ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ရှိဖို့ အရေးကြီးတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ဒါပေမယ့် ကိုယ်အလေးချိန် လျော့ကျခြင်းကြောင့် အိပ်ခန်းထဲမှာ လည်း လူမသိသူမသိ ကောင်းကျိုးတွေ ရှိနေတယ်ဆိုတာကိုတော့ လူတိုင်း သတိ မထားမိကြပါဘူး။
ဒီနေ့ခေတ်ဟာ အဝလွန်တတ်တဲ့ ခေတ်ထဲကိုရောက်နေပါတယ်။ နေရာတကာမှာ မှိုလိုပေါက်နေတဲ့ ဘီယာဆိုင်တွေ နဲ့ အတူ ဘီယာဗိုက်တွေလည်း ပိုများလာနေပါပြီ။ အမေရိကန်နိုင်ငံမှာ ၂၀၁၁ ခုနှစ်တုန်းက ပြုလုပ်ခဲ့တဲ့ လေ့လာမှုတခုအရ လူ ၃ ယောက်မှာ ၁ ယောက်က ဝပါတယ်။ ဝတဲ့သူ ၃ယောက်ထဲမှာ ၁ ယောက်က အလွန်ဝတဲ့ အနေအထားကို ရောက် နေတယ်လို့ သိရပါတယ်။ အဝလွန်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကလည်း များပါတယ်။ သွေးချို၊ ဆီးချို ကနေ ကင်ဆာနဲ့ သွေးတိုးရောဂါအထိ အဝလွန်ခြင်းနဲ့ ဒွန်တွဲနေတဲ့ ရောဂါတွေက လူ့ဘဝကို ထိခိုက်စေပါတယ်။ အလွယ်ပြောရ ရင် အသက်တိုစေနိုင်ပါတယ်။
အဝလွန်ခြင်းကြောင့် အိပ်ခန်းထဲက သာယာပျော်ရွှင်မှုတွေကို လျော့ပါးသွားစေတယ်ဆိုတာလဲ လူအများစုက သတိမထား မိကြပါဘူး။ အလွန်ဝတဲ့ အမျိုးသား၊ အမျိုးသမီးတွေဟာ မဝတဲ့ သူတွေထက်စာရင် လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်သာယာမှု သိသိသာသာ လျော့နည်းတယ်လို့ ၂၀၁၁ ခုနှစ် မေလထုတ် Journal of Sex and Marital Therapy မှာ ဖော်ပြထားပါ တယ်။
အီတလီနိုင်ငံ Florence တက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတခုအရ အဝလွန်ခြင်းက အမျိုးသားတွေ လိင်တံ တင်းမာ နိုင်မှု ကျဆင်းခြင်းနဲ့ ဆက်စပ်နေတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ Florence တက္ကသိုလ်က ဒေါက်တာ Giovanni Corona နဲ့ တခြား သုတေသီတွေက အဝလွန်ခြင်းဟာ အမျိုးသားတွေရဲ့ testosterone ဟိုမုန်း ထုတ်လုပ်မှု လျော့ကျခြင်း နဲ့ ခိုင်ခိုင်မာမာ ဆက်စပ်နေတယ် ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ testosterone ဟိုမုန်းဟာ လိင်စိတ်ဆန္ဒ၊ လိင် တုန့်ပြန်မှု တွေမှာ အရေးပါတဲ့ နေရာက ပါဝင်ပါတယ်။ ဝလာတာနဲ့ အမျှ testosterone ထုတ်လုပ်မှုနည်းသွားပါတယ်။ တ နည်းဆိုရရင် ကိုယ်ခန္ဓာအလေးချိန်တိုးလာတာနဲ့ အမျှ လိင်မှုဆိုင်ရာ ပျော်ရွှင်ကျေနပ်မှုတွေ လျော့နည်းသွားမယ် ဆိုတာပါ ပဲ။
ဒါပေမယ့် သတင်းကောင်းတော့ ရှိပါတယ်။ ကိုယ်အလေးချိန်ကို အတန်အသင့်လောက်လျှော့ချနိုင်မယ်ဆိုရင်တောင်မှ ယောက်ျားတယောက်ရဲ့ လိင်ပိုင်းဆိုင်ရာ တုန့်ပြန်မှုတွေနဲ့ အိပ်ခန်းထဲက ပျော်ရွှင်စေတယ် တိုးလာဖို့ အထောက်အကူ ဖြစ်မယ် ဆိုတာပါပဲ။ ၂၀၁၁ ခုနှစ် ဇူလိုင်လ ထုတ် The Journal of Sexual Medicine မှာဖော်ပြခဲ့တဲ့ လေ့လာမှုတခုအရ အဝလွန်တဲ့ အမျိုးသားတွေဟာ ကိုယ်အလေးချိန်ကို ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်း အထိလျှော့ချနိုင်မယ် ဆိုရင် လိင် အင်္ဂါတောင့်တင်းသန်မာမှုကို တိုးတက်လာစေတယ်လို့ သိရပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ လေ့လာမှုတွေပြုလုပ်ဆဲ ပဲ ရှိသေးပေမယ့် လက်ရှိတွေ့ရှိရသလောက်ကတင် အားတက်စရာဖြစ်ပါတယ်။ ကိုယ့်ရဲ့ နေထိုင်မှုပုံစံကို အနည်းငယ် လောက် အပြောင်းအလဲလုပ်လိုက်ရုံနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှုကိုရော လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး အတွက်ပါ ကောင်း ကျိုးတွေ ရရှိနိုင်ပါတယ်။
ကိုယ်အလေးချိန်အလွန်များနေခြင်းက အမျိုးသားတယောက်ရဲ့ လိင်ဆက်ဆံမှုဆိုင်ရာ သာယာပျော်ရွှင်မှု အပေါ်မှာ သက် ရောက်မှုရှိနေသလို စိတ်ခံစားမှုဆိုင်ရာ အကြောင်းအရာတွေကြောင့် စွမ်းဆောင်ရည် ထိခိုက်မှုတွေ လည်း ဖြစ်လာနိုင် ပါတယ်။ ကိုယ့်ရဲ့ ကိုယ်ခန္ဓာ အလေးချိန်နဲ့ အချိုးအစားနဲ့ ပတ်သက်လို့ အမျိုးသမီးတွေသာ စိုးရိမ်လေ့ရှိတယ်လို့ အများက ထင်တတ်ကြပေမယ့် အမျိုးသားတွေလည်း ဒီလို စိုးရိမ်မှုတွေခံစားကြရတတ်ပါတယ်။ လူတိုင်းဟာ ကိုယ့်ကိုယ်ကို အိပ်ယာ ထဲမှာ ဆွဲဆောင်မှုရှိတဲ့ ပုံစံ ဖြစ်ချင်ကြပါတယ်။ တကယ်လို့ အဲဒီ ယုံကြည်မှု ပျောက်ဆုံးသွားတယ်ဆိုရင် လိင်မှုကိစ္စမှာ စိတ် အာရုံဝင်စားနိုင်ဖို့ ခက်ခဲသွားတော့မှာ ဖြစ်ပါတယ်။ အမျိုးသားတွေရဲ့ စွမ်းဆောင်ရည်အပေါ် တိုက်ရိုက် သက်ရောက် စေပြီး တော့ လိင်တံ တင်းမာမှုကိုလည်း ထိန်းထားနိုင်တော့မှာ မဟုတ်ပါဘူး။ လိင်တံတင်းမာနိုင်မှု အခက်အခဲနဲ့ ကြုံတွေ့ နေရတဲ့ အမျိုးသား အများစုအတွက် စိုးရိမ်သောကနဲ့ ယုံကြည်မှု ပျောက်ဆုံးခြင်းက အဓိကပြဿနာ ဖြစ်ပြီးတော့ ကိုယ့် ကိုယ်ကို မှန်ထဲမှာ ပြန်မကြည့်ချင်ဘူးဆိုရင် ဒီအခြေအနေက ပိုဆိုးသွားမှာ ဖြစ်ပါတယ်။
ဒါပေမယ့် အိပ်ခန်း အပြင်ဘက်က အလေ့အထတွေကို ပြောင်းလဲလိုက်နိုင်မယ်ဆိုရင် အိပ်ခန်းထဲမှာလည်း အောင်မြင်မှု အသီး အပွင့်တွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဘဝနေထိုင်မှု အပြောင်းအလဲ အနည်းငယ်လောက်ထဲနဲ့ အကျိုးကျေးဇူး တွေ ကို အလွယ်တကူရရှိနိုင်ပါလိမ့်မယ်။
Source: everydayhealth.com