Health

ဆရာဝန်တွေတောင် ယောဂကို ညွှန်းလာကြပြီ

Want create site? Find Free WordPress Themes and plugins.

ကျန်းမာရေးလိုက်စားတဲ့သူတွေက ယောဂ ကျင့်စဉ်ရဲ့ အကျိုးကျေးဇူးတွေကို သိနေခဲ့တာကြာခဲ့ပါပြီ။ ဒါပေမယ့် ဒီနေ့ ခေတ်ရဲ့ အဓိက ပြောစရာတွေကြားထဲမှာ ရှေးဟောင်း ကျင့်စဉ်တခု ဖြစ်တဲ့ ယောဂ ကျင့်စဉ်ရေပန်းစားမှုက တိုးလာ နေပါတယ်။ အထူးသဖြင့် ဆရာဝန်တွေ ဖြစ်ပါတယ်။ ခုချိန်မှာ ဆရာဝန်တွေက လူနာတွေကို ယောဂ ကုထုံးကိုခံယူဖို့ ညွှန်ကြားတာတွေ များလာပါတယ်။ အနောက်နိုင်ငံတွေမှာ ပညာသင်ကြားခဲ့ ဆရာဝန်တွေတောင် အဲဒီထဲမှာ ပါ ဝင်နေပါပြီ။

ဒါကြောင့် ယောဂ ကုထုံးဆိုတာဘာလဲ။ ဘာကြောင့် လူကြိုက်များ၊ လူသိများလာတာလဲ။ ယောဂ ကုထုံးက လူနာတွေကို သက်သာစေဖို့ အထောက်အကူ ဖြစ်စေသလားဆိုတာကို သိနိုင်ဖို့ အချက်တချို့ကို ဖော်ပြလိုက်ပါတယ်။

ယောဂ ကုထုံးဆိုတာ ဘာလဲ။

ယောဂ ကုထုံးမှာ သဘာဝဖြစ်စဉ်တွေကို လွယ်ကူသက်သာစေတဲ့ ဒါမှမဟုတ် ကျန်းမာရေး အခြေအနေကို ကောင်းမွန် စေမယ့် လုပ်ဆောင်ချက် အမျိုးမျိူး ပါဝင်ပါတယ်။ ကုသမှုအနေနဲ့ အသုံးပြုလေ့ရှိတာ အချို့ကတော့ အသက်ရှူလေ့ကျင့် ခန်းတွေ၊ ကိုယ်ဟန် အနေအထားတွေ၊ အာရုံခံစားကြည့်ခြင်း နဲ့ တရားမှတ်ခြင်းတွေ ဖြစ်ပါတယ်။ အစားအစာကို စနစ် တကျ စားသုံးတာကလည်း ယောဂ ကုထုံးရဲ့ တစိတ်တပိုင်း အဖြစ်ယူဆနိုင်ပါတယ်။

ပုံမှန် ယောဂကျင့်စဉ်တခုဟာ လေ့ကျင့်ရတဲ့ ပုံစံကိုလိုက်ပြီးတော့ လျှင်မြန်စွာ လှုပ်ရှားဖို့ နဲ့ ရုပ်ပိုင်းဆိုင်ရာ (အင်အား စိုက်ထုတ်ရမှု) လိုအပ်ချက်တွေ ရှိနေနိုင်ပေမယ့် ယောဂ ကုထုံးကတော့ ဘေးကင်းစိတ်ချရပြီး နူးညံ့သိမ်မွေ့တဲ့ တခြား နည်းလမ်းတခု ဖြစ်ပါတယ်။ ယောဂ ကုထုံးကို ကျန်းမာရေး အခြေအနေ အမျိုးမျိုးရှိတဲ့ လူနာတွေနဲ့ အလုပ်လုပ်ဖို့ အထူး လေ့ကျင့်ပေးထားတဲ့ သင်တန်းဆရာတွေက ဦးဆောင်ပါတယ်။ လူနာတွေကလည်း တယောက်နဲ့ တယောက် ကွဲပြားမှု ရှိတဲ့ အတွက် ယောဂ ကုထုံးရဲ့ ဟန်ပန်နဲ့ ပုံသဏ္ဍန်တွေကလည်း ကွဲပြားမှုကြီးမားစွာ ရှိနေမှာ ဖြစ်ပါတယ်။ အဖွဲ့အလိုက် လေ့ကျင့်ပေးတာမျိုးရှိသလို ကျန်းမာရေးစောင့်ရှောက်ရေး ဌာနတွေ၊ ဆေးရုံတွေမှာ တယောက်ချင်းစီ လိုက်ပြီး လေ့ကျင့် ကုသပေးရတာ မျိုးတွေ အထိရှိမှာ ဖြစ်ပါတယ်။

ကုသရေးမှာ ယောဂ ကုထုံးက ပိုမိုပြီး ပြည့်စုံတဲ့ ချဉ်းကပ်မှုပြုလုပ်ပါတယ်။ လူနာတွေရဲ့ အခြေအနေ (လက်ရှိဝေဒနာ) သက်သက်ကိုသာ မဟုတ်ဘဲ ကိုယ်ခန္ဓာတခုလုံးကို ဦးတည်ပါတယ်။ ကိုယ်ခန္ဓာ၊ စိတ်နဲ့ ကိုယ်ခန္ဓာရဲ့ ကွဲပြားတဲ့ စနစ် များ ကို ခိုင်မာအားကောင်းစေဖို့ တပြိုင်ထဲဆောင်ရွက်ပါတယ်။ နှလုံးနဲ့ သွေးကြောစနစ်၊ ကြွက်သားတွေ၊ အဆုပ်တွေနဲ့ ကိုယ် ခန္ဓာရဲ့ အာရုံကြော စနစ်တွေလည်း အပါအဝင် ဖြစ်ပါတယ်။

လူတွေဟာ အခြေအနေအမျိုးမျိုးကို တကြိမ်ထဲမှာ ခံစားရနိုင်ပါတယ်။ ဒါကြောင့် ယောဂ ကုထုံးက ဘက်စုံ သုံးလို့ရတဲ့ ကု သမှုပုံစံ ဖြစ်လာနိုင်ပါတယ်။ ယောဂကုထုံးက အစာခြေ စနစ်ရဲ့ လုပ်ငန်းဆောင်တာတွေ ကိုတိုးတက်ကောင်းမွန်စေ ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ ကောင်းမွန်ဖို့ ပျိုးထောင်ပေးပါတယ်။ ကိုယ်ခန္ဓာရဲ့ တစ်သျှူးတွေဆီကို အောက် ဆီဂျင် ဖြန်ဝေနိုင်မှုကိုလည်း ပိုမိုကောင်း မွန်စေပါတယ်။ ယောဂကုထုံးက ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်တွေ၊ မလိုလား အပ် တဲ့အရာတွေနဲ့ အဆိပ်အတောက်တွေကို ကိုယ်ခန္ဓာကနေ ပိုမို ဖယ်ရှားပစ်နိုင်အောင်လည်း အထောက်အကူပေးပါတယ်။

ဘာကြောင့် လူသိများလာတာလဲ။

ယောဂ ကုထုံးကို ပညာရပ်ဆိုင်ရာ နယ်ပယ်သစ်တခု အဖြစ် ယူဆထားကြဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ အောင် မြင်စွာ လက်တွေ့အသုံးချနိုင်တဲ့ ကုသမှုတခု အဖြစ် ကမ္ဘာက လက်ခံခဲ့ကြပြီ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ တလွှားက ဆေးခန်းတွေနဲ့ အဓိက ကျန်းမာရေးစောင့်ရှောက်မှု ဌာနတွေမှာ ယောဂ ကုထုံး အစီအစဉ်တွေ ကို ထူထောင်ခဲ့ပြီး ဖြစ်ပါ တယ်။ ဆေးရုံတွေမှာ ကျန်းမာရေးဌာနတွေမှာ အသုံးချမှုလည်း တိုးလာနေပါတယ်။ သူတို့ရဲ့ လူနာတွေ သက်သာစေဖို့ ယောဂ ကုထုံးက အထောက်အကူပြုတယ်လို့ သဘောထားတဲ့ ဆရာဝန်တွေလည်း တိုးလာနေပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုရဲ့ အစိတ်အပိုင်း ဖြစ်လာနေပါတယ်။

ပြီးခဲ့တဲ့ ၁၂ နှစ် အတွင်းမှာ နိုင်ငံ ၄၈ ခုက အဖွဲ့ဝင် ၃၄၀၀ ကျော်ပါဝင်တဲ့ နိုင်ငံတကာ ယောဂ ကုထုံးပညာရှင်များ အစည်း အရုံး (IAYT) က ယောဂ ကုထုံးကို အနောက်တိုင်းမှာ လေးစားလာအောင်၊ ကုထုံးအဖြစ် လက်ခံ ယုံကြည်လာအောင် ကြိုးစား ဆောင်ရွက်နိုင်ခဲ့ပါတယ်။ သူတို့က နှစ်စဉ် သုံးသပ်ချက် ဆေးပညာဂျာနယ်တစောင် ထုတ်ဝေခဲ့ပြီး ပညာရပ်ဆိုင် ရာ သုတေသန ကွန်ဖရင့်တွေ ကျင်းပပေးခဲ့ပါတယ်။ အမေရိကန်နိုင်ငံ အမျိုးသား ကျန်းမာရေး သိပ္ပံ (NIH) က အသိအမှတ်ပြု ယောဂကုထုံး စံသတ်မှတ်ချက်တွေ ဖန်တီးပေးဖို့ အာမခံချက် ရရှိခဲ့ပါတယ်။ အခုအခါမှာတော့ IAYT က သင်တန်းတွေ ဖွင့်လှစ်သင်ကြားပြီး အသိအမှတ်ပြုလက်မှတ်ရ ပညာရှင်တွေ မွေးထုတ်နိုင်ဖို့ စတင်နေပြီ ဖြစ်ပါတယ်။

IAYT ရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေက ၂၀၀၃ ခုနှစ်မှာ  ၅ခု ရှိခဲ့ရာကနေ ယခုအခါမှာတော့ ကမ္ဘာတလွှားမှာ ကျောင်း ပေါင်း ၁၃၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။ လတ်တလော အထိ IAYT က အသိအမှတ်ပြုလက်ခံထားတဲ့ သင်တန်း အစီအစဉ် (ဘာသာရပ် အမျိုးအစား) ၂၄ မျိုး ရှိပြီးတော့ နောက်ထပ် တိုးဖို့ စဉ်းစားသုံးသပ်နေတာက အမျိုး ၂၀ ရှိပါတယ်။ ၂၀၁၅ ခု နှစ် အထိ IAYT ရဲ့ ယောဂ ကုထုံးပညာရှင် အများစုက ဆေးရုံများမှာ အလုပ်လုပ်ကြပါတယ်။ တခြားသူတွေက တော့ ပြင်ပလူနာဆေးခန်းတွေ၊ လေ့ကျင့်ခန်းနဲ့ ကုသတဲ့နေရာ၊ ကင်ဆာရောဂါ ကုသတဲ့နေရာ ဒါမှ မဟုတ် ပြန်လည်ထူ ထောင်ရေးစန်တာတွေမှာ လုပ်ကြပါတယ်။ အလွတ်တန်း လေ့ကျင့်ရေးနည်းပြအဖြစ် လုပ်ကြတာလည်း ရှိပါတယ်။

ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍမှာ ယောဂ ကုထုံးကို လက်ခံမှုတိုးလာတာက ပညာရပ်ဆိုင်ရာ သုတေသနတွေ ကြောင့်လည်း တစိတ်တပိုင်း ဖြစ်ပါတယ်။ စိုးရိမ်ပူပန်မှု၊ နောက်ကျောနာကျင်ခြင်း၊ အိပ်မပျော်ခြင်းနဲ့ စိတ်ကျရောဂါ တွေ အပါအဝင် ကျန်းမာရေး အခြေအနေတော်တော်များများမှာ ယောဂ ကုထုံးကို အသုံးပြုခြင်း အားဖြင့် အကျိုးကျေးဇူး ရှိတယ် ဆိုတာကို သုတေသနတွေမှာ တွေ့ရှိခဲ့တာတွေကလည်း များလာနေပါတယ်။ သွေးတိုးနဲ့ နှလုံး ရောဂါ ဖြစ်နိုင် တဲ့ အကြောင်းတွေကို လျှော့ချပေးနိုင်တယ် ဆိုတာလည်း တွေ့ရှိခဲ့ရပါတယ်။ ကင်ဆာရောဂါ ကုသမှုရဲ့ ဘေးထွက်ဆိုးကျိုး တွေကို ယောဂ ကုထုံးက အောင်အောင်မြင်မြင် ဖြေဖျောက်ပေးနိုင်တယ် ဆိုတာကိုလည်း သုတေသနတွေက ပြသနိုင် ခဲ့ပါတယ်။ ဓာတ်ရောင်ခြည်ကုသမှု ခံယူနေစဉ်အတွင်း ယောဂလေ့ကျင့်ခဲ့တဲ့ လူနာတွေရဲ့ အဆိုအရ မောပန်းနွမ်းနယ် မှုတွေနဲ့ စိတ်ဖိအားတွေကို လျော့ကျစေပြီး နေထိုင်ကောင်းစေတယ်လို့ လည်းသိရပါတယ်။

ယောဂ ကုထုံးက ထိရောက်မှု ရှိရဲ့လား။

ယောဂ ကုထုံးက စိတ်ဖိစီးမှုကို လျှော့ချရာမှာ အထိရောက်ဆုံးနည်းလမ်းတခု အဖြစ် သက်သေပြနိုင်ခဲ့ပြီးပါပြီ။ ဒါက နေ့ စဉ် လိုလို  ပြင်းထန်တဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ အနောက်တိုင်းက လူအများစုအတွက် သတင်းကောင်း ဖြစ်ပါတယ်။ စိတ်ဖိစီးမှု ဆိုတာ ကျန်းမာရေး ပြဿနာ တော်တော်များများကို ဖြစ်စေနိုင်တဲ့ အရာအဖြစ် သိကြပါတယ်။ အစာမကြေခြင်း၊ ခေါင်းကိုက်ခြင်း တွေက စလို့ အသက်အန္တရယ်ရှိစေတဲ့ ရောဂါတွေ ဖြစ်တဲ့ နှလုံးရောဂါ၊ ဆီးချိုရောဂါနဲ့ အရိုးပွ ရောဂါ တွေ အပါအဝင် ဖြစ်ပါတယ်။

တခြားသော ကျန်းမာရေး စောင့်ရှောက်မှုပုံစံတွေနဲ့ ပေါင်းစပ်ကုသမယ်ဆိုရင် ယောဂ ကုထုံးက တကယ်ကို ထိရောက်မှု ရှိ တယ်ဆိုတာ ပြသခဲ့ပြီး ဖြစ်ပါတယ်။ အထူးသဖြင့် နာတာရှည် ရောဂါတွေကုသရာမှာ ဖြစ်ပါတယ်။ ဥပမာပြရရင် ကင်ဆာ ဝေဒနာရှင်တွေ ဆေးသွင်းကုသမှုခံယူခြင်းနဲ့ ဓာတ်ရောင်ခြည် ကုသမှုခံယူခြင်းတို့ကြောင့် ခံစားရတဲ့ ဘေးထွက်ဆိုးကျိုး သက်ရောက်မှုတွေကို လျှော့ချပေးနိုင်တယ် ဆိုတာကို လေ့လာမှုတွေက ပြသနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ခွဲစိတ်ကုသမှု ခံယူပြီး နောက်မှာ ယောဂ ကုထုံးက အလျှင်အမြန် ပြန်လည် နာလံထစေနိုင်တယ် ဆိုတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။ ဆေးခန်း တွေမှာ လေ့လာချက်အရ ယောဂလေ့ကျင့်မှုကို ပုံမှန်ပြုလုပ်ခဲ့တဲ့ သွေးတိုးဝေဒနာရှင်တွေ၊ သွေးတိုး သို့မဟုတ် ပန်းနာ ရင်ကြပ် ရှိသူတွေကို ဆေးပေးရာ အရင်ကထက် ပိုနည်းလာပြီး တချို့ဆေးတွေဆိုရင် လုံးဝပေးစရာ မလိုတော့ကြောင်း သိရှိရပါတယ်။ လူနာတွေ အနေနဲ့ ဆေးသောက်ရတာ နည်းလာတဲ့ အတွက် ဘေးထွက်ဆိုးကျိုး သက်ရောက်မှုလည်း လျော့ကျသွားမှာ ဖြစ်သလို ငွေကြေးအကုန်အကျလည်း သက်သာသွားမှာ ကတော့ ပြောစရာတောင် လိုမှာ မဟုတ်ပါဘူး။

ယောဂ ကုထုံးရဲ့ အနာဂါတ်

ကုထုံး ပညာရှင်တွေ အတွက် အချိန်ယူဖို့ လိုအပ်နေဆဲ ဖြစ်သလို လူနာတွေက သူတို့ရဲ့ ကျန်းမာရေး ကုသမှုမှာ ယောဂ ကုထုံးက အခြေခံကျတဲ့ ချဉ်းကပ်မှုတခု အဖြစ် အပြည့်အဝ လက်ခံလာကြဖို့ အချိန်လိုအပ်နေဆဲပါ။ ဒါပေမယ့် တွဲဖက် အသုံးပြုတဲ့ ချဉ်းကပ်မှုမှာတော့ ယောဂ ကုထုံးက အကောင်းဆုံး လုပ်ပြနိုင်ခဲ့ပြီးပြီ ဖြစ်ပါတယ်။ ယောဂ ကျင့်စဉ်ရဲ့ ကျန်း မာရေး အကျိုးကျေးဇူးတွေ အကြောင်း သိပ္ပံနည်းကျ လေ့လာသုတေသနပြုမှုတွေ တိုးလာတာကိုက ယောဂ ကုထုံး ဆက် လက်ပြီး ရှိနေဦးမယ်ဆိုတဲ့ အကောင်းဆုံး သက်သေ အထောက်အထားပဲ ဖြစ်ပါတယ်။

( The Huffington Post ပါ Avital Scharf ၏ Yoga Therapy: The Newest Health Trend that Doctors are Paying Attention To ကို ဘာသာပြန်ဆိုသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading