ကျနော်တို့ မြန်မာနိုင်ငံရဲ့နွေရာသီဟာ ကမ္ဘာမှာ အပူဆုံးမဟုတ်ပေမယ့် နွေရာသီကြောင့် ဖြစ်တဲ့ ပူပြင်းမှုဒဏ် ကြောင့် အသက်သေဆုံးနိုင်သည်ထိအောင် ဂရုမပြုရင် ထိခိုက်မှု ရှိစေနိုင်တဲ့ အနေအထားပါ။
အထူးသဖြင့် လူဦးရေ အများဆုံးနေထိုင်တဲ့ ရန်ကုန်နယ်မှာကိုပဲ အပူချိန် မြင့်တက်လာမှုနဲ့အတူ ရာသီဥတုပူ ပြင်းမှုကြောင့် သေဆုံးမှု၊ ဖျားနာမှု အနည်းနဲ့ အများဖြစ်နေတာလည်း နှစ်စဉ် တွေ့နေနိုင်ပါတယ်။
ဒီအတွက် အခု ကျနော်က နွေရာသီမှာ ဂရုစိုက် ဆင်ခြင်ပြုနေထိုင်ရမယ့်အချက်တွေကို ပြောပြချင်ပါတယ်။
(၁) အပူမငုပ်ပါစေနဲ့
အပူရှပ်တယ်ဆိုပြီးတော့လည်း ခေါ်ကြပါတယ်၊ ဘယ်လိုပဲ ဖြစ်ဖြစ်၊ ပြင်ပအပူချိန် ခန္ဓာကိုယ်တွင်းကို အောင်းခြင်းကြောင့် နေမကောင်းခြင်းကနေ ပြင်းထန်ရင် အသက်သေဆုံးသည်ထိအောင် ဖြစ်စေနိုင်ပါတယ်။
ကြိုတင်ကာကွယ်မှုအနေနဲ့ အကျီအရောင်ဖျော့ဖျော့တွေ ဝတ်ဆင်ပါ၊ ထီးဆောင်းပါ၊ နေပူထဲ အကာအကွယ်မဲ့ သွားခြင်း ရှောင်ကြည်ပါ၊ နေပူထားပြီး နေရာကို ရေဖျန်းထားတဲ့ မြေနေရာတွေပေါ်မှာ အချိန်ကြာ ကစား၊ ရပ် နား၊ ဖြတ်သွားခြင်း ရှောင်ကြဉ်ပါ။ နေပူထဲက ပြန်လာပြီးချင်း ရေချိုးခြင်း ရှောင်ကြဉ်ပါ။
(၂) အပူအောင်းခြင်းမဖြစ်ပါစေနဲ့
အထက်မှာ ပြောခဲ့တဲ့ အပူငုပ်ခြင်းက ရုတ်တရက် ဖြစ်စေနိုင်ပြီး အခု အပူအောင်းခြင်းကတော့ ခြေ၊ လက်နဲ့ဝမ်း ဗိုက်ကြွက် သားတွေ အပူအောင်းနေခြင်းကြောင့် နာကျင်တဲ့ လက္ခဏာ ပြပါလိမ့်မယ်။ ဒီအတွက် နေပူထဲမှာ ကစား၊ လှုပ်ရှား၊ သွား လာခြင်းကို ရက်အနည်းငယ်လောက် ရှောင်ကြဉ်ပါ။
မဖြစ်မနေ သွားလာလှုပ်ရှားရမယ်ဆိုရင်လည်း အဆိုပါ နာကျင်နေတဲ့ ရက်များအတွင်း အပြင်းအထန်လှုပ်ရှား လုပ်ကိုင်ခြင်း ရှောင်ကြဉ်ပါ၊ ရေများများ သောက်ပေးပါ၊ ရေမှန်မှန် ချိုးပေးပါ၊ ဝမ်းမှန်ပါစေ။ ရက်အနည်းငယ် အကြာမှာ ပြန်လည် သက် သာသွားတတ်ပါတယ်၊
(၃) ချွေးထွက်မလွန်ပါစေနဲ့
ချွေးထွက်များမယ်၊ လေးလံထိုင်းမှိုင်းမယ်၊ ဇက်ကြောတက်မယ်၊ ခေါင်းကိုက်မယ်၊ နှာချေချင်မယ်၊ နှာစေးသလို ဖြစ်မယ်၊ ကြွက်သားတွေ အနည်းငယ် ကိုက်ခဲချင်တယ်၊ ဒါဆိုရင် သင် ရေဓာတ် ဆုံးရှုံးမှုနဲ့အတူ အပူဒဏ် ခံစား နေရပါပြီ။ ရေကို အေးအောင် ချိုးပေးပါ၊ ဖြစ်နိုင်ရင် ရေချိုးကန်မှာ စိမ်ချိုးပါ၊ အကျီ ၤပါးပါး ဝတ်ပါ၊ ရေဓာတ်အားဖြည့်အချိုရည်သောက် ပေးပါ။
(၄) ရေဓာတ် မနည်းပါစေနဲ့
မျက်လုံးတွေ ယားယံမယ်၊ နှုတ်ခမ်းတွေ ခြောက်မယ်၊ အရေပြားတွေ ခြောက်နေမယ်၊ ချွေးထွက်နည်းမယ်၊ အလင်းရောင် ကြည့်ရင် မျက်လုံး နာချင်သလို ခံစားရမယ်၊ အာရုံကြော အားနည်းသလို ခံစားရမယ်၊ ဒါဆိုရင် သင် ရေဓာတ် နည်းနေပါပြီ။ ရေများများ သောက်ပါ၊ ရေဓာတ် အားဖြည့်အချိုရည်နဲ့ ဓာတ်ဆားများများ သောက်ပေးပါ၊ ရေဓာတ်များတဲ့ အသီးအနှံတွေ အရည်ရွှမ်းတဲ့ အသီးတွေ စားသုံးပေးပါ။
(၅) အရေပြားပေါ်ကို နေရောင် တိုက်ရိုက် မကျရောက်ပါစေနဲ့
အကျီ ၤလက်ရှည်မျိုး လုံခြုံအောင် ဝတ်ဆင်ပါ၊ ထီးဆောင်းပါ၊ ဦးထုပ်ဆောင်းပါ၊ အကာအကွယ်အောက်မှာနေပါ၊ မလိုအပ်ဘဲ အပူချိန် မြင့်မားချိန် အပြင်အထွက်ပါနဲ့၊ နေလောင်ခံဆီ လိမ်းပေးပါ၊ မနက် ၁၀နာရီကနေ ညနေ ၄ နာရီအတွင်း နေလောင် ဒဏ် ဖြစ်စေမှု အများဆုံး ဆိုတာ သိရှိထားပြီး အဆိုပါ အချိန်အတွင်း ဂရုပြုသွားလာ ပါ။
(၆) ဘောက်မထပါစေနဲ့
ဦးရေပြား ခြောက်သွေ့ခြင်းကြောင့် ခေါင်းမှာ ဘောက်ထတတ်ပါတယ်။ ဘောက်ဟာ ဆံပင်ကျွတ်ခြင်းအပြင် ဦးရေပြားမှာပါ ကူးစက်ရောဂါပိုး ကပ်ညိမှု ပိုစေပါတယ်။ ဦးရေပြား စိုစေမယ့် ခေါင်းလိမ်းဆီမျိုး လိမ်းပေးပါ၊ ရေများများ သောက်ပြီး ရေ ဓာတ်ပြည့်ဝအောင် နေထိုင်ပါ။
(၇) အသီးတမျိုးမျိုး နေ့စဉ် စားသုံးပေးပါ
ရေဓာတ်ပါဝင်မှု များပြားတဲ့ အရည်ရွှမ်းတဲ့ အသီး တခုခု နေ့စဉ် ပုံမှန်စားသုံးပေးပါ။ ဖရဲသီး၊ သခွားမွှေး၊ နဂါး မောက်သီး အပါအဝင် အရည်ရွှမ်းတဲ့ အသီးတွေ စားသုံးနိုင်ပါတယ်။
(၈) အသီးအရွက် အစုံ စားသုံးပေးပါ
အပူချိန် မြင့်တက်လေလေ ခန္ဒာကိုယ်မှာ ကယ်လိုရီ အသုံးပြုမှု၊ လောင်ကျွမ်းမှု များလေလေ ဖြစ်တာကြောင့် ဆုံးရှုံး ကယ်လို ရီကို ပြန်လည် ဖြည့်တင်းပေးနိုင်အောင် အစားအသောက်များအတွင်း အသီးအနံအစုံ စားသုံး ပေးပါ။ မုန်ညင်းမျိုးစုံ၊ ကန် စွန်းရွက်၊ ပန်းပွင့်မျိုးစုံ၊ ဂေါ်ဖီထုပ်တွေက ရေဓာတ်လည်း ပါဝင်မှု များပြီး အားဖြည့် အာဟာရဓါတ်တွေလည်း ပါရှိတာ တွေ့ ရပါတယ်။
(၉) ရေခဲရေ၊ ရေနွေးပူ မသောက်ပါနဲ့
အေးလွန်းနေတဲ့ ရေခဲရည်၊ ပူလွန်းနေတဲ့ ရေနွေးမျိုးတွေ မသောက်ပါနဲ့။ ရေခဲရေ သောက်ချင်ရင် အေးတယ်ဆိုတဲ့ ရေခဲရည် မျိုးသောက်သုံးပါ။
ရေနွေးသောက်မယ်ဆိုရင် နွေးတယ်ဆိုရုံ ရေနွေးကို သောက်သုံးပါ၊ ရေနွေးပူကို အေးအောင် မှုတ်သောက်ခြင်းကို နွေရာသီမှာ မပြုပါနဲ့။ သူ့အလိုလို သောက်သုံးဖို့ အဆင်ပြေနေတဲ့နွေးရုံ အပူချိန်ရှိ ရေနွေးကို သောက်သုံး ပါ။
Ref: www.m.indiatimes.com