Health

အသည်းကို သန့်ရှင်း အားကောင်းစေတဲ့ အစားအစာ ၁၁ မျိုး (၂)

This article has been converted from Zawgyi One to Unicode

အဖော်အပေါင်းတွေနဲ့ ဆုံပြီဆိုရင် ပျော်မဆုံးမော်မဆုံး သောက်အားပြပြီး အလွန်အကျွံ ဖြစ်သွားသူများ အတွက် အသည်းကို သန့်ရှင်း အားကောင်းစေတဲ့ အစားအစာ ၁၁ မျိုးကို ဖော်ပြပေးပါ့မယ်။ အရက်သောက်လို့ ဖြစ်လာတတ်တဲ့ အသည်းရဲ့ ရောဂါ အတော်များများကို ဒီအစားအစာတွေက ထိုက်သင့်သလောက် အကာအကွယ်ပေးပါတယ်။

အသည်း, ကျန်းမာရေး, အစားအစာ

(၆) သစ်ကြားသီး

အသည်းမှာ စွဲကပ်နေတတ်တဲ့ အဆီတွေ၊ အက်ဆစ်တွေကို ဖယ်ရှားတဲ့အပြင် အမိုးနီးယား ဓာတ်ငွေ့ကြောင့် ဖြစ်တတ်တဲ့ ရောဂါတွေကိုလည်း ရှင်းလင်းပေးပါတယ်။

အသည်း, ကျန်းမာရေး, အစားအစာ

(၇) နနွင်းမှုန့်

အံ့သြစရာ ကောင်းလောက်အောင် ရောဂါဘယတွေကို ကုသပျောက်ကင်း စေနိုင်တဲ့ နနွင်းမှုန့်ကိုတော့ ဟင်းခတ် အမွေးအကြိုင်ထဲမှာ တွေ့မြင်နေကျ ဖြစ်နိုင်ပါတယ်။ နနွင်းမှုန့်က အသည်းကို အားကောင်းစေပြီး၊ အစာခြေခြင်းကိုလည်း အားပေးတဲ့အပြင် အသည်းရဲ့ ဆဲလ်တွေ ပြန်လည် အားကောင်းအောင်လည်း လုပ်ပေးနိုင်ပါတယ်။

အသည်း, ကျန်းမာရေး, အစားအစာ

(၈) ဂေါ်ဖီထုပ်

ဂေါ်ဖီထုပ်စိမ်း၊ broccoli လို့ ခေါ်တဲ့ ပန်းမုံလာစိမ်းတွေကလည်း ဂလူးကို့စ်ဓာတ်နဲ့ ဆာလ်ဖာကွန်ပေါင်း ပါဝင်မှု များပြားတဲ့ အစားအစာပါ။ အဲဒီဓာတ်တွေက အသည်းကို ပျက်စီးစေတဲ့ အန္တရာယ်ကနေ ကာကွယ်ပေးတဲ့အပြင် အသည်းရဲ့ လုပ်ဆောင်မှုကို အားကောင်းစေပါတယ်။ အဆိပ်အတောက် ဖြစ်စေတာတွေ ဖယ်ရှားပေးပြီး ဟော်မုန်းကိုလည်း တိုးပွားစေပါတယ်။

 

 

အသည်း, ကျန်းမာရေး, အစားအစာ

(၉) ဟင်းနုနွယ်ရွက်

ဟင်းနုနွယ်ရွက်မှာလည်း ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ အဟာရဓာတ် ပေါကြွယ်လှပါတယ်။ ခန္ဓာကိုယ် အတွင်းရှိ ဆဲလ်များ၊ အသည်းအတွင်းရှိ အသည်းဆဲလ်များကို ရှင်သန်စေတဲ့အပြင် အဆိပ်အတောက် ဖြစ်ခြင်းကနေပြီးတော့လည်း အကာအကွယ် ပေးပါတယ်။

 

 

အသည်း, ကျန်းမာရေး, အစားအစာ

(၁၀) သကြားမုန်လာ ခေါ် မုံလာဥချို

သကြားမုန်လာ ခေါ် မုံလာဥချို ကလည်း အသည်းကနေ ထုတ်လွှတ်ပေးတဲ့ အစာကြေစေတဲ့ အရည်ကို ကောင်းမွန်စေပြီး၊ အဆိပ်အတောက်နဲ့ အန္တရာယ်ကိုလည်း ကာကွယ်ပေးပါတယ်။ ခန္ဓာကိုယ် ရှင်သန်မှု၊ ကြီးထွားမှုအတွက် အရေးကြီးတဲ့ ဗီတာမင်ဓာတ်များ၊ သတ္တုဓာတ်များနဲ့ ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ အဟာရဓာတ်တွေ ပေါကြွယ်ဝတဲ့ အစားအစာထဲမှာ သကြားမုန်လာက ထိပ်ဆုံးမှာ ပါဝင်နေပါတယ်။

 

အသည်း, ကျန်းမာရေး, အစားအစာ

(၁၁) စကော့တလန် ဆူးလေပန်းပွင့်


စကော့တလန်နိုင်ငံ ကိုယ်စားပြုပန်း တမျိုးဖြစ်တဲ့ ဆေးဘက်ဝင် ဆူးလေပန်းပွင့်တွေကလည်း အသည်းရောဂါတွေကို ဖယ်ရှား အားကောင်းစေပါတယ်။ အထူးသဖြင့် အရက်ကြောင့် ဖြစ်စေတဲ့ ရောဂါတွေဖြစ်တဲ့ အသည်းရောင်၊ အသည်းကြီး စတဲ့ ရောဂါတွေ အတွက် ကောင်းမွန်ပါတယ်။ စကော့တလန် ဆူးလေပန်းကို ရေနွေးကြမ်းထဲ ထည့်သောက်လို့ ရသလို အနံ့ကိုလည်း ရှူရှိုက်ခြင်းဖြင့် အသည်းကို ဒုက္ခပေးတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှား ပေးနိုင်စွမ်း ရှိတယ်လို့ သိရပါတယ်။ မြန်မာပြည်မှာတော့ ဧကရာဇ်ပန်းပွင့်က အဆိပ်အတောက်တွေ ပြေစေနိုင်စွမ်းရှိတယ်လို့ ယုံကြည်ကြပါတယ်။

အပိုင်း (၁) ဖတ်ရှုရန်

Loading