လူသားတွေရဲ့ ကျန်းမာရေးမှာ အရေးကြီးတဲ့ အချက်တခု ဖြစ်ပါတယ်။

တချို့သော သူတွေအတွက် လိင်မှုကိစ္စနဲ့ ပတ်သက်တာမှန်သမျှက မပတ်သက်စရာတခုလို ဖြစ်နေပေမယ့် ကမ္ဘာ့ ကျန်း မာရေးအဖွဲ့ (WHO) အပါအဝင် တခြားသူတွေကတော့ လိင်မှုဆိုင်ရာကျန်းမာရေး ကို လူသားတွေရဲ့ ကျန်းမာ ပျော်ရွှင်ရေး အတွက် မရှိမဖြစ်လိုအပ်တဲ့ ရှုထောင့်တခု အဖြစ်သဘောထားကြပါတယ်။ လိင်မှုဆိုင်ရာကျန်းမာရေး ဆိုတဲ့နေရာမှာ လိင်ကိစ္စနဲ့ ပတ်သက်လို့ သက်တောင့်သက်သာရှိရေး၊ ပျော်ရွှင်ကျေနပ်ရေးတွေ အပြင် လိင်ဆက်ဆံမှုကနေ တဆင့် ကူး စက်တတ်တဲ့ရောဂါတွေကို ကာကွယ်ခြင်း၊ ဆေးစစ်ခြင်းတွေ အားလုံးပါဝင်နေပါတယ်။

“လိင်မှုဆိုင်ရာကျန်းမာရေး က လူသားတွေအတွက် လိုအပ်တဲ့ အကျိုးကျေးဇူးလည်းရှိတဲ့ ရှုထောင့်တခု ဖြစ်ပါတယ်။” လို့ အမေရိကန်နိုင်ငံ၊ နယူးဂျာဆီ ပြည်နယ်၊ Montclair တက္ကသိုလ်၊ ကျန်းမာရေးသိပ္ပံဌာနက ပါမောက္ခ ဒေါက်တာ Michael McGee ကပြောပါတယ်။ သူက သင်ကြားရေးတာဝန်တွေ အပြင် လိင်မှုဆိုင်ရာကျန်းမာရေးနဲ့ ပတ်သက်လို့ နှစ်သိမ့်ဆွေး နွေးမှုတွေပြုလုပ်ပေးနေသူ တဦး ဖြစ်ပါတယ်။

လိင်မှုဆိုင်ရာကျန်းမာရေးနဲ့ ပတ်သက်လို့ အမှန်တကယ်နားလည်သိရှိထားမယ်ဆိုရင် ကိုယ့်နဲ့ ကိုယ့်ရဲ့ ချစ်သူ အိမ် ထောင် ဖက်တို့ရဲ့ ကျန်းမာရေးကို ပိုပြီးစောင့်ရှောက်နိုင်သလို ပျော်ရွှင်မှုကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

သူနဲ့ ဆွေးနွေးဖို့ ရောက်လာတဲ့ သူတွေစိုးရိမ်လေ့ရှိတာကတော့ အမျိုးသားတွေ သုက်လွှတ်စောခြင်းနဲ့ အမျိုးသမီးတွေ အထွတ်အထိပ် ခံစားမှုကို ရရှိနိုင်ရေး တို့ ဖြစ်တယ်လို့ ဒေါက်တာ Michael McGee ကပြောပါတယ်။ သူရှင်း ပြခဲ့တဲ့ လိင်မှု ဆိုင်ရာကျန်းမာရေးနဲ့ ပတ်သက်လို့ ပြည်သူတွေကို အဓိက ပညာပေးသင့်တဲ့ အချက်တွေကတော့

လိင်မှုဆိုင်ရာ အခြေခံသဘောတရားများ။    ။ စိတ်ဆန္ဒရဲ့ စက်ဝန်း၊ လှုံ့ဆော်မှုနဲ့ တုန့်ပြန်မှုတွေကို နားလည်ထားခြင်း က လိင်မှုဆိုင်ရာ ကျန်းမာရေးကို တိုးတက်စေပါတယ်။

မျိုးဆက်ပွား ကိစ္စများ။    ။ လိင်မှုဆိုင်ရာ ကျန်းမာရေးက မျိုးဆက်ပွားခြင်းနဲ့ အနီးကပ် ဆက်စပ်နေပါတယ်။ သားဆက် ခြားခြင်း၊ ပဋိသန္ဓေတားဆီးခြင်းနဲ့ ကျန်းမာစွာ ကိုယ်ဝန်ဆောင်နိုင်ရေးတို့ အားလုံးက လိင်မှုဆိုင်ရာ ကျန်းမာရေး နဲ့ အားလုံး သက်ဆိုင်နေပါတယ်။

အမျိုးသမီး အင်္ဂါခြောက်သွေ့ခြင်း။    ။ အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးမွေးဖွားခြင်း၊ သွေးဆုံးခြင်း စတဲ့ ဘဝရဲ့ အပြောင်းအလဲ တွေနဲ့ ကြုံတွေ့တဲ့ အချိန်မှာ အမျိုးသမီး အင်္ဂါ ခြောက်သွေ့ခြင်းဖြစ်တတ်ပါတယ်။ အဲဒါကြောင့် လိင် ဆက်ဆံတဲ့ အခါမှာ သက်တောင့် သက်သာမရှိခြင်းကို ဖြစ်စေပါတယ်။ ဒါပေမယ့် ဒါက ဖြေရှင်းနိုင်တဲ့ ပြဿနာတရပ်ဖြစ် ပါတယ်။

စိတ်ဆန္ဒကင်းမဲ့ခြင်း။    ။ စုံတွဲတွေကြားမှာ ဖြစ်တတ်တဲ့ ပဋိပက္ခတခု ဖြစ်ပါတယ်။ ဒေါက်တာ Michael McGee ကတော့ စုံတွဲတွေကြားမှာ တယောက်က တခြားတယောက်ထက် ပိုပြီးတော့ လိင်ကိစ္စကို လိုအပ်နေတဲ့ အချိန်မှာ ဖြစ်တတ်တဲ့ စိတ်အလိုဆန္ဒခြားနားခြင်းတခုလို့ ပြောပါတယ်။

အမျိုးသား အင်္ဂါတောင့်တင်းမှုမရှိခြင်း။    ။ အမျိုးသားတွေကို ဒီလိုဖြစ်စေတဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ အ ကြောင်းပြချက် အများကြီး ရှိပါတယ်။

ရုပ်ပိုင်းဆိုင်ရာ အခက်အခဲများ။    ။ ရုပ်ပိုင်းဆိုင်ရာ အားနည်းမှု၊ ကျန်းမာရေး ပြဿနာနဲ့ တခြား အခြေအနေတွေက လည်း လိင်မှုဆိုင်ရာကျန်းမာရေး အရ ဖြေရှင်းဖို့လိုအပ်လာနိုင်ပါတယ်။

လိင်မှုကိစ္စဟာ စိတ်ပျော်ရွှင်စရာတခု ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း အန္တရာယ်တွေရှိပါတယ်။ လိင်ဆက်ဆံမှုကနေ တ ဆင့် ကူးစက်တတ်တဲ့ရောဂါ(STD)တွေ ကြောင့် ကလေးမရနိုင်တာ၊ အသက်အန္တရယ်ကြုံရနိုင်တာတွေ အပါအဝင် ရေရှည် သက် ရောက်မှုတွေ နာကျင်မှုတွေနဲ့ သက်တောင့် သက်သာမရှိမှုတွေကို ကြုံတွေ့ရ နိုင်ပါတယ်။ ဒါ ကြောင့် လိင်မှုဆိုင်ရာ ကျန်းမာရေးကို လေ့လာခြင်းဆိုတာ STD တွေကို လေ့လာခြင်းလို့လဲ ဆိုနိုင်ပါတယ်။

ဒါကြောင့် STD တွေရဲ့ သင်္ကေတတွေနဲ့ ရောဂါ လက္ခဏာတွေကို လေ့လာသလို ရောဂါကူးစက်ခြင်းရဲ့ နောက်ဆက် တွဲ တွေကိုလည်း သိထားရပါမယ်။ ကိုယ့်ကိုယ်ကို STD တွေ ကနေကာကွယ်ဖို့ ဆောင်ရွက်ရမှာ ဖြစ်သလို တခြားသူ တွေ အတွက်လည်း ကာကွယ်ပေးဖို့ လိုအပ်ပါတယ်။ လိင်မှုဆိုင်ရာ ကျန်းမာရေး အတွက်ဆောင်ရွက်တဲ့ နေရာမှာ STD ရှိမရှိ စစ်ဆေးဖို့လည်း အလွန်လိုအပ်ပါတယ်။ ဒါမှသာ ကိုယ့်မှာ ရောဂါရှိနေရင် ကုသနိုင်မှာ ဖြစ်သလို ကိုယ့်ရဲ့ အဖော်ကိုလည်း ရောဂါ ကူးစက်ခြင်းကနေ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

အသည်းရောင်ရောဂါ၊ ရေယုန်ရောဂါနဲ့ HIV လိုမျိုး STD တချို့ကတော့ ဘဝတလျှောက်လုံး ပါသွားမှာ ဖြစ်ပါတယ်။ ဒီလို ရောဂါတွေနဲ့ ကာလရှည် နေထိုင်နေရသူတွေ အနေနဲ့ လိင်မှုဆိုင်ရာကျန်းမာရေး နဲ့ ပတ်သက်လို့ ပြည့်ပြည့်စုံစုံ နားလည် ထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

စိတ်မကောင်းစရာကတော့ လူအများစုက သူတို့ရဲ့ လိင်မှုဆိုင်ရာကျန်းမာရေး နဲ့ ပတ်သက်လို့ အဖြေရှာဖို့ အချိန်အကြာ ကြီးဆွဲနေခဲ့ကြတယ်လို့ ဒေါက်တာ Michael McGee ကဆိုပါတယ်။ “မဖြစ်မနေ အခြေအနေရောက်မှ သူတို့က ကျွမ်း ကျင်တဲ့ ပညာရှင်ဆီရောက်လာကြပါတယ်။ အဲဒါက တခါတခါမှာ တော်တော်လေး အခက်အခဲဖြစ်ပါတယ်။” လို့ သူက ပြော ပါတယ်။ ပြဿနာက သူ့ဖာသာ ပျောက်ကွယ်သွားမယ်လို့ မျှော်လင့်ပြီး ထိုင်စောင့်နေမယ့် အစား ပြဿနာကို အမြန် ဆုံး အဖြေရှာဖို့လည်း ဒေါက်တာ Michael McGee က အကြံပြုထားပါတယ်။

ဖြေရှင်းရမယ့် ပြဿနာ ကိုလိုက်ပြီးတော့ ဖြေရှင်းပေးနိုင်မယ့် အထွေထွေရောဂါကု ဆရာဝန်၊ သားဖွားနဲ့ မီးယက် အထူးကု၊ ဆီးရောဂါ အထူးကု၊ စိတ်ကျန်းမာရေး ဆရာဝန်စတဲ့ ကျွမ်းကျင်သူ ပညာရှင် အသီးသီးနဲ့ တွေ့ဆုံတိုင်ပင်ဖို့ လိုအပ် ပါတယ်။ ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့ အခြေအနေတွေ၊ ကုသမှုတွေ နဲ့ ပတ်သက်တဲ့ အချက် တွေကို သိထားမှသာလျှင် ကိုယ့်ရဲ့ လိင်မှုဆိုင်ရာကျန်းမာရေးနဲ့ ပတ်သက်လို့ ကာကွယ်မှုတွေ ဆွေးနွေးတိုင်ပင်မှုတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

http://www.everydayhealth.com

Loading