အဖော်အပေါင်းတွေနဲ့ ဆုံပြီဆိုရင် ပျော်မဆုံးမော်မဆုံး သောက်အားပြပြီး အလွန်အကျွံ ဖြစ်သွားသူများ အတွက် အသည်းကို သန့်ရှင်း အားကောင်းစေတဲ့ အစားအစာ ၁၁ မျိုးကို ဖော်ပြပေးပါ့မယ်။ အရက်သောက်လို့ ဖြစ်လာတတ်တဲ့ အသည်းရဲ့ ရောဂါ အတော်များများကို ဒီအစားအစာတွေက ထိုက်သင့်သလောက် အကာအကွယ်ပေးပါတယ်။
(၁) ရှောက်သီး၊ သံပရိုသီး၊ သံပုရာ
သစ်သီးဖျော်ရည်ကို သောက်သုံးတာကလည်း အသည်းကို ဖြစ်စေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားရှင်းလင်း ပေးနိုင်ပါတယ်။ အထူးသဖြင့်တော့ ရှောက်သီး၊ သံပရိုသီးနဲ့ သံပုရာရည်တွေက အဆိပ်အတောက်ကို ဖယ်ရှားပေးတဲ့ ဓာတ်စာတွေ ပါဝင်တယ်၊ အဟာရတွေ ပါဝင်ပါတယ်။ ပြီးတော့ အစာကို ကြေစေတယ်၊ အသည်းရဲ့ အလုပ်တွေ လုပ်ဖို့ အားဖြစ်စေတယ် စတဲ့ အချက်တွေကြောင့် ကိုယ်တွင်း အင်္ဂါတွေကို အားရှိစေတဲ့ အသီးဖျော်ရည်တွေပေါ့။
(၂) ဘယ်ရီသီးများ
ဘယ်ရီသီး အမျိုးမျိုးကလည်း အဆိပ်အတောက်ကို ဖယ်ရှားတားဆီးပေးတဲ့အပြင် အသည်းကို သန့်ရှင်းစေပါတယ်။ သုတေသနပြု လေ့လာသူတွေရဲ့ အဆိုအရ ဘယ်ရီသီးတွေဟာ ခန္ဓာကိုယ်အတွင်း အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိသွားတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားသန့်ရှင်းစေတယ်လို့ ဆိုပါတယ်။
(၃) ကြက်သွန်ဖြူ
ကြက်သွန်ဖြူက အသည်းရဲ့ အလုပ် လုပ်ဆောင်မှုကို အကူအညီပေးသလို အသည်းကို ထိခိုက်စေတဲ့ အဆိပ်အတောက် တွေကိုလည်း ဖယ်ရှားပေးပါတယ်။ ကြက်သွန်ဖြူမှာ ဆာလဖာကွန်ပေါင်းဓာတ် ကြွယ်ဝပြီး ယင်းကွန်ပေါင်းဓာတ်က အသည်းရဲ့ အင်ဇိုင်းဓာတ် ထုတ်လွှတ်မှုကို အားပေးပါတယ်။ ထပ်ဆင့် ပြောရဦးမယ် ဆိုရင်တော့ အသည်းကို ကောင်းမွန် စေတဲ့အပြင် ရှင်သန်မှုမအတွက် အရေးကြီးတဲ့ အသက်ရှူရာကနေ ဖြစ်လာတဲ့ ကျန်းမာရေး ဆိုးရွားစေတာတွေကိုလည်း ပျောက်ကင်းစေပါတယ်။
(၄) ဂရိတ်ဖရု
ဂရိတ်ဖရုကလည်း သင့်ရဲ့ အသည်းမှာ စုနေတဲ့ အဆီတွေကို ရှင်းလင်းပေးတဲ့အပြင် အဆိပ်အတောက် ဖြေပြေစေတဲ့ အသီးတမျိုးပါ။ ဂရိတ်ဖရုကလည်း အင်ဇိုင်းကို ထိခိုက်စေတဲ့ အဆိပ်အတောက်တွေ ဖယ်ရှားပေးပါတယ်။
(၅) ထောပတ်သီး
သင့် အသည်းရဲ့ ဝန်ပိနေတဲ့ လုပ်ဆောင်မှုတွေကို ထောပတ်သီးမှာ ပါတဲ့ ဂလုတာသီယွန် ကွန်ပေါင်းလို့ ခေါ်တဲ့ အားဖြည့်ဓာတ်က အကူအညီပေးပါတယ်။ တချိန်တည်းမှာပဲ သင့်ရဲ့ ကျန်းမာရေး အတွက် အရေးကြီး လိုအပ်တဲ့ အဆီတချို့လည်း ထောပတ်သီးမှာ ပါဝင်ပါတယ်။
(ဆက်လက် ဖော်ပြပါမည်)