Health

ဆေးလိပ်သမားများအတွက် နီကိုတင်းကို ရှင်းပေးမယ့် အစားအစာ ၉ မျိုး (၂)

This article has been converted from Zawgyi One to Unicode

ဆေးလိပ်သောက်တဲ့ သူတွေကို ဖြတ်လို့မရအောင် စွဲလမ်းစေတာက နီကိုတင်း ဓာတ်ပါ။ ဆေးလိပ် စီးကရက် သောက်ရာကနေ ထွက်ပေါ်လာတဲ့ အဲဒီ နီကိုတင်းဓာတ်က ရှေးနှစ်ပေါင်း များစွာကတည်းက ယနေ့တိုင် လူတွေကို မူးယစ်စွဲလမ်းစေတဲ့ အပြင် အာရုံကြောနဲ့ ကြွက်သားတို့ရဲ့ ဆဲလ်တွေ ပုံမှန် လှုပ်ရှားမှုကိုလည်း အဟန့်အတား ဖြစ်စေပါတယ်။ ဆေးရွက်ကြီး မီးလောင်ရာကနေ ဖြစ်လာတဲ့ နီကိုတင်းဓာတ်ကြောင့် နှလုံးရောဂါ၊ သွေးတိုးရောဂါနဲ့ လေဖြတ်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။
ဆေးလိပ်ကြောင့် ကျန်းမာရေး ထိခိုက်စေတယ်လို့ ဆေးပညာရှင်တွေက သက်သေအခိုင်အမာ ပြပေမယ့်လည်း လူတွေကတော့ ဆေးလိပ်ကို သောက်နေကြဆဲပါပဲ။ တချို့ဆို ဆေးရွက်ကြီးတွေကို ကွမ်းထဲမှာတောင် ထည့်ငုံပြီး နီကိုတင်းကို စားသုံးနေတာ တွေ့နိုင်ပါတယ်။ အဲဒီလို ကိုယ်ခန္ဓာထဲက နီကိုတင်းတွေ ဖယ်ရှားပေးနိုင်တဲ့ အစားအစာ တချို့ အကြောင်း ဖော်ပြပေးလိုက်ပါတယ်။
Health, နီကိုတင်း
အနီရောင် ဘယ်ရီသီးအချဉ်များ
အနီရောင် ဘယ်ရီသီအချဉ်တွေက သင့်ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှု ပုံထက် ကောင်းမွန်စေတဲ့ အပြင် ကိုယ်တွင်း နီကိုတင်းဓာတ်ကိုလည်း ဖယ်ရှား ဖယ်ထုတ်ပေးပါတယ်။ နီကိုတင်းဓာတ်က သွေးထဲမှာပါတဲ့ သကြားဓာတ်ကို မြင့်မားစေပါတယ်၊ အနီရောင် ဘယ်ရီသီး အချဉ်တွေကတော့ နီကိုတင်းဓာတ် ရစေတဲ့ ဆေးလိပ်သောက် ‘ချင်ခြင်း’ ကို ပြေစေပါတယ်။

 

 

 

 

Health, နီကိုတင်း

မုံလာဥနီ
ဆေးလိပ်သောက်ခြင်းက သင့်ခန္ဓာကိုယ်မှာ ရှိတဲ့ ဗီတာမင် အေနဲ့ စီတွေကို လျော့ကျလာစေပါတယ်။ ကိုယ်ထဲမှာ ဗီတာမင် အေနဲ့ စီ နည်းပါး လျော့ကျနေမယ်ဆိုရင် နာဗ်ကြော ဆိုင်ရာဆဲလ်များ၊ သွေးလှည့်ပတ်မှုနဲ့ ဦးနှောက်ပုံမှန် လုပ်ဆောင်မှုတွေ ပျက်ယွင်း ထိခိုက်စေပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ ဗီတာမင် အေနဲ့ စီ ပြည့်ဝစေဖို့ မုံလာဥနီကို စားသုံးပေးရပါမယ်။ သဘာ၀ ကိုယ်ခံအား ကောင်းစေတဲ့ အစားအစာ ဖြစ်သလို ရောဂါဘယတွေကိုလည်း ကာကွယ်ပေးပါတယ်။

 

 
Health, နီကိုတင်း

သလဲသီး
ဆေးလိပ်သောက်ခြင်းဟာ နှလုံးခုန် မြန်စေပြီး၊ သွေးပေါင်ချိန် တိုးစေတဲ့အပြင် သွေးထဲမှာ အောက်စီဂျင် ပါဝင်မှုကို လျော့ကျ စေပါတယ်။ အဲဒီလို မဖြစ်ရအောင် သလဲသီး စားသုံးပေးခြင်းအားဖြင့် ကာကွယ်နိုင်ပါတယ်။ သလဲသီး စားသုံးခြင်းဖြင့် သွေးလှည့်ပတ်မှု ကောင်းမွန်စေပြီး သွေးကြောအတွင်း သွေးနီဥပါဝင်မှုကိုလည်း များပြားစေပါတယ်။

 

 

 
Health, နီကိုတင်း

ဂျုံစေ့များ
ဆေးလိပ်သောက်သုံးခြင်းက သင့်ရဲ့ သွေးကြောမျှင်တွေကို တင်းကြပ်စေပါတယ်။ ဒီလို သွေးကြောမျှင်တွေ တင်းကြပ်မှု မဖြစ်အောင် ဂျုံစေ့ဆန်တွေ စားသုံးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဗီတာမင် အီး ဓာတ်ဆိုတာ ဂျုံစေ့ဆန်မှာ အများဆုံးပါဝင်ပြီး၊ ဗီတာမင် အီးက သွေးလည်ပတ်မှုကို တိုးတက်ကောင်းမွန်စေတဲ့ အပြင် သင် အသက်အရွယ် ကြီးလာချိန် အထိ နှလုံးကိုဒုက္ခပေးတဲ့ ရောဂါဘယတွေကို ဖယ်ရှားပေးနိုင်လို့ပါပဲ။

 

 

 

Health, နီကိုတင်း

 

ကိုက်လံ
ကိုက်လံဆိုတာ အံ့သြဖွယ် ဟင်းသီးဟင်းရွက် တမျိုးဖြစ်ပြီး၊ ကိုက်လံ စားသုံးခြင်းအားဖြင့် ကင်ဆာရောဂါ ဖြစ်ပွားမှုကို တားဆီးကာကွယ် ပေးပါတယ်။ ကိုက်လံဟာ အဆိပ်အတောက်တွေ ဖယ်ရှားပေးတဲ့ သဘာ၀ ဟင်းသီးဟင်းရွက် တမျိုးဖြစ်ပြီး သင့်ကိုယ်ခန္ဓာအတွက် မလိုအပ်တဲ့ အဆိပ်အတောက်နဲ့ နီးကိုတင်းဓာတ်ကိုလည်း ဖယ်ရှားပေးပါတယ်။

 

 

 

 

ပထမပိုင်း ဖတ်ရှုရန်

Ref: Only My Health

Loading