သွေးတိုးရှိနေပြီဆိုရင် အရက်သောက်လို့ မရတော့ဘူးလား။ အရက်ဟာ လူတယောက်ကို သွေးပေါင်ချိန် အတက် မြန်စေတယ်ဆိုတာ သေချာပေမယ့် တကယ်တမ်း အရက်ဖြတ်လိုက်ဖို့တော့ လိုအပ်ရဲ့လား။
ကျနော်တို့ မြန်မာ စကားပုံမှာ ရှိတဲ့ တန်ဆေးလွန်ဘေးဆိုတဲ့ စကားအတိုင်း တကယ်တမ်းမှာတော့ သွေးတိုးသမားတွေ လည်း အရက်သောက်နိုင်ပါတယ်။
ကျနော့်မိတ်ဆွေတယောက်ကတော့ သူ့မှာ သွေးတိုးရှိတယ်ဆိုတာ သိလိုက်ရပြီး နောက်ပိုင်း အရက်လုံး၀ မသောက်တော့ ဘူးလို့ ဆုံးဖြတ်လိုက်တာမျိုး တွေ့ဖူးပါတယ်။
ဒါကလည်း သွေးတိုးသမား အများစု အရက်အလွန်အကျွံသောက်သုံးပြီး ရုတ်တရက် သေဆုံးသွားတာမျိုးကို သူ မြင်ဖူးထား လို့ ဖြစ်ပါတယ်။ အမှန်တော့ သွေးတိုးနဲ့ အရက်မတည့်တာ အမှန်ပါ၊ ဒါဆို သွေးတိုးရှိသူ တယောက်၊ အရက်သောက်လိုက် တာနဲ့ သေသွားသလားဆိုတော့လည်း မဟုတ်ပါဘူး။
အခု ကျနော်ပြောပြမယ့် အချက်လေးတွေကတော့ ရှဉ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ နည်းလမ်းတွေပါ။ အတိုင်း အ တာတခု မှတ်သားသောက်သုံးမယ်ဆိုရင် သင့်မှာ သွေးတိုးရှိနေသည့်တိုင်အောင် နေ့စဉ် အရက်သောက်လို့ ရပါတယ်။
ဒါဆို ကျနော်တို့ သွေးတိုးရှိနေခဲ့ရင် တရက်ကို အရက် ဘယ်လောက်ပဲ သောက်ကြမလဲဗျာ။ ဘာတွေ သတိပြုဖို့ လိုအပ်မလဲ ဗျာ။
(၁) အရက်အလွန်အကျွံသောက်တတ်သူများအနေနဲ့ သွေးတိုးရှိပြီဆိုတာ ရာသီဥတု မရွေး၊ အချိန်မရွေး အရက်အလွန် အကျွံ သောက်သုံးမှု မပြုပါနဲ့။
(၂) အရက်အလွန်အကျွံသောက်သုံးနေသူ တယောက်အနေနဲ့ သွေးတိုးရောဂါရှိပြီဆိုတာ သိလိုက်ရလို့ အရက်ဖြတ်မယ် ဆိုရင် ချက်ချင်းလုံး၀ မသောက်သုံးဘဲ မနေပါနဲ့။ ပုံမှန် အရက်ဖြတ်နေကျ ပုံစံအတိုင်း ဖြည်းဖြည်းချင်း လျှော့ဖြတ်ပါ။
(၃) အသက်အရွယ်အလိုက် သွေးတိုးရောဂါရှိပေမယ့် အရက်သောက်ချင်တယ် ဆိုရင် အသက် ၆၅နှစ်အောက် အမျိုး သား များအနေနဲ့ တရက်ကို ၂ပက်ထိအောင် နေ့စဉ် သောက်သုံးနိုင်ပါတယ်။
အသက် ၆၅နှစ်နဲ့ အထက် သွေးတိုး ရောဂါသည်တွေကတော့ တရက်ကို ၁ပက်ပဲ သောက်သုံးသင့်ပါတယ်။
အမျိုးသမီး သွေးတိုးရောဂါသည် အရက်သောက်သုံးလိုသူတွေကတော့ အသက်အရွယ်မရွေး တရက်ကို ၁ပက် နေ့စဉ် သောက်သုံးနိုင်ပါတယ်။
(၄) အရက် ၁ပက်ဆိုတာက ဘီယာဆိုရင် ၁၂အောင်စ (၃၅၅ မီလီလီတာ)၊ ဝိုင်ဆိုရင် ၅အောင်စ (၁၄၈ မီလီလီတာ)၊ အ ရက်ဆိုရင်တော့ ၁.၅အောင်စ (၄၄မီလီလီတာ)ကို ဆိုလိုတာ ဖြစ်ပါတယ်။
(၅) အရက်ကြောင့် သွေးပေါင်ချိန် တက်နှုန်းဟာ တထိုင်တည်း အရက် ၃ပက်နဲ့ အထက် သောက်သုံးမှုကြောင့် သွေးပေါင်ချိန် စတက်လာစေနိုင်သလို အဆိုပါ သွေးပေါင်ချိန်တက်မှုဟာ ယာယီဖြစ်ပြီး မကြာခင်မှာ သွေးပေါင်ချိန် ပြန်ကျသွားစေပါ တယ်။
(၆) ပြည်တွင်းမှာ သောက်သုံးပုံ မှားယွင်းတဲ့ တထိုင်တည်း အရက်သောက်သုံးခြင်း မဟုတ်ဘဲ ခဏ၊ ခဏ အရက်ကို နည်း နည်းနဲ့ အကြိမ်ရေ များများ သောက်သုံးခြင်းကတော့ သွေးပေါင်ချိန်ကို အချိန်ပြည့် တက်နေစေသလို သွေးတိုးကြောင့် သေ ဆုံးမှုတွေလည်း ဖြစ်လာစေနိုင်ပါတယ်။
Ref: www.mayoclinic.org