နွေရောက်ပါပြီ။ နေလည်း ပြင်းလာသလို အပူချိန်လည်း များလာပါပြီ၊ အပူလှိုင်း ဖြတ်သည် ဖြစ်စေ၊ မဖြစ် သည် ဖြစ်စေအရှေ့တောင် အာရှမှာ မြန်မာဟာ အပူဆုံးနိုင်ငံစာရင်းဝင် ဖြစ်လာခဲ့ပါပြီ။
ဒီတော့ နေရောင်ခြည် ကျရောက်မှုနဲ့ အတူ နေရောင်ခြည်မှာ ပါဝင်လာတဲ့ UVလို့ ဆိုတဲ့ ခရမ်းလွန်ရောင်ခြည်က လူ့အ သားအရေအပေါ် ကျရောက်ရင် အရေးပြားပျက်စီးမယ်၊ ဆဲလ်တွေ ပျက်စီးမယ်ပေါ့။ ဒါပေမယ့် UV အကြောင်းပြော ရ ရင် နည်းနည်းများလို့ အခုUV ဆိုတာကို အရေပြားပျက်စီးစေမယ့်၊ လူကိုအကျိုးမပြုတဲ့ နေရောင်ခြည်ပါ။
ဒါပေမယ့် သင့်အနေနဲ့ UVအကြောင်းအခုထက် ပိုပြီးသိချင်မယ် ထင်ပါတယ်။ အခုတပတ်ထဲမှာပဲ UV အကြောင်း အသေးစိပ် ဆောင်းပါးလေး ဖော်ပြပေးပါမယ်။
အခုတော့ ကျနော်တို့ အပြင်ထွက်ရင် ထီးဆောင်းရမယ်၊ အကျႌလက်ရှည် ဝတ်မယ်၊ ခြေအိတ်၊ လက်အိတ် စွတ်မယ် ဆိုတဲ့ အခြေခံအသိတွေရှိပြီး အပြင်မှာ UV မထိအောင် နေနည်းမဟုတ်ဘဲ အိမ်ထဲမှာနေရင်းကိုပဲ UV ဒဏ်ကနေ အ ကောင်းဆုံး ဘယ်လိုကာကွယ်နေမလဲဆိုတာပြောပါမယ်။
အခန်းတံခါးမှန်သားလိုနေရာတွေကို UV ဖြတ်သန်းပြီး သင့် အသားအရေပေါ် ကျရောက်မှုဟာ အပြင်ဘက်မှာ တိုက် ရိုက် နေရောင်ခြည် အရေပြားပေါ် ကျရောက်မှုလောက် ပြင်းထန်တဲ့ အရေပြားဒဏ်ချက် မဖြစ်စေနိုင်ပေမယ့် အချိန် ကြာလာရင်တော့ ခရမ်းလွန်ရောင်ခြည်က သင့်အသားအရေကို အနည်းနဲ့အများ ပျက်စီးစေနိုင်ပါတယ်။
ခရမ်းလွန်ရောင်ခြည် သက်ရောက်မှုကြောင့် အရေးပြားပျက်စီးမှုမှာ နေလောင်ဒဏ်နဲ့ နောက်ဆက်တွဲ ကုသလို့ရတဲ့ အရေပြားအနာကနေ အရေပြားကင်ဆာထိအောင် ဖြစ်စေနိုင်ပါတယ်။
မှန်တံခါးတပ်ဆင်အသုံးပြုတဲ့ အိမ်တွေအနေနဲ့ မှန်မှာ UV ProtectionFilmလို့ ခေါ်တဲ့ မှန်ကပ်ကို သုံးပါ။ အနက်၊ အ ညို၊ မီးခိုးစသဖြင့် အိမ်ပြတင်းတံခါးတွေအတွက် မှန်ကပ်တွေ ရနိုင်ပါတယ်။
ပုံမှန် မှန်သားဟာ နေရောင်ခြည်ထဲက UV ကို ရာခိုင်နှုန်း ၅၀ ခန့်ပဲလျော့ချပေးနိုင်ပေမယ့် Film ကပ်ထားမယ်ဆိုရင် တော့ ၉၉.၉ ရာခိုင်နှုန်းထိအောင် လျော့ချလိုက်နိုင်မှာ ဖြစ်ပါတယ်။
ကားမှန်တွေဟာ UV ကို ကောင်းကောင်းကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် အိမ်မှန်တွေထက်စာရင်ပဲ အချိန် ပိုမို ကြာမြင့်အောင် ကာကွယ်ပေးနိုင်တာ ဖြစ်ပြီး အချိန်ကြာကြီး ကားထဲမှာနေရသူတွေ အတွက်ကတော့ UV Protection Filmမျိုး ကပ်ထားသင့်ပါတယ်။
မှန်ပြတင်းအနီးမှာ စာကြည့်စားပွဲ၊ အလုပ်စားပွဲထားရှိမယ်ဆိုရင် အလွန်တရာ နီးနီးကပ်ကပ် မထားပါနဲ့၊ အလင်းရောင် လည်းရနိုင်မယ့် မနီးမဝေး အနေအထားမှာပဲ ထားရှိလုပ်ကိုင်ပါ။
SPF 15 ပါဝင်တဲ့ နေလောင်ခံအဆီမျိုးကို အိမ်ထဲမှာပဲနေသည့်တိုင်အောင် နေပြင်းတဲ့ရက်မျိုး၊ နွေရာသီနဲ့ ရာသီဥတု အပူချိန်မြင့်တဲ့နေ့တွေမှာ လိမ်းပေးပါ။ 15 ထက်ပိုတဲ့ SPF ပါဝင်ဆီတွေကိုလည်း လိမ်းပေးနိုင်ပါတယ်။
UVဟာ အရာဝတ္ထုတခုခုအပေါ်ကို ကျရောက်ချိန်မှာ နောက်ထပ် ရောင်ခြည်စဉ်တွေ ထပ်မံ ဖြာထွက်စေတတ်ပါတယ်။ ဆိုလိုရင်းကတော့ နေရောင်ခြည်ထဲက UV ဟာ အောက်ခံအရာဝတ္ထုကြောင့် အလင်းဖြာ(ကွဲထွက်)သွားတဲ့ သဘော ပါ။
ဒီလိုကွဲထွက်ချိန်မှာ အရေပြားကို ထိခိုက်စေမှု ဖြစ်မယ့် Avobenzone, Ecamsule, Oxybenzone, Titanium dioxide နဲ့ Zinc Oxideတွေ ပါရှိလာပါတယ်။ SPF ပါရှိတဲ့ အဆီတွေက အဆိုပါ အရာတွေကိုအကောင်းဆုံး ကာကွယ်ပေးနိုင် စွမ်းရှိပါတယ်။
SPF ပါရှိတဲ့ အဆီတွေကို အပြင်ထွက်ချိန်မှ လိမ်းမယ်ဆိုရင်တော့ အိမ်ထဲမှာနေရင်း အရေပြားမှာ အစိုဓာတ် ထိန်း ထားပေးနိုင်မယ့် အလှဆီလို အဆီမျိုးတွေ လိမ်းပေးနိုင်ပါတယ်။ SPF ပါရှိမယ် ဆိုရင်တော့ အကောင်းဆုံးပါ။
QTempလို့ ခေါ်တဲ့ UVပါဝင်နှုန်းတိုင်း ကိရိယာတွေကို ဝယ်ယူ တပ်ဆင်ပြီးတော့လည်း ကာကွယ်မှုလုပ်နိုင်ပါတယ်။ QTemp ဟာ အရွယ်အစားသေးငယ်ပြီး ဘက်ထရီသွားတဲ့ စက်ကလေး ဖြစ်ပါတယ်။
သူက နေရောင်ခြည်ထဲက VU ပါဝင်နှုန်းကို တိုင်းပေးနိုင်ပါတယ်။ ဒါဆို UVများများပါတဲ့နေ့၊ အချိန်မှာ အပြင်မထွက် တာမျိုး၊ ကလေးတွေကို နေရောင်အောက်မှာ ဆော့ကစားခြင်းမပြုစေတာမျိုး ကြိုတင် ကာကွယ်နိုင်ပါတယ်။ QTemp ဟာ အိမ်ထဲမှာရော အပြင်မှာပါ သုံးနိုင်ပါတယ်။
Ref: www.wikhow.com